" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-6✨🖤⚜️Grand Hantha Hospital 🏥
" လူနာရှင် အပြင်ကနေပဲ စောင့်နေပေးပါ အထဲဝင်လို့မရပါဘူးရှင့်
ကျွန်တော့်ဇနီးကို အကောင်းဆုံးဂရုစိုက်ပေးပါ
စိတ်ချပါရှင်....."
Operation Room ရှေ့မှာ ဂုဏ် "ည"အတွက် စိတ်ပူစွာစောင့်ရင်း အင်္ဂုလိမာလသုတ်အား ရွတ်ဆိုကာ "ည" အန္တရာယ်ကင်းစွာမွေးဖွားနိုင်ပါစေဟု ဆုတောင်းနေမိသည်
မကြာခင်မှာပင် မေမေတို့လည်း သူ့အား ဖုန်းဆက်လာခဲ့သည်" ဟဲလို မေမေ
သား သမီးအခု မွေးခန်းထဲမှာလား
ဟုတ်တယ် မေမေ
ဟုတ်ပြီ ဒါဆို မေမေတို့လာခဲ့မယ် သား
ဟုတ်ကဲ့ "
" အစ်ကိုလေး အေးကြည် မေမေကြီးတို့ကို သွားခေါ်လိုက်ရမလား
အေး ကောင်းတယ် အခု မေမေတို့က မြေညီထပ်မှာ နင်သွားခေါ်လာခဲ့လိုက်
ဟုတ်ကဲ့ အစ်ကိုလေး "
"တပည့်တော်ရဲ့ဇနီး ရင်သွေးလေးကို အသက်အန္တရာယ်ကင်းစွာဖြင့် မွေးဖွားနိုင်ပါစေသားအရှင်ဘုရား🙏 "
ခဏအကြာ အေးကြည်နှင့်အတူ ဖေဖေနှင့်မေမေ ပါလာခဲ့သည်
" သားငယ် သမီးအခြေအနေရော
မသိရသေးဘူး ဖေဖေ တံခါးပွင့်မလာသေးဘူး
သမီး အဆင်ပြေစွာ မွေးဖွားနိုင်မှာပါ သား အရမ်းမစိုးရိမ်ပါနဲ့ သားဦးကိုယ်ဝန်မဟုတ်တော့ သမီး မွေးရလွယ်မှာပါ
မြေးလေးတွေကိုလည်း ဖုန်းဆက်ပြီးပြီလား သားငယ်
ဟာ ဟုတ်တယ် မေမေ သား မဆက်ရသေးဘူး "ည"ကို စိုးရိမ်နေတာနဲ့ မေ့နေတာ
ဆက်လိုက်ဦး ဆက်လိုက်ဦး
ဟုတ်ကဲ့...."
" ဟဲလို သားနေ
ဖေဖေ့ မေမေရောဟင် အငယ်လေးကိုမွေးပြီးပြီလားဟင်မေမေက အခု မွေးခန်းထဲမှာပဲရှိသေးတယ် ဖေဖေတို့ မေမေနဲ့အငယ်လေးကို မတွေ့ရသေးဘူး
YOU ARE READING
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား