part 19

4.7K 143 2
                                    

သက်ရှိအရုပ်
အပိုင်း ၁၉

"ကိုရာဇ်ရယ် သူ့ကိုခွင့်လွှတ်ပေးလိုက်ပါ"
နှင်းသည် ဧကရာဇ်၏ဒေါသအားသူ့စကားတစ်ခွန်းထဲနဲ့ ဖြေရှင်းနိုင်တဲ့ ပုံနဲ့ဝင်ပြောတယ်

"တိတ်စမ်း! "
ဧကရာဇ်သည်အရုပ်နဲ့ပက်သက်လာရင်သိပ်ဒေါသကြီးတဲ့လူဖြစ်သည်
ဒါကြောင့်အခုသူ့စိတ်ထဲရှေ့ကအမျိုးသမီးကိုတစ်စဆီလုပ်ပစ်ချင်နေတာကြောင့် ဘယ်သူစကားမှနားမဝင်တော့ဘူး

နှင်းကလည်းအအော်ခံလိုက်ရတာကြောင့်လက်သီးကိုခပ်တင်းတင်းဆုပ်လိုက်တယ်
သောက်ခြောက်ကောင်! ရာဇ်ရဲ့စိတ်တွေငါ့ဆီမှာရှိနေတာမို့သပ်သပ်ဂွင်ဆင်လိုက်တာဟုတွေးပြီး ဝါးစားမတတ်အကြည့်တွေနဲ့အရုပ်ကိုကြည့်လိုက်တော့တယ်

"မောင်~~~"

အရုပ် လေပြေအေးနဲ့ဧကရာဇ်ကိုခေါ်လိုက်တယ်
ထိုအခါ ဧကရာဇ်ကချက်ချင်းဘဲလှည့်ကြည့်လာတယ်

"အရုပ်ကိုထူပေးဦး ခြေထောက်နာလို့"

ဧကရာဇ်တုံ့ဆိုင်းခြင်းမရှိဘဲ ကောက်ပွေ့လိုက်တယ်

"ခြေထောက်အရမ်းနာနေလား"

"ဟင့်အင်း နည်းနည်းဘဲနာတာပါ"

"ထိုင်နေလို့ပြောောဘာလို့လျှောက်သွားနေရတာလဲ"

ထိုအခါ အရုပ်ကအဖြူစင်ဆုံးအပြုံးလေးပြုံးပြီး
"သူမကိုပြောပြချင်တာလေးရှိလို့"

အရုပ်လက်ညိုးထိုးပြတဲ့ စောနကအမျိုးသမီးကိုဧကရာဇ်ခနစူးစိုက်ကြည့်ပြီး
"ဘာကိုဖြေရှင်းမလို့လဲ "

"သူမက မောင်နဲ့ ဒီနေ့ရဲ့ပွဲရှင်မိန်းကလေးကသိပ်လိုက်ဖက်တာတဲ့ မကြာခင် မောင်နဲ့လက်ထပ်ထားတဲ့အမျိုးသားကိုကွာရှင်းပြီးသူမနဲ့ယူတော့မှာတဲ့ ဒါကိုအမှန်မဟုတ်ကြောင်းအရုပ်ရှင်းပြချင်ခဲ့တာပါ"

ထိုစကားကိုပြောနေစဥ်အတွင်းအရုပ်ရဲ့မျက်လုံးဆတွကဝမ်းနည်းမှုတွေအတိုင်းသားမြင်နေရတယ်

ဧကရာဇ်တောက်ကျယ်ကျယ်ခေါက်လိုက်ပြီး
"တောက်! မြဲမြဲမှတ်ထားအကုန်လုံး ကျုပ်ဧကရာဇ်ရဲ့မျက်လုံးထဲမှာကျုပ်အမျိုးသားကလွဲလို့ဘယ်သူ့ကိုမှမျက်လုံးထဲမရှိဘူး! နောက်တစ်ခါကျုပ်တို့အိမ်ထောင်ရေးကိုဝေဖန်ရဲဝေဖန်ကြည့်နောက်နေ့နေထွက်တာမမြင်စေရဘူး"

ထိုစကားကိုပြောပြီးတာနဲ့ အရုပ်ရဲ့ကိုယ်လုံးလေးကိုချီကာစိတ်ပျက်ဖို့ကောင်းတဲ့မွေးနေ့ပွဲမှထွက်ခွာလိုက်တော့တယ်

"ဘာတွေကြည့်နေတာလဲမဒီ"

မဒီသည် နေနွယ်နှင့်ချစ်သူမကျရည်းစားမကျအခြေအနေကိုရောက်နေပြီဖြစ်သည်
အခုလည်း နေနွယ်ကသူ့အသိရဲ့မွေးနေ့ပွဲကိုပါတနာအဖြစ်ခေါ်လာတာ ဘယ်သူထင်မလဲ ဒီပွဲမှာခနန့်ညားတို့ကိုဆွေ့ရမယ်လို့လေ ပြီးတော့ ခန့်ညားရဲ့ တစ်ခြားတစ်ဖက်ခြမ်းကိုပါသူသိခွင်ရခဲ့တယ်

"ဘာမှမဟုတ်ပါဘူး စောနကဖြစ်သွားတာလေးကိုစိတ်ဝင်စားမိရုံပါ"

"ကိုယ့်အချစ်ကဒါမျိုးလည်းစိတ်ဝင်စားသေးတာလား"

"နေနွယ်လူကြားထဲမှာဘယ်လိုဖြစ်နေတာ လဲ"

ချစ်ခွင့်ပန်ပြီးတဲ့နေ့ကတည်းကနေနွယ်မှာ သိသိသာသာမဒီပေါ်အသားယူလာသည်
အခုလည်းကြည့် မွေးနေ့ပွဲထဲမှာတောင်ခါးကိုအတင်းဖက်ကာအသားယူနေတယ်လေ

"ချစ်လို့ပါ"

×××××××××××××××××××××××
"နိုင်း"

"အင်းပြော"

သူခေါ်တဲ့အခါနိုင်းကဂိမ်းဆော့နေရာမှသူ့ကိုလှမ်းကြည့်တယ်

"ဒီေန့ဘာနေ့လည်းသိလား"

"ဘာနေ့လည်းသိလား"

"ဘာနေ့လည်း သိဘူး"
ထိုစဥ်တိုက်ခန်းတစ်ခုလုံးအမှောင်ကျသွားတယ်

#ဇာတ်လမ်းမှာဝှက်ထားတာအများကြီးပါအရုပ်ရဲ့ဘဝကမရိုးရှင်းပါဘူး



သက်ရှိအရုပ်(the end)Tempat cerita menjadi hidup. Temukan sekarang