part 18

4.7K 163 4
                                    

သက်ရှိအရုပ်
အပိုင်း၁၈

အခုဧကရာဇ်ကသူ့စီးပွားရေးပါတနာတစ်ဦး၏သမီးရဲ့မွေးနေ့ပွဲကိုသွားရမည်ဆိုပြီးအရုပ်ကိုပါမရမကဆွဲခေါ်လာခဲ့တယ်

သူသည်ဒီလိုပွဲမျိုးတွေနဲ့မရင်းနှီးတာမို့မလိုက်တော့ပါဘူးဆိုတာကို မောင်တို့လက်ထပ်ပြီးပွဲတက်တာအခုမှပထမဆုံးမဟုတ်လား အရုပ်ဟာမောင့်ပိုင်ဆိုင်မှုဖြစ်ကြောင်းလူတွေသိစေချင်တယ်ဆိုပြီးအတင်းခေါ်ခဲ့သည်လေ

ဧကရာဇ်တစ်ယောက်နဲ့တော့ခက်သည်
မိမိဟာ သူ့ပိုင်ဆိုင်မှု​ဖြစ်ကြောင်းထုတ်ကြွားနေရတာကိုအမြဲဂုဏ်ယူလေ့ရှိတယ်

"မောင်ဧကရာဇ်ရောက်လာပြီးလား "
သူတို့ပွဲထဲဝင်လာတာနဲ့ အသက်ငါးဆယ်အရွယ်ရှိတဲ့ လူတစ်ဦးဟာချက်ချင်းလာနှုတ်ဆက်တယ်

ဧကရာဇ်ကအပြုံးလေးနဲ့ဘဲတုံ့ပြန်လိုက်တယ်

"ဒါနဲ့ဘေးက အမျိုးသားထင်တယ် တွေ့ရတာဝမ်းသာပါတယ် ဦးနာမည်ကဦးရန်နိုင်ပါ"

"ဟုတ်ကဲ့"

"ကိုရာဇ် ရောက်လာပြီလားနှင်းဧည့်ခံနေတာနဲ့မသိလိုက်ဘူး"

ထိုစဥ် အရုပ်တို့အနားအမျိုးသမီးတစ်ဦးရောက်လာတယ်
သူမကတစ်ကိုယ်လုံးလက်လက်ထအောင်ပြင်ဆင်ထားသည်ကိုကြည့်ခြင်းအားဖြင့် မွေးနေ့ရှင်မှန်းအရုပ်သိလိုက်ပြီ

"လာ နှင်းသူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးမယ်"
ထိုအမျိုးသမီးက ပိုင်စိုးပိုင်နင်းနှင့် ဧကရာဇ်လက်မောင်းအားလာဖက်သည်
ဧကရာဇ်မျက်နှာဟာချက်ချင်းကိုမဲမှောင်သွားတယ်
ဒါပေမဲ့လူအများရှိနေတာမို့ သူသာတွန်းထုတ်လိုက်လျှင် အတင်းပြောစရာတစ်ခုဖြစ်သွားနိုင်တယ်

"မောင် ဒီကအမျိုးသမီးကခေါ်နေမှတော့လိုက်သွားလိုက်ပါ. မွ!"
တစ်ခြားလူနဲ့စိတ်ချလက်ချထည့်နေသောအရုပ်ကြောင့်ထွက်ခါနီးဒေါသတို့သည် အရုပ်ရဲ့အနမ်းအောက်လုံးလုံးပျောက်သွားတော့သည်

"အင်း လူရှင်းတဲ့ဝိုင်းမှာစောင့်နေနော်"

"ဟုတ်ပါပြီ"

ဧကရာဇ်တို့ထွက်သွားပြီးကာမှ အရုပ်ထောင့်ကျကျဝိုင်းလေးတစ်ခုမှာသွားထိုင်လိုက်ပြီး
ဧကရာဇ်တို့ကိုမျက်စိဒေါက်ထောက်ကြည့်နေလိုက်တယ်
ထိုအမျိုးသမီးကတော့ သူ့လူရဲ့လက်ကိုဆွဲပြီးပြုံးလို့ပျော်လို့


"ဟဲ့ အခုနှင်းဧကရီလက်တွဲထားတာ နှစ်မွေခံသုံးေမွခံအရမ်းချမ်းသာတယ်ဆိုတဲ့သူဌေးလေး မင်းဧကရာဇ်မဟုတ်လား"

"ဟုတ်တယ်လေ"

အရုပ်နဲ့ခပ်လှမ်းလှမ်းကအမျိုးသမီးနှစ်ဦးရဲ့အတင်းေပြာသံဟာအသံဟာကျယ်လွန်းတာမို့သူအတိုင်းသားကြားနေရတယ်

"သူကအမျိုးသားတစ်ယောက်နဲ့ လက်ထပ်ထားတာဆို"

"ဟုတ်တယ်လေ ဒါပေမဲ့ဟယ် ယောက်ျားတစ်ယောက်ကသူ့ကိုသာယာမှုပေးနိုင်မှာတဲ့လား နှင်းလိုမိန်းကလေးကမှသာယာမှုပေးနိုင်မှာဒါကြောင့်မကြာခင်သူ့အမျိုးသားနဲ့ကွာရှင်းတော့မှာကြည့်နေ"

ထိုအမျိုးသမီးရဲ့စကားကြောင့်အရုပ်ရဲ့နှုတ်ခမ်းတွေထက်မဲ့ပြုံးမျိုးဖြစ်ထွန်းလာတော့တယ်
သူတို့အိမ်ထောင်ရေးကိုကြိုက်သလိုဝေဖန်နေတဲ့ထိုအမျိုးသမီးတွေကိုပညာပြရတော့မယ်
သူချက်ချင်းဘဲ ဝိုင်တစ်ခွက်ကိုယူလိုက်ပြီးထိုအမျိုးသမီးတွေနားသွားလိုက်တယ်

"အာ့!"

"တောက်!! ရှင်ဘယ်လိုလုပ်လိုက်တာလဲ"

အရုပ်ခြေခေါက်လဲသလိုနှင့် ကိုင်လာတဲ့ဝိုင်တွေကိုသူတို့အိမ်ထောင်ရေးအားဆရာကျကျဝေဖန်နေတဲ့အမျိုးသမီးပေါ်လောင်းချလိုက်တော့တယ်
သူကြံစည်ထားတဲ့အတိုင်းဘဲထိုအမျိုးသမီးကဒေါသတကြီးတုံ့ပြန်လာတယ်

"တောင်းပန်ပါတယ်ကျွန်တော်ခြေခေါက်လဲသွားလို့ပါ "

"အပေါစားကောင် ငါ့အဝတ်ကဘယ်လောက်တန်တယ်ထင်လဲ!!"
ထိုအမျိုးသမီးကသူ့ကိုရိုက်ဖို့လက်ရွယ်လာတဲ့အခါအရုပ်မျက်လုံးတွေမှိတ်ချလိုက်တယ်

ဖြောင်း!!!

သူ့ထံရိုက်ချက်မကျရောက်လာပေမဲ့ ကျယ်လောင်တဲ့ပါးရိုက်သံထွက်လာတာကြောင့်အရုပ်မျက်လုံးတွေဖွင့်လိုက်တယ် ထင်ထားတဲ့အတိုင်း ထိုအမျိုးသမီးကိုပါးရိုက်လိုက်တာက ဧကရာဇ်လေ သူ့ရဲ့အမျိုးသားပေါ့

"ခင်ဗျားကဘာစောက်ဆင့်ရှိလို့ကျုပ်လူကိုလက်ရွယ်ရဲ့ရတာလဲ"

အားလုံးကအခြေအနေကိုစူးစမ်းနေတာကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးအပ်ကျသံကြားနိုင်လောက်တဲ့အထိတိတ်ဆိတ်နေတယ်

ထိုအမျိုးသမီးကကြောက်ရွံမှုကြောင့်တဆက်ဆက်တုန်နေတယ်

"ကိုရာဇ်ရယ် သူ့ကိုခွင့်လွှတ်ပေးလိုက်ပါ"
နှင်းသည် ဧကရာဇ်၏ဒေါသအားသူ့စကားတစ်ခွန်းထဲနဲ့ ဖြေရှင်းနိုင်တဲ့ ပုံနဲ့ဝင်ပြောတယ်

#ကဲအရုပ်ကိုကြာပန်းဖြူလေးထင်နေတဲ့သူတွေထိုင်ငိုလို့ရပြီနော်အရုပ်ကထင်သလိုရိုးသားတဲ့ဖိုးသခွားလေးမဟုတ်ရပါ





သက်ရှိအရုပ်(the end)Onde histórias criam vida. Descubra agora