"ခွင်းအိမ်ပြန်ရောက်တော့......ဘွားဘွားက မာလကာပင်တွေနားကနေထွက်လာတာကိုတွေ့ရတယ်........
ဘွား မာလကာပင်နားမှာဘာလုပ်နေတာလဲ..........
မာလကာသီးတွေ သီးနေပြီလားသွားကြည့်တာ......
ငါ့မြေးလေးတောင် ကျောင်းကပြန်လာပြီပဲ.....မြန်မြန်အဝတ်အစားလဲ.....နေ့လည်စာစားကြမယ်.....၁နာရီကျူရှင်ပြန်သွားရဦးမှာမလား.......ဟုတ်တယ်ဘွား......."
ခွင်း အပေါ်ထပ်တက်မလို့ရှိသေး......
"ခွင်း....မြေးလေး
ရှင်ဘွားဘွား......
သမီးဆီက မြတ်လေးပန်းနံ့ရနေသလိုပဲ.......
ဟာ....ဟုတ်တယ် ဘွားရေ
ဂုဏ်က သူ့အိမ်ကနေ သမီးအတွက် မြတ်လေးပန်းတွေခူးလာပေးတာ.....ဘွားကိုပြပါဦး.....မြတ်လေးပန်းက အိမ်မှာ စိုက်မထားတော့ ဒီပန်းလေးကိုမတွေ့ရတာကြာပြီ
ဒီမှာ ဘွားဘွား
လှလိုက်တာ သားနေကိုရော ကျေးဇူးတင်ကြောင်း ပြောလိုက်ရဲ့လားမြေးငယ်.
ပြောလိုက်ပါတယ် ဘွားဘွား
အေးအေး.......ရော့ရော့ပြန်ယူတော့မြေးငယ်
ဟုတ် ဘွားဘွား
ဒါဆို သမီး အပေါ်ထပ်တက်တော့မယ်နော်
အေးအေး "
***********************************************
ဂုဏ် ပေးထားတဲ့ ပန်းလေးတွေကို ခွင်းမသုံးရက်လို့သိမ်းထားတဲ့စာအုပ်လှလှလေးကြားထဲမှာ ညှပ်ပြီး သိမ်းထားတယ်........ပန်းခြောက်အနေနဲ့ ပြန်ကြည့်လို့ရအောင်..........
ဂုဏ်က ခွင်းကြိုက်တဲ့ပန်းလေးကို မှတ်ထားတာပဲ......
"ည..............
ဟမ် ဘာပြောမလို့လဲ ဂုဏ်
ပြောမလို့မဟုတ်ဘူး ည စာကျက်ရင်းနဲ့ ငြိမ်သွားလို့ ခေါ်လိုက်တာ ဘာတွေးမိသွားလို့လဲ.............."
ခွင်းကို မေးခွန်းထုတ်လာတဲ့ဂုဏ်ဟာ နံ့သာရောင် ရှပ်လက်တိုနှင့် ပုဆိုးတို့ကိုဝတ်ဆင်ထားပြီး.....ဆံပင်ကို ဂျယ်နှင့် တစ်ဖက်ကိုလှန်တင်ထားတာကြောင့် တစ်နေကုန် ထိုင်ငေးချင်စရာပါပဲ.......တစ်နေ့တစ်ခြား နင်တော်တော်ကြည့်ကောင်းလာတာပဲဂုဏ်.......
YOU ARE READING
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား