နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-59ညကို သူ့နောက်မှာ ရပ်ခိုင်းထားပြီး သူ့ဆီပြေးလာသည့် ဇော်ကြီးအား အရှိန်ပြင်းစွာ စောင့်ကန်ချလိုက်သည်
သူ့ရဲ့ကန်ချက်ကြောင့် နောက်ပြန်လဲကျကာ တော်တော်နှင့်မထနိုင်ဘဲဖြစ်ရသည်......
ဇော်ကြီးလဲကျသွားတာကိုမြင်သည့် နောက်ပါခွေးတွေက တစ်ယောက်ပြီးတစ်ယောက် သူ့ဆီပြေးလာကာ တိုက်ခိုက်လေသည်
သံတုတ်တွေနဲ့တိုက်နေတာကြောင့် သတိထားကာရှောင်နေရသည်....သူလဲကျသွားလို့မဖြစ်ဘူး
မဟုတ်ရင် ညကိုထိခိုက်စေလိမ့်မည်"ဒိုင်း.......ဒိုင်း....."
"မောင့် သတိထား ""
"လက်ထဲကဘာလဲဆိုတာသိတယ်မဟုတ်လား
မျက်စိတမှိတ်အတွင်းမှာပဲ ရှင်နဲ့ရှင့်ချစ်သူရဲ့အသက်ဇီဝိန်ကို ခြွေသွားလို့ရတယ်နော်......ရှင့်လက်ထဲကတုတ်ကိုချထားလိုက်....နေဂုဏ်ရှိန်လင်း
မဟုတ်ရင် ကျွန်မလက်ထဲကသေနတ်ရဲ့ကျည်ဆန်က ရှင့်နောက်မှာရပ်နေတဲ့ ညသံသရာခွင်းရဲ့ခေါင်းထဲကို ရောက်သွားလိမ့်မယ်......ခွမ်း.....ခွမ်း......"(သံတုတ်ပြုတ်ကျသံ)
"သည်လိုမှပေါ့....ညသံသရာခွင်း နင်ကဒီဘဝမှာတော့အရမ်းကံကောင်းတာပဲနော်
နင့်ကိုလုံးဝအထိခိုက်မခံတဲ့ချစ်သူကိုပိုင်ဆိုင်ထားရတာ.....ဒါပေမယ့် စိတ်မကောင်းဘူး ဘာလို့ဆို နင်တို့ကို ဒီဘဝမှာ ပေါင်းစည်းခွင့်မပေးနိုင်လို့ပဲ........
နင့်ချစ်သူလက်ချက်ကြောင့် ငါ့လူတွေအားလုံး ဒဏ်ရာကိုယ်စီနဲ့မထနိုင်တော့ဘူး
အဲ့တော့ နင့်ကိုဖျက်စီးလို့မရတော့ဘူး
ဒီတော့ ငါကပဲ နင့်ကိုသတ်ရတော့မှာပေါ့......""နေဦး အားလုံး သေနတ်သံကြားလိုက်တယ်နော်
ဒီအသံက အဆောက်အဦးရဲ့အပေါ်ဆုံးထပ်ကလာတာဖြစ်နိုင်တယ်......
အားလုံး ခြေသံလုံလုံနဲ့ငါ့နောက်ကလိုက်ခဲ့.....ဟုတ်ကဲ့ စခန်းမှူး "
"မေသက်လွင် မင်း ညကိုသတ်လိုက်တော့ရော မင်းအတွက် ဘာရမှာမို့လို့လဲ.......
ပျော်ရွှင်မှုလေ......
ညသံသရာခွင်း သေသွားရင် အားလုံး ပြီးပြီလေ
သူသာသေသွားရင် ရှင့်အတွက် ပျော်ရွှင်မှုဆိုတာလည်းမရှိတော့ဘူး...ရှင့်ဘဝသေသွားမှာလေ....ရှင့်ရဲ့အသိစိတ်က ညသံသရာခွင်းပဲမဟုတ်လား...သူသာမရှိတော့ရင် ရှင်ဟာအသိမဲ့တဲ့လူတစ်ယောက် ဘဝကိုအရှုံးပေးလိုက်တဲ့လူတစ်ယောက်ဖြစ်သွားမှာလေ....
ရှင်အဲ့လိုဖြစ်နေရင် ရှင့်မိဘတွေစိတ်ဆင်းရဲရမယ်...စိတ်ထိခိုက်ရမယ်....မိသားစုဝင်ရဲ့အဖြစ်ကြောင့် ရှင်တို့လုပ်ငန်းတွေထိခိုက်လာမယ်.....နောက်ဆုံး ရှင်တို့အားလုံးပျက်စီးသွားမှာလေ.....
ဒါကျွန်မလိုချင်တဲ့အရာပဲ.......

KAMU SEDANG MEMBACA
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romansaမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား