" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-1✨🖤⚜️"ည......အဲ့တာဘယ်သွားမလို့လည်း.....
ဟီးဟီး ဟို ရေသွားသောက်မလို့........
ဆိုဖာမှာပဲထိုင်နေ....ကိုယ်သွားခပ်ပေးမယ်....
ဟင့်အင်း ရပါတယ် ညကိုယ်တိုင်သွားသောက်မယ်...
မရပါဘူး ညအခုမီးဖိုချောင်ကိုသွားမလို့လုပ်နေတာဘာကြောင့်လဲဆိုတာ ကိုယ်သိတယ်နော်"
သူ့ချစ်ဇနီးလေး...သူမသိအောင် သရက်သီးခိုးစားဖို့တွေးနေတာ....မနက်က ခြံထဲမှာ သရက်သီးတွေကြွေကျလို့ ကောက်ပြီး ရေခဲသတ္တာထဲထည့်သိမ်းထားတာကို တွေ့ပြီး စားဖို့ချောင်းနေတာ....ရိုးရိုးစားရင်သူကျွေးပါတယ်...အခုကငရုတ်သီးမှုန့်နဲ့စားဖို့လုပ်နေတာဆိုတော့ အလွတ်ပေးလို့မရပါ....
"ဟွန့် ညကစားချင်လို့ပါဆို.....
ညကအခုကိုယ်ဝန်ဆောင်ထားရတာလေဗျာ....သရက်သီးကိုငရုတ်သီးနဲ့တို့စားတော့....အထဲက ကလေးလေးအတွက်မကောင်းဘူးလေ
ချဥ်ခြင်းတက်နေတာကို မောင်ရယ်....ညလည်းဘယ်စားချင်ပါ့မလဲ....
ဒီအတိုင်း စားမယ်ဆိုရင် ကိုယ်လုပ်ပေးမယ်
ဟင့်အင်းမစားချင်ဘူး
မောင့်ဘာသာစား"မျက်နှာတော်ကညိုးသွားပြီ.....ချဥ်ခြင်းကလည်းတခြားအရာကိုတက်လို့ရတာပဲဟာ....တက်စရာရှားလို့သရက်သီးကိုမှငရုတ်သီးနဲ့စားချင်ရလား
"မေမေ.....မေမေရေ....
ဟိတ် မေမေ့ဆီပြေးမလာရဘူးလေ....မေမေက ကိုယ်ဝန်ဆောင်ထားရတာ.....ထိခိုက်မိလို့မဖြစ်ဘူး
ဟုတ် ဖေဖေ
မေမေ...."ယံယံ"က သားကို လိုက်စနေတယ်
သားမကြိုက်ပါဘူးဆိုမှဟုတ်လား သားငယ်
ဟီးဟီး သားက ကိုကြီးကိုချစ်လို့လိုက်စတာပါ
ညီလေးကသားကိုချစ်လို့လိုက်စတာတဲ့
သားက အငယ်လေးမွေးလာရင် သားထိန်းမှာလို့ပြောတာကို..."ယံယံ"က သူပဲထိန်းမှာတဲ့သားကိုပေးမထိန်းဘူးတဲ့
YOU ARE READING
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား