နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား
Part-55"အခု အဘွားတို့ရွာမှာ မိုးခေါင်ရေရှားမှုဖြစ်နေတယ်....မိုးခေါင်တဲ့အတွက် အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေစိုက်ပျိုးလို့မရဘူး...အဘွားတို့ရွာမှာ အရင်စုဆောင်းထားတဲ့ရိက္ခာတွေနဲ့အသက်ဆက်နေရတယ်....မိန်းကလေးက အဘွားတို့ရွာအတွက် မိုးခေါင်မှုကိုကယ်တင်ပေးနိုင်မယ့်သူတစ်ယောက်ပဲ......
ရှင် သမီးကလားအဘွား
ဟုတ်တယ် မိန်းကလေးက မိုးခေါင်မှုကိုရပ်တန့်ပေးနိုင်တဲ့သူတစ်ယောက်မို့ ဒီအကူအညီကိုတောင်းခံတာပါ
သမီးက ဘယ်လိုကူညီပေးရမှာလဲအဘွား
အဲ့အတွက် အစီအရင်တွေရှိပါတယ်...မိန်းကလေးက အဘွားတို့ရွာအတွက် အစီအရင်လုပ်တဲ့နေရာမှာ ရှိနေပေးရမှာပါ....နောက်ပြီး မိန်းကလေးရဲ့သွေးကိုလိုအပ်တယ်
ရှင်
အစီအရင်မှာ ဖြူစင်ပြီးသန့်ရှင်းတဲ့မိန်းကလေးတစ်ယောက်ရဲ့သွေးကအဓိကပဲမိန်းကလေး
ဟုတ်ကဲ့ သမီး ကူညီပေးနိုင်ပါတယ်
ဒါဆို မနက်ဖြန်ညနေပိုင်းမှာ အစီအရင်ကိုစတင်မယ်မိန်းကလေး
ဟုတ်ကဲ့ အဘွား
မိပန်နဲ့အနွန်
ဟုတ်ကဲ့ မိုင်ပွန်
မနက်ဖြန် ညနေပိုင်းမှာ အစီအရင်ကိုစတင်မှာမို့ လိုအပ်တာတွေကို ပြင်ဆင်ထားတော့
ဟုတ်ကဲ့ မိုင်ပွန်....."
"ည ညတစ်ကယ်သဘောတူလိုက်တာလား
ဟုတ်တယ် အဘွားတို့က ကျွန်မတို့အသက်မသေအောင်ကူညီပေးထားတာလေ
သူတို့ပြန်ပြီးအကူအညီလိုအပ်ချိန်မှာ ကူညီပေးရမှာပေါ့ဒါပေမယ့် ကိုယ် စိတ်ပူတယ်
စိတ်မပူပါနဲ့ အန္တရာယ်မရှိပါဘူး
ရှင့်ကိုရှင်သာဂရုစိုက်ပါဒါနဲ့ မင်းကိုယ့်ကိုစိမ်းကားနေတာနော်
ရှင်တွေကျွန်မတွေနဲ့...ကိုယ်မခံစားနိုင်ဘူးပန်းကန်နဲ့ခံစားလေ....ရှင့်ကိုသူတို့ကငှက်ပျောရွက်နဲ့ကျွေးလို့လား
YOU ARE READING
နောင်တတို့ပါဝင်နေသောချစ်ခြင်းတရား 🖤⚜
Romanceမထင်မှတ်ထားတဲ့ ကံကြမ္မာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့တယ် ပြန်ဆုံချိန်မှာရော အနှောင့်အယှက်ကင်းစွာနဲ့ နီးစပ်နိုင်ပါ့မလား