"ဒါဘယ်သူလုပ်တာလဲဟမ်!!"
ဧကရာဇ်ကအရမ်းကိုဒေါသထွက်နေပုံရတာကြောင့် ရုပ်သေးအမှန်ကိုပြောပြလို့ရမှာမဟုဘူး
ပြောပြလိုက်ရင် သူအမေ့ကိုပြသနာသွားရှာလိမ့်မည်"ငါ ခိုက်မိတာပါ"
"ကျုပ်ကိုပြောစမ်းပါဦးဘာနဲ့ခိုက်မိတာလဲ"
"ငါ ရေချိုးခန်းထဲချော်လဲမလိုဖြစ်ပြီးနံရံနဲ့စောင့်မိတာပါ"
"အဟက်! ကျုပ်ကိုအရူးထင်နေလားအရုပ် ခင်ဗျားပါးကလက်ဝါးရာကြီးထင်းနေတာ တောင်လိမ်ရဲသေးတယ်ပေါ့"
အရုပ်ကသူ့ကိုလိမ်ညာတဲ့အခါဧကရာဇ်ပိုဒေါသထွက်ရသည်
အရုပ်ကသူ့ကိုလိမ်ရဲတယ်"ငါ မလိမ်ဘူး"
"သေချာလား ကျုပ်တစ်အိမ်လုံးကလူတွေကို စစ်ကြည့်လို့အဖြေမှန်ထွက်ရင် ခင်ဗျားရော ကျုပ်အပိုင်ကိုထိရဲတဲ့သူရောလုံးဝမလွယ်ဘူးမှတ်"
ဧကရာဇ်ဒေါသတကြီးအခန်းထဲကထွက်သွားတဲ့အခါ အရုပ်ပြေးလိုက်ရတယ်
"အားလုံးလာကြစမ်း!!!"
ဧည့်ခန်းအတွင်းဟိန်းထွက်လာတဲ့သခင်လေးဖြစ်သူကြောင့် တာဝန်ကိုယ်စီဆောင်ရွက်နေကြသောအိမ်စေတွေဧည့်ခန်းအတွင်းအပြေးလာရောက်သည် ထိုလူတွေထဲမှအိမ်ထိန်းက"သခင်လေးဘာများဖြစ်လို့ပါလဲ"
"မင်းတို့ထဲက အရုပ်ရဲပါးကိုရိုက်သွားတဲ့သူကိုဘယ်သူလဲသိလား"
"မသိပါဘူး"
အိမ်စေတွေအားလုံးကတစ်ညီထဲပြန်ဖြေတယ်"ငါပြောသားဘဲ ငါကဒီတိုင်း"
"ခင်ဗျားပါးစပ်ကိုပိတ်ထားအရုပ် ကျုပ်ဒေါသထွက်နေတာနော်"
အရုပ်သက်ပြင်းလေးလေးချရုံသာတတ်နိုင်တယ်
"အဟက် လူဆယ်ယောက်ရှိတာတောင် မင်းတို့တစ်ယောက်မှမသိဘူးဆိုတာဖြစ်သင့်ရဲ့လား! အားလုံးကိုအလုပ်ထုတ်တယ်"
"သ ..သခင်လေး"
"တောင်းပန်ပါတယ်ကျွန်တော်တို့ကိုအလုပ်မထုတ်ပါနဲ့ "
"ဟုတ်ပါတယ် ကျွန်မတို့မှာမိသားစုတွေရှိသေးတာမို့အလုပ်မထုတ်ပါနဲ့"
ဘယ် လောက်ဘဲတောင်းပန်တောင်းပန်မျက်မှောင်ကြီးကြုံ့ကာသခင်လေးက လုံးဝအလျှော့ပေးမဲ့ပုံမရှိတာကြောင့် သန်ရှင်းရေးမိန်းကလေးတစ်ဦးမှတုန်တုန်ယင်ယင်နဲ့ရှေ့ထွက်လာသည်
"ကျွန်..ကျွန်မမြင်လိုက်ပါတယ်""ပြော...."
"သူ...သူက သခင်မကြီးပါ"
ဒုန်း!!
"ဒီအဖွားကြီးတော့.."
ဒေါသတကြီး စားပွဲကိုထုချလိုက်တာကြောင့် ရုပ်သေးအပါအဝင်အားလုံးတုန်တက်သွားတယ်"ဧ....ဧကရာဇ်"
"ကျစ် ဖယ်စမ်း! သူ့ကိုကျုပ်သွားသတ်မယ်!"
ဧကရာဇ် သူ့လက်ကိုလှမ်းဆွဲထားတဲ့ ရုပ် သေးလက်ကိုခါထုတ်လိုက်တယ်"ဟင့်အင်း...!မသွားပါနဲ့"
ရုပ်သေး လက်နှစ်ဖက်ဖြင့် ဧကရာဇ်ခါးအားခပ်တင်းတင်းဖက်ထားလိုက်တယ်
သူသာလွှတ်ပေးလိုက်ရင် မတွေးဝံ့စရာတွေဖြစ်ကုန်မှာ...."ကျုပ်ကို အခုလွှတ်စမ်း!!!"
"မောင်....မောင် ငါတောင်းပန်တာမို့မသွားပါနဲ့"
ဧကရာဇ်ရုန်းနေရာကနေရပ်တန့်သွားတယ်"ကျုပ်ကိုဘယ်လိုခေါ်လိုက်တာ"
ထိုစဥ်လှေကားပေါ်က ဦးမင်းနိုင်ဦးနဲ့ဒေါ်မနောဖြူဆင်းလာတယ်
"ဒါဘာ တွေဖြစ်နေတာလဲ!"
ဧည့်ခန်းထဲတွင် အိမ်စေများဒူးထောက်နေကြသည်
သူသားနှစ်ယောက်ကလည်း ဖက်လဲတကင်းနဲ့ ရန်ဖြစ်နေဟန်ကြောင့် ဦးမင်းနိုင်ဦး မေးလိုက်ခြင်းပင်....ဧကရာဇ် ကဦးမင်းနိုင်ဦးကိုဂရုမစိုက် အကြည့်အလုံးစုံ သတ်တော့ဖြတ်တော့မည်ဟန်ဖြင့် ဒေါ်မနောဖြူအားစိုက်ကြည့်ပြီး
"ကျုပ်လူကိုခင်ဗျားကပါးရိုက်ရဲတယ်""ဘာဖြစ်လည်းငါ့သားငါဆုံးမတာဘာဖြစ်လဲ"
"ခင်ဗျားက သူ့အမေဖြစ်တာနဲ့ဘဲရိုက်ခွင့်ရှိတယ်ထင်နေလား! ကိုယ့်အဆင့်ကိုယ်သိ"
ခွပ်!!
![](https://img.wattpad.com/cover/336961082-288-k855722.jpg)