နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-63"တီး...တီး..တီး....
နှင်းခက် ဟိုကောင်တွေရောက်နေပြီ
အေးအေး
ကဲ Ladyတို့ပြင်ဆင်လို့ပြီးပြီလား....
ကိုယ့်ခက်လေးက နတ်ပန်းခက်လေးအတိုင်းပဲ....လှရက်လိုက်တာခက်ရယ်
နှာဗူး....
အေးမငျးတျို့ပွောထားနှငျ့ဦးပေါ့...အပေါ်ထပ်လှေကားကနေ ဆင်းလာမယ့် ခွင်းနဲ့သမုကိုမြင်မှ ပါးစပ်အဟောင်းသားတွေနဲ့ငမ်းမနေကြနဲ့
ဘာဖြစ်လဲ ငမ်းတော့...ငါ့ချစ်သူငါငမ်းတာ....
အေးလေ...ဒင်းကနာချင်နေတာ
ဟာမင်းတို့နှစ်ကောင်ကတော့...ငါ့ကိုဝိုင်းကိုက်နေကြတာ
ကိုက်ရအောင် ငါတို့ကခွေးမဟုတ်ဘူး...
ငါမပြောဘူးနော် မင်းတို့ဘာသာတွေးလိုက်တာ
မင်း.......
မောင်....."
သုံးကောင်သားသတ်မလို့ပဲရှိသေးတယ်....ညရဲ့ခေါ်သံကြောင့် လှည့်ကြည့်မိတော့
"တွေ့လား ငါမပြောဘူးလား ဒီကောင် ပါးစပ်အဟောင်းသားနဲ့နင့်ကိုငေးနေတာ
ငေးနေတာတော်လောက်ပြီ နေလင်း ငါ့သူငယ်ချင်း အသားတွေပဲ့ပါသွားဦးမယ်
အကြည့်တွေလျှော့ဦးသမု နင်အရမ်းလှတယ်....သိလား
အင်း ငါသိတယ်..."
သမုပြောလိုက်သည့်စကားကြောင့် သူ့မှာ စကားဆက်မရတော့ပဲ အင်တင်တင်ဖြစ်သွားရတယ်"ညက ဂါဝန်လေးနဲ့အရမ်းလိုက်တာပဲ...နောက်လည်းအဲ့လိုဝတ်ပါလားဟင်...ကိုယ့်မျက်စိထဲတစ်ကယ်လှနေလို့
ညီအစ်မတွေ ဖြစ်သွားအောင် မင်းပါဝတ်လိုက်ပါလားနေလင်း
မင်းဝတ်လိုက်လေ...လဒရဲ့
မင်းကမှ လဒအစစ်လေ
ကဲတော်ပြီ ဘုန်း ဒီနေ့ဘယ်လိုဖြစ်နေတာလဲ...နေလင်းတို့နဲ့စကားအပေါက်အလမ်းကိုမတည့်ဘူး
ကိုယ် ဒီကောင်တွေကိုသိပ်ကြည့်မရလို့
မင်းကြည့်မရအောင် ငါတို့မင်းကိုဘာမှမလုပ်ဘူး
မင်းဘာ့သာဖြစ်နေတာ...မသိရင်ငါတို့ကိုအူတိုနေတဲ့အတိုင်းပဲ...

ESTÁS LEYENDO
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား