final

6.3K 135 1
                                    

သက်ရှိအရုပ်
အပိုင်း၃၄

နိုင်းနှင့်နောင်ပိုင်တို့၏လက်ထပ်ပွဲ
ဧည့်သည်များနှင့်စည်စည်ကားကားရှိလှသည်

"ဟျောင့်သတို့သားကြီး...."

"ငါ့ကောင်မင်းလာတယ်ပေါ့"

"မလာစရာလား ငါ့သူငယ်ချင်နှစ်ယောက်ရဲ့ပွဲကို...."

"မင်းတို့ပြသနာတွေရှိတယ်လို့ကြားမိလို့"

"အခုအဆင်ပြေသွားပါပြီ"

"ဝမ်းသာပါတယ်ကွာ"
သူငယ်ချင်းတွေပျော်ပျော်ပါးပါးစကားပြောနေကြတာကိုအရုပ်ဘေးကနေဘဲရပ်ကြည့်နေခဲ့သည်
ဒီတစ်လောပြသနာများစွာဖြစ်ပျက်သွားသည်လေ
အခုဧကရာဇ်ပြုံးပျော်နိုင်မှဘဲသူစိတ်ချမ်းသာနိုင်တော့သည်

"ခန့်ညား..."
သူနာမည်ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့

"မဒီ..."

"အံမယ် ကျွန်မနာမည်တော့မှတ်မိဖော်ရသေးတယ်ပေါ့လေ"

မဒီစကားကြောင့်ခန့်ညားမှာပြုံးရုံသာပြုံးလိုက်သည်

"ငါနင့်ကိုမိတ်ဆက် ပေးရဦးမယ်ဒါငါ့ချစ်သူလေ"
မဒီကနေနွယ်ရဲ့ပုခုံးကိုခေါင်လေးမှီပြီးမိတ်ဆက်ပေးသည်

ခန့်ညားလည်းသူငယ်ချင်းဖြစ်သူအတွက်အလွန်ပျော်သွားသည်
မဒီချစ်သူကဥပဒိရုပ်လည်းကောင်းပြီးကြင်နာတတ်တဲ့ပုံဘဲ

"တွေ့ရတာဝမ်းသာပါတယ်အကို"

"ခွီး!!ဟားဟား ခန့်ညားနင်သူ့ကိုဘယ်လိုခေါ်လိုက်တယ်"

သူပြောတာရယ်စရာမပါဘဲထရယ်တာကြောင့်နည်းနည်းကြောင်အန်းအန်းဖြစ်သွားသည်
"အကိုလို့လေ..."

"သူကမိန်းကလေးပါ"

"ဟမ်"

"စတွေ့တုံးကငါလည်းနင်လိုဘဲထင်တာ"
မဒီကသူတို့တွေ့စဥ်ကာလကိုသတိရဟန်ဖြင့်ပြုံးနေသည်

"အချစ်ကကိုယ့်ကိုလိုက်ရိုက်တာလေ"

"ဟီးကိုယ်ကလဲ"

သူတစ်ယောက်လုံးရှေ့မှာရှိတာတောင်ချစ်ကြည်နူးတီတူးနိုင်တဲ့မဒီတို့ဟာသိပ်ချစ်ကြသည်မှန်းသိသာလှပါသည်

"ကဲ...ပန်းစီးပစ်မဲ့အချိန်ရောက်ပါပြီ"

ထိုစကားကြောင့်ဧည့်သည်အားလုံးအလယ်မှာစုလိုက်ကြသည်
နိုင်းဟာမိန်းကလေးနေရာမှမနေချင်တာကြောင့်နောင်ပိုင်ကဘဲပန်းစီးကိုပစ်ရသည်

"1 2 3......"

ဆိုက်တိုက်မြိုက်မြိုက်နောင်ပိုင်ပစ်လိုက်တဲ့ပန်းစီးကမဒီလက်ထဲရောက်သည်
မဒီကတော့အလွန်အလွန်ပျော်နေခဲ့တာပေါ့
ပန်းစီးရတဲ့သူကမကြာခင်လက်ထပ်ပွဲကျင်းပရတတ်သည်မဟုတ်လား

××××××××××××××××××××××××××××××××××××××××××××××××××
၄နှစ်အကြာ....

"Dad နဲ့ပါပါး"

"ပါးရဲ့ချစ်သားလေး"
သူဆီ ပြေးလာတဲ့၃နှစ်အရွယ်သားလေးကိုအရုပ်ကပွေ့ချီလိုက်သည်

"Dad ရဲ့ချစ်လေးပျော်ရဲ့လား"

"သားသားကစားကွင်းမှာပျော်ရယ်Dad"
ဧကရာဇ်ကချစ်ဖို့ကောင်းလွန်းတဲ့သားလေးကိုလက်ပြောင်းချီလိုက်ပြီး
"ကဲအခုလည်ပြီးပြီဆိုတော့ Dadတို့ရဲ့မီးရထားကြီးအိမ်ဆီပြန်ကြမယ်ဟေ့"

"ခိခိ"
သားအဖ၃ယောက်ရဲ့ပျော်ရွှင်မှုတွေဟာပတ်ဝန်းကျင်ရှိလူတွေကိုပါကူးစက်စေသည်
အမျိုးသားနှစ်ယောက်အိမ်ထောင်ရေးလည်းတစ်ယောက်ပေါ်တစ်ယောက်ကြင်နာရင်​ပျော်ရပါလားဟုတွေးထင်မိတဲ့အထိပင်

၄နှစ်ကျော်အတွင်းများစွာဖြစ်ပျက်သွားတယ်
အရုပ်သည်အမျိုးသားဖြစ်တာကြောင့်အငှားကိုယ်ဝန်ဆောင်ပြီးkingလေးကိုမွေးခဲ့သည်
နေနွယ်နဲ့မဒီတို့စုံတွဲကလည်းလက်ထပ်ပြီးကနေဒါမှာပြောင်းရွှေ့နေထိုင်ခဲ့တယ်
နိုင်းနဲ့နောင်ပိုင်ကတော့မိဘမဲ့လေးလေးကိုမွေးစားပြီး ဦးမင်းနိုင်ဦးကသာသနာ့ဘောင်ထဲအပြီးဝင်ရောက်သွားတော့သည်..........

End
ဇာတ်လမ်းကထပ်ရေးရင်းပျင်းစရာကြီးဖြစ်နိုင်တာမို့ရပ်လိုက်ပါပြီ
ပျော်ရွှင်ကြပါစေ
နွေကြောင်လေးလည်းပြန်တွေ့ပါပြီ

You've reached the end of published parts.

⏰ Last updated: May 25, 2023 ⏰

Add this story to your Library to get notified about new parts!

သက်ရှိအရုပ်(the end)Where stories live. Discover now