နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား Part-15

491 8 0
                                        

"မြေးငယ် ထမင်းစားတော့မလား
သားရောက်ကတည်းက အိပ်ပျော်နေတာဆိုတော့ ဆာနေလောက်ပြီ
ဒီနေ့မြေးပြန်လာမှာမို့ ဘွားက သားအကြိုက် ဟင်းတွေချက်ထားတာ

ဟုတ် စားမယ်လေ ဘွား

ဟုတ်ပြီ ဒါဆို ဘွားပြင်လိုက်ဦးမယ် မိငြိမ်းရေ
ကြီးမေနဲ့လိုက်ခဲ့ ထမင်းပွဲပြင်ဖို့

ဟုတ်ကဲ့ ကြီးမေ

သြော် ဒါနဲ့ မြေးငယ်

ဗျာ ဘိုးဘိုး

သားသူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီးပြီလား
သားပြန်ရောက်နေပြီဆိုတဲ့အကြောင်းကို

မဆက်ရသေးဘူး ဘိုး
သား မနက်ဖြန်မှ သူတို့အားလုံးကို သွားတွေ့မလို့

အေးအေး သားတို့လည်း စာမေးပွဲ ပြီးသွားကတည်းက မတွေ့ရတာကြာပြီ
သွားတွေ့လိုက်ဦး သူတို့လည်းကျူရှင်တွေတောင်တက်နေလောက်ပြီ ၉တန်းက ဘာသာရပ်အသစ်တွေပါလာပြီဆိုတော့ အခုကတည်းက စာတွေကြိုလုပ်ထားနေလောက်ပြီ

ဟုတ်တယ် ဘိုး
ညတို့က အစကတည်းက စာကြိုးစားတဲ့သူတွေဆိုတော့ ဒီနှစ် စာသင်နှစ်အတွက် ကြိုလုပ်နေပြီထင်တယ်

ကိုနေမင်း မြေးငယ်ကိုခေါ်လာခဲ့တော့

လာမြေးရေ သားအဘွားခေါ်နေပြီ

ဟုတ်ကဲ့ ဘိုးဘိုး "

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

"သားကြီး မင်းနော် ငါတို့ကိုအဆက်အသွယ်ဖြတ်သွားတာ

ဟုတ်တယ် မင်းက ငါတို့ကို ဖုန်းလေးတောင်မဆက်ဘူး

ဟုတ်ပါ့ ငါတို့မိန်းကလေးသူငယ်ချင်းတွေကိုမဆက်တာကထားပါ ခန့်ညားတို့ကိုတော့ ဆက်သင့်ပါတယ်

နင်တို့ကလည်း ဂုဏ့်မှာအကြောင်းကိစ္စလေးရှိချင်ရှိမှာပေါ့ ဂုဏ့်ကိုပဲဝိုင်းအပြစ်တင်နေကြတယ်
ကိုယ့်သူငယ်ချင်းလေး နေကောင်းလား မကောင်းဘူးလား ရန်ကုန်မှာ အဆင်ပြေရဲ့လား ဒါတွေကျတော့မမေးကြဘူး

ဟုတ်ကဲ့ပါ မယ်တော်ရယ်

နေလင်း မင်းအဆင်ပြေတယ်မလား

ဟားဟား အေးကွ ပြေပါတယ်

ဟင်းဟင်း.....နင်တို့တွေနော် ငါ့ကိုလာရွဲ့မနေနဲ့ အကောင်းပြောနေတာ

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Donde viven las historias. Descúbrelo ahora