part 5

9K 273 5
                                        

မဒီရိုက်နေတဲ့လက်တွေကချက်ချင်းတန့်သွားတယ်
"ဟုတ်လို့လား"

"မင်းယုံအောင်ငါချွတ်ပြရဦးမလား"
မဒီအားနာသွားသည် သူကြောင့် တစ်ဖက်လူတော်တော်နာသွားမှာသူ့လက်စသူသိသည်

" ရပါတယ် မလိုတော့ပါဘူး ဟီး"

နေနွယ်သူ့ကိုမျက်နှာချိုသွေးကာရယ်ပြနေတဲ့ကောင်မလေးကိုကျောခိုင်းလိုက်တယ်

"ဟမ့် ဘယ်လိုဟာလေးမှန်းမသိဘူးဒီလိုလက်သံပြောင်ပုံမျိုးနဲ့ကြိုက်မဲ့သူရှိမှာမဟုဘူး"

ထိုလူထွက်သွားမှမဒီသက်ပြင်းချနိုင်တယ်
"ဟူး တော်ပါသေးရဲ့ ပြန်မရိုက်သွားလို့"

××××××××××××××××××××××××××××××××××××××××××××××××××

ကားအတွင်းတိတ်ဆိတ်နေမှုကြောင့်ဧကရာဇ်မနေတတ် ဒါကြောင့်သူ့ဘက်ကစကားစလိုက်တယ်

"အရုပ်"

"အရုပ်!!!"
သူစောင့်ခေါ်လိုက်တော့မှပြန်ထူးသံထွက်လာတယ် ဒါတောင်အချိုးမပြေဘူးထူးပုံက

"ဘာလဲ"

ကျွီ!!!!
ဧကရာဇ်ကားကိုလမ်းဘေးချက်ချင်းချရပ်လိုက်ပြီး

"ဟ!!! ကျုပ်အဲ့မိန်းမကိုထိလို့ခင်ဗျားက ကျုပ်ကိုမချေမငံဆက်ဆံတယ်ပေါ့အရုပ်!!!"

"နေစမ်းပါဦး!!ဒေါသထွက်ရမှာငါဟငါ "
ရုပ်သေး လည်းပြန်အော်ထည့်လိုက်တယ် သူကဘဲဒေါသထွက်တယ်ရှိသေး!

" ခင်ဗျား ဘာတွေများဒေါသထွက်စရာရှိ နေလို့လဲ!!!!"

"ငါတို့ကြောင်!! ငါ့တို့ကြောင့်အရှက်ရခဲ့မိန်းကလေးအပေါ်မင်းရိုင်းစိုင်းပြုမူခဲ့တာလေ ငါဘယ်လောက်သူ့အပေါ်အားနာနေလည်းခံစားမိရဲ့လား!!!!"

"အစကတည်းက ခင်ဗျားကကျုပ်အပိုင်လေ! ရယူဖို့အစကတည်းကမကြိုးစားသင့်တာ"

ဖြောင်း!!!!!!
ရုပ်သေးဒေါသအလျောက်ဧကရာ၏အားပါးရိုက်လိုက်မိတယ်
ပြီးမှသူ့ကိုယ်သူလည်းအံ့သြ နေတယ် အခု!!အခု သူဧကရာဇ်ကိုရိုက်လိုက်တာပေါ့

ဧကရာဇ် နာကျင်သွားတဲ့ပါးထက်စိတ်ထဲကနေနာကျင်သွားတယ်
သူဘယ်လောက်ဘဲအရုပ် အပေါ်အနိုင်ကျင့်ပါစေသူအရုပ်ကိုလက်နဲ့မရွယ်ခဲ့ဖူးဘူး အရုပ်ကတော့သူ့ကိုရိုက်တယ်!!!

"ဧကရာဇ် ငါ....ငါတမင်လုပ်တာမဟုဘူး "

"ထွက်သွား!! အခုကျုပ်ရှေ့ကနေထွက်သွား!!!"

မျက်ဝန်းတွေနီကာ ဒေါသထွက်နေတဲ့ ဧကရာဇ်ကြောင့်ရုပ်သေးလည်းကားပေါ်ကအမြန်ဆင်းရသည် ရုပ်သေးကားအပြင်ရောက်တာနဲ့ ဧကရာဇ်ကကားကိုကြမ်းတမ်းစွာမောင်းထွက်သွားတယ်

"ခက်တော့ဘဲ ဧကရာဇ်ရာ....."

×××××××××××××××××××××××××××××××××××××××××××××××××
ကစားလို့မောသွားတဲ့အခါ နိုင်းနဲနောင်ပိုင် အနီးအနားကဆိုင်လေးမှာဘဲအအေးဝယ်သောက်ဖြစ်တယ်

"နောင်ပိုင်...."

"ဘာဖြစ်လို့လဲနိုင်း အအေးမကြိုက်လို့လား ငါမင်းကြိုက်တဲ့ထောပတ်သီးဖျော်ရည်မှာထားတာပါ"

ပြာယာခတ်နေသည့် နောင်ပိုင်ကိုကြည့်ပြီး နိုင်းပြုံးလိုက်တယ်

"မင်း..ချစ်သူရှိလားနောင်ပိုင်.."

"ငါ...ငါ"

နောင်ပိုင်ပြောဖို့တွန့်ဆုတ်နေမိတယ် သူချစ်နေတာနိုင်းလေ ဒါပေမဲ့ သူဘယ်လိုပြောထွက်မလဲ

"ငါနဲ့တွဲရအောင်နောင်ပိုင်"

"ဟင်"
နောင်ပိုင် သူ့နားသူတောင်မယုံနိုင် အခုနိုင်းကတွဲဖို့ပြောလိုက်တာလား

"ဘယ်လိုလဲ တွဲမလား"

"ငါ...တွဲမယ်"
နောင်ပိုင်လက်ခံတယ်
နိုင်းကသူ့ကိုအစားထိုးဆိုရင်တောင် သူအစားထိုးခံပျော်ပျော်ကြီးဖြစ်ပလိုက်မယ် သူနိုင်းကိုချစ်တယ်.....

🧡🧡 Hello ဒီမှာ အတွဲ၃တွဲပါပါတယ်နော်
ဧကရာဇ်+ ရုပ်သေး
နေနွယ်+မဒီ
နိုင်း+နောင်ပိုင် ( seke )

သက်ရှိအရုပ်(the end)Onde histórias criam vida. Descubra agora