သူတို့နှစ်ယောက် စကားပြောရင်း စက်ဘီးနင်းလာတာ ဂုဏ်တို့လမ်းထဲတောင်ရောက်နေပြီ.............
"ဒါငါ့အိမ်ပဲည အဘိုးနဲ့အဘွားဆီမှာလာနေတာလေ"
"သြော် နေချင်စရာလေးပဲ......နင်တို့ခြံထဲမှာ ငါကြိုက်တဲ့ ဇွန်ပန်းတွေရော၊ခြောက်လခံပန်းတွေရော စိုက်ထားတာပဲ........အဘွားက ပန်းကြိုက်တဲ့သူဖြစ်မယ်ထင်တယ်.....ပန်းပင်တွေအစုံပဲ.......""ဟုတ်တယ် အဘိုးက အဘွားအကြိုက် ပန်းပင်တွေအများကြီးစိုက်ပေးထားတာလေ"
"So romantic "
"အဘိုးကြားရင် နင့်ကိုမုန့်ကျွေးလိမ့်မယ်ည"
"ဟဟ ငါကမုန့်စားချင်လို့ပြောရတာမဟုတ်ပါဘူးနော် "
"အေးပါဟ ငါသိပါတယ် "
"ဒါဆို ငါသွားတော့မယ် ဘိုင့်ဘိုင် ဂုဏ်ရေ"
"အင်း ဂရုစိုက်နော် ည"
"အင်း သွားပြီ ဂုဏ်"
ညဟာ သူ့ကိုပြုံးပြပြီး သူမစက်ဘီးလေးကိုနင်းကာ သူမတို့လမ်းဘက်ကိုကွေ့သွားတယ်။
သူခြံထဲဝင်လာတော့ အဘိုးက ခြံထဲမှာ ထိုင်ဖို့လုပ်ထားတဲ့စားပွဲဝိုင်းလေးဘက်မှာ စာထိုင်ဖတ်နေတာကို တွေ့လိုက်ရတယ် ။
"ငါ့မြေးတောင် ကျောင်းဆင်းလာပြီပဲ
ဘယ်လိုလဲ မြေး
ဒီနေ့ကျောင်းတက်ရတာ""ဟုတ်ကဲ့ အဆင်ပြေပါတယ် အဘိုး
သား ဒီနေ့သူငယ်ချင်းအသစ်တွေလည်းရခဲ့တယ်""ကောင်းတာပေါ့ ကျောင်းတက်တယ်ဆိုတာ ပညာသင်ဖို့တစ်ခုတည်းမဟုတ်ဘူး၊ လူမှုပေါင်းသင်းဆက်ဆံရေးဆိုတာလည်း သင်ယူရတယ်။တစ်ခြားသောသင်ယူစရာတွေလည်း အများကြီး ရှိပေမယ့် သူငယ်ချင်းအပေါင်းအသင်းဆိုတာလည်း လိုအပ်တယ်။"
"ဟုတ်ကဲ့ အဘိုး"
"ကဲကဲ သွားနားတော့ "
"ဟုတ်ကဲ့ အဘိုး"လင်း အဘိုးနဲ့စကားပြောပြီး အိမ်ထဲသို့ဝင်လာခဲ့တယ်။
"မြေးရေ အဝတ်အစားတွေ လဲပြီး အောက်ထပ်ကိုဆင်းလာခဲ့ နေ့လည်စာ စားမယ်
ဟုတ်ကဲ့ ဘွား"************ ******* ******** ******** ********* *****
"၅မိနစ်နောက်ကျတယ်နော်မြေး"
"သမီးသူငယ်ချင်းတစ်ယောက်နဲ့စကားပြောရင်း ပြန်လာတာမို့လို့ပါဘွား"
""အေးအေး ခဏနားပြီး ဆင်းလာခဲ့ မြေးကြိုက်တာလေးတွေချက်ထားတယ်"
BẠN ĐANG ĐỌC
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Lãng mạnမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား