~~~~~~~~~~
"" ကိုယ့်ကို မင်းအခုတလောရှောင်နေတာဘာသဘောလဲ လွင်
လွင်စိတ်ရှုပ်နေလို့
ဒါပေမယ့် ကိုယ့်ကိုပြောပြထားသင့်တယ်လေ လွင့်ကိုကိုယ်သိပ်ချစ်တာ လွင့်အကြောင်း စက္ကန့် မပျက်သိချင်တာ ""
ခန့်နောင်ရှင်းစကားကြောင့် သူမ ပြုံးရယ်လိုက်မိတယ်
ဘယ်လောက်တောင် ရယ်ရတဲ့သူမအဖြစ်ပါလိမ့်
အသည်းနင့်အောင်ချစ်မိတဲ့ယောကျ်ားရဲ့ရက်စက်စွာ ပစ်ပယ်ထားမှုကို တပွေ့တပိုက်ကြီးရရှိထားပြီး သူမကိုမှအသည်းနင့်အောင်ချစ်မိနေတဲ့သူ့ကိုကြည့်ရင်း ကိုယ့်ကိုကိုယ် ပြန်မြင်နေရသလိုပဲ.........
ကိုနေ့ဆီကမရတဲ့ဂရုစိုက်မှုတွေကို ရှင့်ဆီကယူမိလို့ တောင်းပန်ပါတယ် ခန့်နောင် အမှတ်သည်းညာမရှိတဲ့ကျွန်မနှလုံးသားက သူ့ကိုမှ ချစ်မိလေတော့ သူ့အချစ်ကိုမှတောင့်တလိုလားနေတော့ သူ့ကိုမှမပိုင်ဆိုင်ရရင်
ကျွန်မ ရူးသွားလိမ့်မယ်
ကျွန်မ ရှင့်ကို သံယောဇဉ် ရှိပါတယ် ဒါပေမယ့် မချစ်နိုင်ဘူး ခန့်နောင်တစ်ခါတလေမှာ လူတွေဟာ ရတာမလို လိုတာမရ ဖြစ်တတ်ကြတာသဘာဝပဲမဟုတ်ပါလား
သူမရဲ့ကံတရားက ဆိုးရွားလွန်းပါတယ် စည်းစိမ် ချမ်းသာ အားလုံး ပြည့်စုံနေပေမယ့် သူမလိုချင်တဲ့သူ့ရဲ့အချစ်ကိုတော့ပိုင်ဆိုင်ခွင့်မရခဲ့ဘူးလေ~~~~~~~~~~~~~~~~
တီခိုင်နှင့်ထိရာကို ဝိုင်းတစ်ခုမှာ နေ့လည်စာ စားနှင့်ခိုင်းထားပြီး ခွင်းရယ်ထဝီရယ်က နိုင်ငံခြားသားတစ်ဦးနှင့်သူ့ဘေးက လူရွယ်ရယ်နဲ့ ဝိုင်းတစ်ခုမှာ ထိုင်ကာ နေ့လည်စာစားရင်း စကားစမြည်ပြောဆိုကြတယ်
""I haven't said my name yet,
အခုထိ ငါ့နာမည်မပြောရသေးဘူးနော်Mr. Elleson Crame, what's your name?
မစ္စတာ အယ်လီဆွန် ခရေမီပါ
မင်းတို့နာမည်တွေကရောI am Nya ThanThaya Khoin, I am Khon Myya PhatHtetWi.
ကျွန်မက ညသံသရာခွင်းပါ
ကျွန်မက ခွန်မိုင်ရာဖတ်ထဝီပါYour names are beautiful
မင်းတို့နာမည်လေးတွေကလှသားပဲThank you for the compliment
ချီးကျူးစကားအတွက်ကျေးဇူးတင်ပါတယ်
YOU ARE READING
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား