Part-26

190 3 0
                                    

ခွင်း......
Happy birthday ပါ
လက်ဆောင်က ညနေမှပေးမယ်.......

မရဘူး အခုပေး........

မပေးဘူး ငါတို့က ညနေမှ မုန့်စားရမှာလေ......
အဲ့ကျမှ ပေးမယ် မုန့်စားရတာသေချာမှလက်ဆောင်ရမယ်.....

အရူးမ သူမစားရမှာစိုးလို့ ညစ်တာ

စိတ်မကောင်းပါဘူးကွယ်.......

ဟဟ ပဲရမယ်သမီးလေး....

မလိုချင်ပါဘူး........

နေလင်း ကျောင်းခေါင်းလောင်းမထိုးသေးဘူးဆိုတော့ စာကြည့်တိုက်ဘက်ခဏသွားရအောင်.....

အေးရတယ်
ည အရင်ဝင်နှင့်လိုက်....ငါခန့်ညားတို့နဲ့စာကြည့်တိုက်ဘက်ခဏလိုက်သွားလိုက်ဦးမယ်

အင်းရတယ် ဂုဏ်

အမလေးနော် ဘာလုပ်လုပ် သံတော်ဦးတင်နေတာ မပြီးနိုင်ဘူး
နင်တို့ရိုးကောရိုးရဲ့လား

စပ်စုစိန်မ နှင်းခက်

ဘာလဲ ငါထင်တာမှန်နေပြီမလား

စောင့်ကြည့်လေကွယ် အချိန်တန်သိရမှာပေါ့

အေးပါ ကြည့်နေမယ်

ဟားဟား "

**********************************************

"နေဂုဏ်ရေ... .နင်အချိန်ရမယ်ဆိုရင် ငါ့ကို ဒီဓာတုဗေဒEquationလေး ရှင်းပြပေးပါလားဟင်
ငါသိပ်နားမလည်ဘူးဖြစ်နေလို့......"

ခွင်း...ဇီဝဗေဒပုံတွေထိုင်ဆွဲနေတုန်း.....အတန်းထဲကကျောင်းသူတစ်ယောက်က ဂုဏ့်အား စာရှင်းပြပေးဖို့ အကူအညီတောင်းနေတာကို ကြားလိုက်ရတယ်
လက်ကပုံဆက်ဆွဲနေပေမယ့် နားက ဂုဏ်တို့ဘက်ကို နားစွင့်နေတယ်

"ရတယ်လေ ဘယ်Equationလဲ ခုနကဆရာမရှင်းပြသွားတဲ့Equationလား...."

ဂုဏ်ကအေးစက်တဲ့အသံနဲ့ စာမေးတဲ့ကျောင်းသူကို ခွန်းတုံ့ပြန်တယ်........ရုံးပတီသီးကို မတရားအရည်ညှစ်ချထားတဲ့အသံနဲ့ ချွဲနွဲ့ပြောနေတာက ခွင်းတို့အတန်းထဲက နေရည်ခွန်းခ.........

"အင်း ဟုတ်တယ် နေဂုဏ်
ငါသိပ်နားမလည်ဘူး....ဆရာမရှင်းပြတုန်းကနားလည်တယ်....အခုပြန်လုပ်ကြည့်တာ ရှုပ်ကုန်လို့....."

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now