~~~ ~~~
""ခွင်းရဲ့အော်သံကို ကြားသွားကြတဲ့ သူနာပြုဆရာမတွေက အဘွားကိုထားတဲ့ ပိုးသတ်ခန်းထဲကို ဝင်ရင်ဝတ်ရမယ့်အဝတ်အစားတောင်မလဲနိုင်တော့ဘူး
လက်သန့်ဆေးနဲ့ လက်ကိုဆေးပြီး Maskတပ်ကာ အဘွားကိုလာကြည့်ကြတယ်"""""လူနာရှင် အပြင်ထွက်ပေးပါ
အဘွား အဘွားက ဘာဖြစ်တာလဲဆရာမ
ခဏနေသိရပါမယ်နော် အခုတော့ အပြင်ထွက်ပေးပါရှင့်""
""အခုမှ ခွဲစိတ်ပြီးခါစပဲရှိသေးတာ
အဘွားရဲ့အခြေအနေကဘယ်လိုဖြစ်တာပါလိမ့်
သမီး စိတ်ပူလိုက်တာဘွားရယ်
ဘွား ဘာမှမဖြစ်ပါစေနဲ့ """ဆရာမ တာဝန်ကျဆရာဝန်ကိုသွားခေါ်ပေးပါ
လူနာရဲ့အခြေအနေက အရမ်းစိုးရိမ်ရတယ်ဟုတ်ကဲ့ ""
အဘွားရဲ့အခန်းထဲကနေ သူနာပြုဆရာမတစ်ယောက်ထွက်လာပြီး ပြေးသွားတာကိုတွေ့လိုက်ရတယ်
ခဏအကြာမှာ ထိုဆရာမနဲ့အတူ အဘွားကိုခွဲစိတ်ပေးတဲ့ တာဝန်ကျဆရာဝန်ပါလာတယ်ခွင်းကတော့ အပြင်ကနေပဲ အဘွားရဲ့အခြေအနေကိုစောင့်ကြည့်နေရတယ်
""သမီး မေမေကြီးက ဘာဖြစ်လို့လဲ
သမီးပြန်မလာသေးလို့ တီခိုင်လိုက်လာတာအဘွားကရုတ်တရက် နှလုံးခုန်နှုန်းကပုံမှန်မဟုတ်တော့ဘူးတီခိုင်
အခုမှ ခွဲစိတ်ပြီးခါစပဲရှိသေးတာ အဘွားပုံစံက အမောဖောက်တဲ့လက္ခဏာလိုပဲဖြစ်လာတာ
သမီး အရမ်းစိုးရိမ်တာပဲတီခိုင်ရယ် အဘွားခွဲစိတ်မှုပြီးလို့စိတ်အေးနေရတာကို အခုထပ်ပြီးစိုးရိမ်နေရပြန်ပြီတီခိုင်တို့အားလုံးဆုတောင်းပေးနေတာပဲ
အမြန်ဆုံး သက်သာလာမှာပါ""" လူနာက နှလုံးခုန်နှုန်းအရမ်းနှေးလာပြီ
ဒေါက်တာ သွေးပေါင်တွေလည်းကျလာပြီ
CPRပေးဖို့က ခွဲစိတ်ပြီးခါစလူနာမို့ ပေးလို့မရဘူး
အရင်ဆုံး သွေးပေါင်ချိန်ကိုညီစေမယ့် ဆေးကို သွင်းပေးပါဟုတ်ကဲ့ဒေါက်တာ
ဒေါက်တာ ခွဲစိတ်မှု အဆင်ပြေရဲ့သားနဲ့ လူနာကဘာကြောင့်ဒီလိုဖြစ်ရတာလဲ
YOU ARE READING
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား