သက်ရှိအရုပ်
အပိုင်း၂၉မောင်ကအရုပ်ကိုဒီအခန်းထဲမှာပိတ်ထားသည်မှာသုံးရက်ရှိပြီ
သုံးရက်လုံးလုံး အရုပ်အတွက်အစားအစာပြင်ပေးချိန်မှလွဲ၍လုံးဝအနားကမခွာပေအမြဲတစေမောင်အနားကထွက်မသွားရဘူးနော်ဟုလည်းရေရွတ်နေတတ်သေးသည်
အခုတော့ ဧကရာဇ်နေ့လည်စာသွားပြင်နေတာမို့အခန်းထဲသူတစ်ယောက်တည်း
ဒါကိုအခွင့်အကောင်းယူကာ ဧကရာဇ်သိမ်းထားသောသူရဲ့ဖုန်းအားယူပြီး
ဧကရာဇ်အဖေထံဖုန်းဆက်လိုက်သည်"ဟယ်လို"
"ဟယ်လိုဦးလေး..."
"အော်သားခန့်ညား...."
"ဦးလေး ဧကရာဇ်ကပုံမှန်မဟုဘူး ကျွန်တော့်ကိုလာကယ်ပေးပါ သူကစိတ္တဇဖြစ်နေတာ"
အခြေအနေအလုံးစုံတောင်မရှင်းပြရသေးဘူးခြေသံကြားတာမို့ဖုန်းအားချပစ်ပြီးဟန်မပျက်နေနေလိုက်သည်"အရုပ်လေး...."
ဧကရာဇ်သည် အရုပ်ကြိုက်တတ်သော ပဲကြီးနှင့်ဆူးပုတ်နှပ်
ပုဇွန်ထုပ်ဆီပြန်ဟင်းတို့ကို ပါသောထမင်းပွဲတစ်ခုနှင့်အတူ သူထံရောက်လာသည်"အရုပ်ကြိုက်တတ်တာတွေ မောင်ယူလာတယ်"
"မောင်"
"ဗျာ...."
ဧကရာဇ်ပုံစံကပုံမှန်ဟုထင်ရသော်လည်း
နည်းနည်းမှပုံမှန်မဟုတ်နေကြောင်းအရုပ်သိသည်
သို့သော် ဧကရာဇ်အားချော့မော့ကြည့်ဖို့ကြိုးစားရင်း...."ငါ့ကိုအမြဲသံကြိုးခတ်ထားတော့မှာလားဟင် ငါဒါကြီးကိုသဘောမကျဘူး"
"ဒါကြီးမရှိရင်မောင့်ဆီကအရုပ်လေးထွက်သွားမှာပေါ့"
"ဟင့်အင်း ငါမထွက်သွားပါဘူး မောင်ရယ်"
"လိမ်နေတာ အရုပ်ကလိမ်နေတာ မောင်မဟုတ်တဲ့သူနဲ့ထွက်ပြေးဖို့မောင့်ကိုလိမ်နေတာ အား!!!!!!"
သူလက်နှစ်ဖက်နှင့်နားအားအုပ်ပြီးအော်ဟစ်လာတဲ့ဧကရာဇ်ကြောင့်ထဖောက်ပြီဆိုတာသိလိုက်တယ်
သုံးရက်အတွင်း ထိုသို့ထဖောက်နေကြ
အရုပ်ချက်ချင်းဘဲ ဧကရာဇ်အားဖက်လိုက်ကာ"မောင်...အရုပ်ရဲ့မောင် အရုပ်ရှိတယ်နော်" ဟု လေပြေအေးလေးနဲ့ပြောပေးေနလိုက်တယ်