part 1

14.8K 351 15
                                    

မှောင်မဲနေသောအခန်းတစ်ခုအတွင်းတွင်အမျိုးသားတစ်ယောက်ရှိုက်ကာငိုနေသည်
သူ့နာမည်ကရုပ်သေးတဲ့အမှန်ကရုပ်သေးဆိုတာသူ့နာမည်အရင်းမဟုဘူး သူ့ရဲ့ဖအေမတူမအေကွဲညီပေးထားတဲ့နာမည်တစ်ခုသာ
သူ့အမေကသူအသက် ၁၄ မှာချမ်းသာတဲ့အမျိုးသားနဲ့နောက်အိမ်ထောင်ထပ်ပြုခဲ့တယ် အဲ့သူဌေးကြီးမှာသူ့ထက်လေးနှစ်ငယ်တဲ့သားလေးလည်းရှိသေးတယ် ထိုကောင်လေးကငယ်ငယ်ကတည်းကရုပ်သေးပေါ်အနိုင်ယူပါသည်
အခုလည်းသူ့ရဲ့ မင်္ဂလာပွဲနေ့မှာ ကားတင်ပြေးပြီးဒီအခန်းထဲမှာထည့်ပိတ်ထားတာ သုံးရက်တောင်ရှိတော့မယ်

ချောက်!!

တံခါးဖွင့်သံကြားတာနဲ့ရုပ်သေးမျက်ရည်တွေကိုအသည်းအသန်သုပ်လိုက်တယ်သူ့ရဲ့ပျော့ညံ့တဲ့ပုံကို ဒီကောင်လေးမမြင်စေရဘူး......

"နိုးပြီလားအရုပ်"

ရုပ်သေးလုံးဝစကားပြန်မပြော...

ထိုပုံစံကိုမြင်တော့ ဧကရာဇ်သ ဘောတကျရယ်လိုက်တယ်

"အဟက် ကျုပ်တို့ခိုးပြေးသွားတဲ့သတင်းလိုင်းပေါ်မှာပြန့်နေပြီ မနက်ဖြန်ခင်ဗျားကိုပြန်လိုက်အပ်ပေးမယ်"

"ဘယ်သူကခိုးပြေးလာတာလဲ!!! မင်းငါ့ကိုအတင်ဖမ်းခေါ်လာတာလေ!"

"အဟက် ကျုပ်ခင်ဗျားကိုအမှတ်အသားပေးမယ်မနက်ဖြန်လိုက်အပ်ရင်ကျုပ်အပိုင်မှန်းသိအောင်"

ဧကရာဇ်ကရုပ်သေးဒေါသထွက်နေတာကိုလျစ်လျူရှုပြီး ကုတင်ပေါ်တွန်းချလိုက်တယ်

"မင်း!! ဘာလုပ်တာလဲ"

"ပူမနေနဲ့ အမှတ်သားပေးရုံဘဲ ခင်ဗျားကိုတရားဝင် လက်မထပ်ရသေးဘဲခင်ဗျားထဲမဝင်ဘူး"

"မင်း ခွေးကောင် !!"
ရုပ်သေးဘယ်လောက်ဘဲအော်ဟစ်ဆဲဆိုထုရိုက်နေပါစေ ဧကရာဇ်ကရုပ်သေးကိုယ်ကိုစိတ်ကြိုက်ချယ်လှယ်နေတာမရပ်တန့်ခဲ့ဘူး

**************
နောက်နေ့မနက်ကျဧကရာဇ်ကသူ့စကားအတိုင်းရုပ်သေးကို မိဘတေလထံပြန်အပ်ခဲ့တယ်
ထိုအခါရုပ်သေးမိခင်မျက်နှာပျက်နေပြီး ဦးမင်းနိုင်ဦးကတော့ဒေါသထွက်နေတော့တယ်

"ဟိတ်ကောင်!! မင်းဧကရာဇ် မင်း ရုပ်သေးကိုအတင်းအကြပ်ဖမ်းခေါ်သွားတာမဟုလား"

ဧကရာဇ်လုံးဝမငြင်း အမှန်ဘဲမို့..

"ဟုတ်တယ် အရုပ်ကကျွန်တော့်အပိုင် ဒါကိုတစ်အိမ်လုံးသိတယ် ဒါတောင်အဖေကအရုပ်ကိုတစ်ခြားသူလက်ထဲထည့်ပေးဖို့လုပ်တယ်!! "

"ရုပ်သေး လူကွ!! ငယ်ငယ်တုန်းကမင်းအပိုင်ပါလို့ပြောခဲ့တာ မင်းအသည်းအသန်တောင်းဆိုလို့ကွ!"

"အရုပ်ကလူမှန်းသိတယ် သူကကျွန်တော်ပိုင်တဲ့ သက်ရှိအရုပ်!!"

သူတို့နှစ်ယောက်ငြင်းခုန်နေတာကိုအရုပ်ကသူနှင့်လာလားမှမသက်ဆိုင်သည့်အလား တိတ်ဆိတ်နေခဲ့တယ်
သားအဖနှစ်ယောက်ကြားအခြေအနေကအရမ်းကိုတင်းမာနေတာမို့ဒေါ်မနောဖြူဝင်ထိန်း လိုက်တယ် ဒီကောင်,သူမသားနဲ့လက်ထပ်လိုက်ရင်သူ့အတွက်လည်းအကျိုးရှိတယ်လေ

"သားအဖနှစ်ယောက်လုံးတော်ကြပါတော့ ဖြစ်ပြီးသားတွေကပြန်မှပြင်မရတော့ဘဲ ကျွန်မသားကို အကို့သားနဲ့သဘောတူလိုက်ပါတော့"

ဒီစကားကြားတော့ ဧကရာဇ်ခပ်ရွဲ့ရွဲ့ပြုံးလိုက်တယ်
ဒီမိန်းမကြီးသဘောတူမယ်မှန်းသူသိပြီးသား

"အမေ.."
ရုပ်သေးအလွန်အံ့သြသွားတယ် သူ့အမေကလက်ထပ်ဖို့ကိုသဘောတူတယ်
ဘာအတွက်လဲ..အမှန်ဆိုသူ့အစားငြင်းပေးရမှာလေ!!

မနောဖြူသားဖြစ်သူရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်ပြီး
"သား.. အခုသားတို့နှစ်ယောက်သတင်းတွေကပျံ့နှံ့နေပြီ အကောင်းဆုံးဖြေရှင်းနည်းကလက်ထပ်လိုက်ဖို့ဘဲ"

သူငြင်းချင်ပေမဲ့ မိခင်ကလက်ဖဝါးကိုခပ်တင်းတင်းညှစ်လိုက်တာမို့ ငြင်းမဲ့စကားတွေလည်ချောင်းဝမှာတင်ရပ်တန့်သလားတယ် အမေဘာတွေကြံစည်နေပြန်ပြီလဲ

"အခုသဘောတူညီချက်ရပြီဆိုတော့ နောက်အပတ်ကျကျွန်တော်တို့လက်ထပ်မယ်"

"ကောင်းတယ် "
ဒေါ်မနောဖြူကချက်ချင်းထောက်ခံတယ်
ဦးမင်းနိုင်ဦးလည်းဇနီးဖြစ်သူကသဘောတူနေတာမို့ စိတ်ကိုလျှော့လိုက်တယ်
ရုပ်သေးကတော့သူ့ရှေ့ရေးကြိုတွေးပြီးလုံးဝမပျော်နိုင်.....

သက်ရှိအရုပ်(the end)Where stories live. Discover now