part 15

5K 163 4
                                    

သကရှိအရုပ်
အပိုင်း၁၅

အကိုပြောလိုက်သောစကားသည် မာန်၏အပြုံးချိုချိုအား လျှော့ရဲသွားသည်အထိစွမ်းဆောင်နိုင်သည်
အကိုဟာလက်ထပ်ပြီးမှန်းသိသော်လည်း ဆန္ဒမပါတဲ့လက်ထပ်ပွဲမဟုဘူးလား
ဘာကြောင့်သူ့ကိုလက်မခံနိုင်ရတာလဲ!!

အရုပ်ကတော့ ထွက်သွားတာဒီလောက်ကြာပြီဖြစ် ပေမဲ့ပြန်မရောက်လာသေးတဲ့မိခင်ကြောင့်တ မျှော်မျှော်ဖြစ်နေသည်

"အကို "

"အင်း"

"တစ်ခုခုစားဦးလေ"

"ရတယ် အိမ်မှာကိုယ့်ယောက်ျားစောင့်နေတယ် သူနဲ့ကျမှအတူစားမလို့"

အကိုရဲ့ယောက်ျားဆိုသောနာမ်စားကိုသုံးခွင့်ရှိတာဘာလို့သူမဟုတ်ရတာလဲ
အကို့နားေနချင်လို့တောင် လောဘကြီးတဲ့အကို့အမေကိုငွေတွေနဲ့မျှားထားရတာလေ မာန်စိတ်ထဲအတော်လေးကကိုစိတ်တိုနေရသည် ဒါပေမဲ့အကိုရှေ့မှာတော့သူ့တစ်ဖက်ခြမ်းကိုမပြချင်ဘူး

နောက်ဆုံးကျအရုပ်မစောင့်နိုင်တော့ဘူး
ဒီလောက်ဆိုအမေကတမင်တကာရှောင်နေမှန်းသူသိလိုက်ပြီလေ

"ကိုယ်ပြန်တော့မယ် အမေပြန်လာရင်ပြောပေးပါဦး အရင်ပြန်နှင့်ပြီလို့"

ထိုစကားကိုပြောပြီးတာနဲ့ အရုပ်ချက်ချင်းထွက်လာခဲ့တယ်
အချိန်ကတစ်ဆယ်ခွဲနေပြီ ဆယ့်နှစ်နာရီကျဧကရာဇ်ပြန်လာပြီးနေ့လည်စာလာစားမှာ သူချက်ပြုတ်ပေးရဦးမယ်လေ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
"အမေ့!!"

အိမ်ထဲဝင်ဝင်ချင်း တည်တင်းလွန်းသောမျက်နှာနှင့်ထိုင်နေသောဧကရာဇ်ကြောင့်လန့်အော်လိုက်မိတယ်
ပြန်လာဖို့ကတစ်နာရီလောက်လိုသေးတာမဟုတ်လား ဘာလို့အစောကြီးပြန်ရောက်နေရတာလဲ

"မဟုတ်တာလုပ်ထားတော့ကိုယ့်ယောက်ျားကိုယ် ပြန်လန့်နေပြီပေါ့အရုပ်!!!"

"အစောကြီးပြန်ရောက်နေတာလား"

"စကားမလွှဲစမ်းနဲ့အရုပ်!! အခုဘယ်ကအလေလိုက်ပြီးပြန်လာတာလဲ"

"ငါအလေမလိုက်ပါဘူး အမေနဲ့သွားတွေ့ရုံပါ"

"ဟက်! ခပ်ချောချောယောက်ျားတစ်ယောက်ပါတာလဲထည့်ပြောဦးမှပေါ့အရုပ်ရဲ့"

"ဟင်"
အရုပ်အံ့သြသွားတယ် ဧကရာဇ်ကသူ့နောက်ကိုလိုက်ဖို့လူတွေလွှတ်ထားတာလား

"ခင်ဗျားယောက်ျားကျုပ်တစ်ယောက်လုံးရှိတာကိုခင်ဗျားကအခြားတစ်ယောက်နဲ့တွေ့ရဲတာလား!"
ဧကရာဇ် တဖြည်းဖြည်း အရုပ်နားလျှောက်သွားပြီးလက်တစ်ဖက်ဖြင့် မေးစေ့ကိုခပ်တင်းတင်းဆုပ်ကိုင်ကာမော့စေလိုက်တယ်

"ကျုပ်ခင်ဗျားကိုအလိုလိုက်မိတယ်ထင်တယ်"

"မင်းအထင်လွဲနေပြီ အဲ့လူနဲ့ငါသွားတွေ့ခဲ့တာမဟုတ်ဘူး သူကငါ့အမေနဲ့အသိတွေပါ ဒီတိုင်းအမှတ်မထင်တွေ့ကြတာ"

အရုပ်ရဲ့ဖြေရှင်းချက်ကအမှန်ဆိုတာ ဧကရာဇ်သိသည် ဒါပေမဲ့ သူ့ရဲ့သဝန်တိုစိတ်ကနည်းနည်းမှမလျှော့သွားဘူး
အရုပ်ကအဲ့လူနဲ့အချိန်အကြာကြီးအတူထိုင်ခဲ့တယ် အဲ့ကောင်ရဲ့အပေါစားအနံ့တွေ အရုပ်ဆီမှာကပ်ပါလာတယ်

"လာလိုက်ခဲ့"
ဧကရာဇ် အရုပ်ကိုရေချိုးခန်းရှိရာသို့တရွတ်တိုက်မဆွဲရုံတမယ် အတင်းဆွဲခေါ်သွားတယ်
ဆေးကြောပစ်မယ်
ဆေးကြောပစ်ရမယ်
အရုပ်ဆီမှာကပ်နေတဲ့အဲ့ကောင်ရဲ့အပေါ်စားအနံ့တွေကိုဆေးကြောပစ်ရမယ် ဟုစိတ်ထဲကတဖွဖွရွတ်ရင်းပေါ့

သက်ရှိအရုပ်(the end)Where stories live. Discover now