သက်ရှိအရုပ်
အပိုင်း၃၂"ညီလေး....."
မိမိ၏ညီဖြစ်သူအန္တာယ်ရှိနေသည်ဆိုသောတပည့်ေတွ၏သတင်းပေးချက်ကြောင့်
မိမိမှာ သူ့ယောက်ျားနဲ့ပြသနာဖြစ်တယ်ထင်သွားတာ
လွန်ခဲ့သောလေးရက်လောက်ကမိမိနဲ့အတူစားေသာက်နေတဲ့
ညီလေးကိုအတင်းလာဆွဲခေါ်သွားတာလေဒီရောက်တော့မြင်လိုက်ရတာကအဲ့လိုဖြစ်ဟန်မတူဘူး
သူ့ညီကသွေးအိုင်ထဲလဲနေတဲ့လူတစ်ယောက်ကိုငူငူကြီးကြည့်နေသည်အရုပ်အကိုဖြစ်သူကိုမြင်တဲ့အခါ
ကလေးတစ်ယောက်လိုပြန်တိုင်တယ်"ကိုကို..အဟင့်! ဟိုမိန်းမကြီးလူသတ်တယ်"
ညီဖြစ်သူလက်ညိုးထိုးပြတဲ့ဘက်ကိုကြည့်လိုက်တော့
သွေးအိုင်ထဲလဲနေတဲ့အမျိုးသမီးတစ်ဦး
သူမကတစ်ခြားသူမဟုတ် ဒေါ်မနောဖြူပင်"ဘယ်လိုဖြစ်ရတာလဲ ညီလေးရယ်..."
အရုပ်သည်ပြင်းထန်စွာငိုထားသောကြောင့်
မျက်လုံများနီရဲယောင်ကိုင်းနေပြီ
သူညီေလေးတစ်ယောက်လိုသံယောဇဥ်ရှိရတဲ့သူက
သူ့ကြောင့်အသက်ဆုံးရှုံးသွားရသည်လေ
မငိုဘဲနေပါ့မလား"ကိုကို..မာန်ကလေ မေမေ့လိုဘဲကျွန်တော့်ကြောင့်သေသွားတာ"
အရုပ်သည် မိခင်သေသည့်နေ့ရက်ကိုအခုထိမှတ်မိနေတုံးပင်
မိမိပုန်းနေသည့်နေရာအား ဒေါ်မနောဖြူတွေ့မှာဆိုးသည့်အတွက်
မေမေကပုန်းနေရာကနေလူးလုံးထွက်ပြခဲ့တာ
ဒါကြောင့်အမေသေခဲ့ရတာ
အခု ....အခုလည်းသူကြောင့်မာန်သေပြန်ပြီသောရဝမ်းနည်းလွန်းနေသည့် ညီဖြစ်သူအားမေ့ဆေးထိုးချလိုက်သည်
သူကဆရာဝန် ပြီးတော့သူ့အိမ်သူကလည်းစိတ္တဇဆရာဝန်
ညီဖြစ်သူယောက်ျားကိုတာဝန်ယူထားသည့်ဆရာလည်းဖြစ်သေးသည်
အခုယူလာတဲ့ဆေးကညီယောက်ျားအတွက်
သို့သော်လိုအပ်တာမို့ ညီအပေါ်သုံးလိုက်ခြင်းပင်××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဧကရာဇ်နိုးလာသည့်အချိန်မှာစိတ်ကပုံမှန်အခြေအနေထိရောက်နေပြီ
ကြားထဲဘာဖြစ်ခဲ့တယ်ဆိုတာလဲ
အကုန်မှတ်မိနေသည်
နိုးနိုးလာခြင်းအရုပ်ကိုမတွေ့တဲ့အခါမှာတော့
စိတ်ပူသွားရသည်
အရုပ်သူ့ကိုစိတ်ပျက်သွားပြီလား"သား သတိရပြီလား"
"အဖေ အရုပ်ရော"
"အပြင်ခနထွက်သွားတယ်သားရဲ့"
ထိုအခါမှဧကရာဇ်စိတ်သက်သာရာရသည်
အရုပ်သူ့ကိုစိတ်ပျက်သွားတာမဟုတ်သေးဘူးဘဲ"ကြာပြီလားအဖေ ......"
"မကြာသေးပါဘူး"
သားမက်ဖြစ်သူထွက်သွားတာအနည်းငယ်ကြာနေပြီဖြစ်ပေမဲ့
သားစိတ်သက်သာရာရစေဖို့ဦးမင်နိုင်ဦးလိမ်ပြောလိုက်သည်ထိုစဥ်ခြံရှေ့မှကားဟွမ်းတီးသံထွက်လာသည်
"အရုပ်ပြန်လာပြီထင်တယ်အဖေ..."
"ဟုတ်မယ်အဖေသွားဖွင့်ပေးလိုက်ဦးမယ်"
"ဟုတ်ကဲ့အဖေ"
သူကိုယ်တိုင်လည်းလှုပ်ချင်စိတ်မရှိတာမို့ခေါင်းသာငြိမ့်ပြလိုက်သည်#လွန်ခဲ့တဲ့အပိုင်းမှာအရုပ်မှာအကိုရှိတာထည့်ရေးခဲ့ပါတယ်
#ဒါလေးကပြီးတော့မှာပါ
#ဒေါ်တာညီမင်းနောင်(ဧကရာဇ်ရဲ့စိတ်ရောဂါကုဆရာဝန်) နဲ့သောရမင်းသွင် (အရုပ်ရဲ့အကို)တို့ကို
ဇာတ်လမ်းတွေးထားပါတယ်