နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-47""ကဲ ကဲ အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ရဲ့ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ မဆုံတာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေကို ပြန်လည်တွေ့ခဲ့ရလို့ဝမ်းသာမိပါတယ်
ကျွန်တော်တို့ဟာ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးချိန်မှစ၍ ကိုယ်စီ ဝါသနာပါရာဘဝတက်လမ်းအတွက် ကြိုးစားကြရင်း အရင်လိုတစ်တန်းတည်းအတူမရှိနိုင်ကြတော့ပါဘူး
အကြောင်းတိုက်ဆိုင်လို့ဆုံတွေ့ခဲ့ရင်တောင် ဆိုင်ရာတာဝန်ဝတ္တရားတွေကြောင့် ခဏတာပဲတွေ့ဆုံကြရပါတယ်
ကျွန်တော်တို့အားလုံးပြန်ဆုံတွေ့ခွင့်ရနိုင်တာက ဒီလိုပွဲမျိုးမှာပဲ ပြန်တွေ့နိုင်တာပါ
မအားလပ်တဲ့ကြားကနေ ဒီပွဲလေးကို အချိန်ပေးလာရောက်ပေးတဲ့အတွက် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ
ဆက်လက်ပြီးပြောချင်တာကတော့ ဒီပွဲမှာ မဆုံတာကြာပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့အတန်းဖော်နှစ်ယောက်ရှိပါတယ်
သူတို့ကတော့ နေဂုဏ်ရှိန်လင်းနဲ့ညသံသရာခွင်းပါ
ကျွန်တော်တို့ကျောင်းသားဟောင်းတွေ့ဆုံပွဲလုပ်တိုင်း ဒီနှစ်ယောက်ကိုမတွေ့ရပါဘူး""စင်ပေါ်မှာ သူတို့Aတန်းထဲက သန့်ညီစကားပြောနေတုန်း ဝိုင်းတစ်ခုမှ သူငယ်ချင်းတစ်ယောက်က
""အမှတ်တရအနေနဲ့ နေဂုဏ့်ကို သီချင်းဆိုခိုင်းရင်မကောင်းဘူးလားထောက်ခံတယ် နေဂုဏ် မင်းကြုံတုန်းလေး လက်စွမ်းပြသွားပါဦးကွ
ဟေ့ရောင်တွေ ငါအသံမကောင်းဘူးနော်
နေလင်း မင်းအသံကောင်းတာငါတို့သိတယ်
သွားဆိုလိုက်
မင်းပွဲထဲရောက်ကတည်းက မျက်နှာမကောင်းတာ
ငါရိပ်မိတယ် ရင်ထဲပွင့်သွားအောင် သီချင်းသွားဆိုလိုက်
သွား ဟေ့ရောင်ဟုတ်တယ် ခန့်ညားပြောတာမှန်တယ် သွားဆိုလိုက် ငါတို့မင်းသီချင်းဆိုတာနားမထောင်ရတာကြာပြီ""
သွင်ထက်နဲ့ခန့်ညားပါတိုက်တွန်းလာတာမို့ သူစင်ပေါ်ကိုရောက်လာခဲ့တယ်
အစိမ်းနုရောင် လက်ရှည် ရှပ်အကျီနဲ့ စိမ်းပုတ်ရောင်ပုဆိုးကိုတွဲဝတ်ထားပြီး ဆံပင်ကိုသပ်ရပ်စွာပုံသွင်းထားတဲ့မောင်ဟာ ခန့်ညားလွန်းပါတယ်
စင်ပေါ်ရောက်လာပြီး ဂစ်တာကိုကိုင်လိုက်တဲ့မောင်ဟာ သီချင်းဆိုဖို့စပြင်ဆင်နေပါပြီ
YOU ARE READING
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား