Part-34 ပထမပိုင်း

562 3 0
                                        

သည်လိုနဲ့ သူတို့သူငယ်ချင်းတွေအားလုံး....နဝမတန်းစာမေးပွဲကို အောင်မြင်စွာ ဖြေဆိုခဲ့ပြီး မတ်လတစ်ရက်နေ့ကနေ တက္ကသိုလ်ဝင်တန်းအတွက် နဝမတန်းတုန်းက တက်ခဲ့တဲ့"ပညာရင်သွေး"ကျူရှင်မှာပဲ ဆက်တက်ဖြစ်ခဲ့ကြတယ်...........။
ဆယ်တန်းစာတွေက နဝမတန်းအခြေခံကျေညက်ရင် သေချာပေါက် လိုက်နိုင်မယ့်စာတွေပါပဲ......အထူးသဖြင့် Physics,Chemistry အဲ့ဘာသာရပ်နှစ်ခုပေါ့.......
အခုမှ စပြီး ဆယ်တန်းအတွက် ဘာသာရပ်တွေကိုစလေ့လာသင်ယူရတာမို့ အရမ်းကြီးကိုယ့်ကိုကိုယ်အခုကတည်းက ဖိအားမပေးဘဲ ပုံမှန်သာစာကျက်သွားတယ်.........သူတို့အဖွဲ့အခု အများဆုံးကျက်ဖြစ်နေတာကတော့ မြန်မာစာခက်ဆစ်တွေပါပဲ.....မြန်မာစကားပြေ....ကဗျာလက်ရွေးစင်....ရေသည်ပြဇာတ်မှခက်ဆစ်များကို တစ်နေ့အလုံးနှစ်ဆယ်ကျက်ကျက်သွားပြီး စာအုပ်မှာ ချရေးတယ်....ချရေးရတဲ့အကြောင်းရင်းက စာလုံးပေါင်းသတ်ပုံမမှားစေဖို့ပဲ.....နောက်ပြီး ကဗျာတွေကို နားလည်သဘောပေါက်အောင်ဖတ်တယ်...စကားပြေပြန်ထားတဲ့ ဆရာကြီးတွေရဲ့စာအုပ်တွေကိုဝယ်ပြီး ပြန်လေ့လာကာ ကိုယ်ပိုင်အတွေးနဲ့ စကားပြေပြန်ရေးတယ်.......
အဋ္ဌမတန်းတုန်းက မြန်မာစာသင်ပေးတဲ့ ဆရာမဒေါ်မေဝင်းကြည်က အမြဲမှာလေ့ရှိတဲ့စကားတစ်ခုရှိတယ်......."ကဗျာတွေကို စကားပြေပြန်တော့မယ်ဆိုရင် ဆရာမတွေပြောပြတဲ့ ရေးပြတဲ့စကားပြေတွေကို နှုတ်တိုက်အလွတ်မကျက်ကြပါနဲ့.....ကဗျာဆိုတာကျက်ဖို့မဟုတ်ဘူး....စကားပြေပြန်ထားတာကို စာမေးပွဲမှာ အမှတ်ပြည့်ရဖို့တစ်ခုတည်းနဲ့အလွတ်မကျကြပါနဲ့ ......ကဗျာစာကြောင်းတစ်ခုချင်းစီကို မိမိနားလည်သလို ဖတ်ပါ....ပြီးရင် စာအုပ်မှာ ကိုယ်ရေးတတ်သလို ချရေးပါ...ကဗျာတစ်ပုဒ်လုံးကို မိမိအတွေးနဲ့စကားပြေရေးပြီးပြီဆိုရင် တစ်ပုဒ်လုံးကို ပြန်ဖတ်ပါ.....လိုအပ်ချက်တွေကိုပြင်ဆင်ပြီး အချောပြန်ရေးပါ.....မိမိဘာ့သာစကားပြေပြန်ရေးခြင်းသည် ခက်ခဲမှုရှိနိုင်ပေမယ့် ရေးပါများတဲ့အခါ အချိန်ခဏလေးအတွင်းမှာပဲ စကားပြေပြန်တတ်သွားပါလိမ့်မယ် "တဲ့...........
ဆရာမ ပြောတာသိပ်မှန်သည်......အခုဆယ်တန်းမှာ ကဗျာတွေကို စကားပြေပြန်ရေးတာ သူတို့အတွက် မခက်ခဲတော့ဘူး.....ကဗျာရဲ့ဆိုလိုရင်းအနှစ်သာရကိုနားလည်တဲ့အပြင် စဥ်းစားတွေးခေါ်မှုအပိုင်းပါ တိုးတက်လာစေတယ်.......

နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜Место, где живут истории. Откройте их для себя