" နောင်တတို့ပါဝင်နေသော ချစ်ခြင်းတရား"
Extra Part-8✨🖤⚜️ကလင် ကလင် ကလင် ☎️
" ဟဲလို ခွင်း....ငါပါဟ သမု
အေး နေရောကောင်းကြရဲ့လား သွင်ထက်နဲ့နင်လည်း နေနိုင်လိုက်တာနော် ဖုန်းလေးတောင် ဆက်ဖော်မရဘူး
မင်္ဂလာပွဲပြီးကတည်းက မတွေ့ဖြစ်လိုက်တာ အခုထိပဲ
ကလေးရော ယူနေပြီလားအမလေး အစ်မရယ် မေးခွန်းတွေများလိုက်တာ ကျွန်မ ဘယ်ကနေစဖြေပေးရမလဲရှင် ပြောပါဦး
အဟွန်း ပထမမေးခွန်းကစဖြေဟာ
ဖုန်းမဆက်ဖြစ်တာက တာဝန်ချိန်တွေ တအားများနေတာမို့ပါဟယ်
ကိုထက်နဲ့တောင် မျက်နှာချင်းဆိုင်ဖို့ အချိန်ကသိပ်မရှိဘူး
အခုကျမှ ငါတို့လည်း နားရက်တွေရတာ
ကလေးကတော့ ယူဖို့ အစီအစဉ်ရှိတယ် မရှိတာက ကလေးယူဖို့အချိန်မရှိတာ သူရောငါရော ဆရာဝန်တွေဆိုတော့ ငါတို့ကို နင် စဉ်းစားသာကြည့်တော့ဟယ်အဟွန်း အဲ့တာလည်း ဟုတ်ပါတယ်
ဘာပဲဖြစ်ဖြစ် အရွယ်မလွန်ခင်တော့ ကလေးယူထားကြဟာအင်း ငါလည်းအဲ့လိုတော့ တွေးထားပါတယ်
ကိုထက်က ကလေးရူး ရူးနေတာလေ
နေလင်း သူ့ဆီ Viberကနေ Treasure လေးပုံတွေပို့ရင် သူ့မှာ အားတွေကျပြီး ငါ့ကို လာလာနားညည်းနေတာဟာ
သမီးလေး လိုချင်တာတဲ့အေအဟွန်း ဂုဏ့်အတိုင်းပဲ သူတို့သူငယ်ချင်းတွေက တစ်ပုံစံတည်းတွေ သိလား
သမီးရူး ရူးတာကတော့ မနိုင်ဘူးဟေ့အဟွန်း ဟုတ်ပါ့ဟယ်
အေး ဒါနဲ့ ဒီသီတင်းကျွတ်ကို နင်တို့တွေ ရန်ကုန်လာခဲ့ကြပါလား
ငါတို့သူငယ်ချင်းတွေဆုံရအောင်လေဟာအေး နားရက်တွေကြည့်ပြီး ကိုထက်နဲ့တိုင်ပင်ပြီး လာခဲ့မယ်လေ ငါတို့လည်း သူငယ်ချင်းတွေဆုံချင်နေတာ
ဟဲ့ ဒါနဲ့ သီတင်းကျွတ်ဆုံမယ်သာ ငါတို့ပြောနေတာ သီတင်းက ကျွတ်ပြီးတာဖြင့်ကြာလို့ ဟားဟား😆
ဟုတ်ပါ့ ဒါမယ့်လည်း အမှန်ပဲလေဟယ် ငါတို့တွေဆုံမှာက သီတင်းကျွတ်ပြီးပြီပဲဟာ
![](https://img.wattpad.com/cover/335714949-288-k571070.jpg)
YOU ARE READING
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား