Part-30

241 6 0
                                    

"ခဏကြာတော့ ဂုဏ်ပြန်ရောက်လာတယ်....မျက်နှာကလည်းပြုံးနေတာပဲ....အဘွားက ခွင်းကိုဂုဏ်နဲ့အပြင်လိုက်သွားဖို့ခွင့်ပြုလိုက်ပုံရတယ်.........."

"ဘယ်လိုလဲ ဂုဏ် ခွင့်ပြုချက်ရခဲ့လား......."

"အင်း.....ရခဲ့တယ် ဘွားက စိတ်ပူနေတာ အသေအချာကိုပြောခဲ့ရတယ်.....သမုတို့သွင်ထက်တို့လည်းပါတယ်ဆိုတော့ ဘွားက ခွင့်ပြုပေးလိုက်တာ......."

"ဟင်.....သူတို့ရောလားဂုဏ်....."

"အင်း.....သူငယ်ချင်းတွေအေးဆေးမဆုံရတာလည်းကြာပြီဆိုတော့.....အခုလိုစီစဥ်လိုက်တာ.......ကျောင်းရယ်ကျူရှင်ရယ်နဲ့ မအားကြဘူးမလား..... အခုလိုပိတ်ရက်မှာ တွေ့လို့ရအောင်.....လုပ်လိုက်တာ.... "

"အင်း ကောင်းပါတယ် ဒါနဲ့ နေရာကဘယ်နေရာကိုရွေးထားတာလဲ....."

"ဘိုးဘိုးရဲ့နှင်းဆီပန်းခြံကြီးထဲမှာ....ပြင်ထားတာ စားဖို့သောက်ဖို့ရော နေရာထိုင်ခင်းပါ အားလုံး ပြင်ဆင်ထားပြီးသား ည...."

"ဝါး....နှင်းဆီခြံကြီးထဲမှာဆိုတော့ ပန်းနံ့လေးတွေသင်းနေမှာပဲ....."

"ညသဘောကျနေပြီမလား...."

"အင်း ဂုဏ် စိတ်ကူးကောင်းသားပဲ"

"ဒါဆို ညအဝတ်အစားလဲဦးမလား...အခုပဲ၂နာရီ ခွဲနေပြီဆိုတော့ "

"မလဲတော့ဘူး...အခုငါဝတ်ထားတာလည်းအဆင်ပြေတယ်မလားဂုဏ်"

"ပြေတာပေါ့ ညကဘယ်လိုဝတ်ဝတ်လှပြီးသားပဲဟာ"

"မြှောက်မပြောနဲ့ဂုဏ်"

"တစ်ကယ်ပြောတာ "

"ဒါဆို သွားမယ်လေ ဘွားကိုလှမ်းပြောရဦးမယ်.....
ဘွားဘွားရေ သမီး ဂုဏ်နဲ့အပြင်ခဏလိုက်သွားလိုက်ဦးမယ်နော်....."

"အေးအေး ကိုယ့်ကိုကိုယ် ဂရုစိုက်နော် မြေးငယ်
သားနေလည်း သူငယ်ချင်းကိုဂရုစိုက်နော်...."

"ဟုတ်ကဲ့ပါ ဘွားဘွား သားဂရုစိုက်ပါ့မယ်....."

"လာည....စက်ဘီးနောက်မှာသေချာထိုင်နော်.....နောက်ပြီး ငါ့ခါးကိုဖတ်ထား...."

"အင်း.......ဖြည်းဖြည်းနင်းနော်ဂုဏ်...."

"အင်း...ည"

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Where stories live. Discover now