သက်ရှိအရုပ်
အပိုင်း၁၃ဧကရာဇ်အလုပ်ကပြန်လာတဲ့အခါ အရုပ်ကစောင့်ကြိုနေတယ်
တစ်စုံတစ်ယောက်ကကိုယ်ပြန်လာတာစောင့်နေတယ်ဆိုတဲ့ခံစားချက်ကသိပ်ကိုယ်ကောင်းတယ်"ငါညနေစာပြင်ထားပေးတယ် ရေမိုးချိုးပြီးဆင်းလာခဲ့နော် အဝတ်အစားလည်းအဆင်သင့်ထုတ်ပြီးသား
နည်းနည်းအေးနေတဲ့ဟင်းတွေငါပြန်နွှေးလိုက်ဦးမယ်""အင်းပါ"
ဧကရာဇ်အပေါ်တက်သွားတဲ့အခါအရုပ်ကဟင်းတွေကိုသေချာပြန်နွှေးပြီးစောင့်နေလိုက်တယ်
စိတ်ထဲမှာလည်းငွေဘယ်ကရနိုင်မလဲဟူသောပူပန်မှုတွေရှိနေတယ်"အရုပ်!!!"
"ဟမ်..ဟမ်"
"ခေါ်နေတာသုံးခါမကတော့ဘူး ဘယ်သူ့အကြောင်းတွေးနေတာလဲဟမ်!!"
"ငါနည်းနည်းပင်ပန်းနေလို့ပါ ထိုင်လေထမင်းခူးပေးမယ်"
ထမင်းထခူးတဲ့ အရုပ်ပုံကစိတ်အာရုံပျံ့လွင့်နေသလိုဖြစ်နေတာကြောင့် ဧကရာဇ်စိတ်အလိုမကျတော့
"ခင်ဗျား ဘာဖြစ်နေတာလဲဟမ် မောင့်ကိုပြောစမ်းပါ""ငါ....ငါ"
"လိမ်မယ်တော့မကြံနဲ့နော်အရုပ် လိမ်ရင်ခင်ဗျားနှုတ်ခမ်းလေးစုတ်ပြတ်သွားမယ်"
အရုပ်သူ့လက်ချောင်းလေးတွေကိုနာအောင်ကုပ်ဖဲ့နေလိုက်တယ်
ဒါသူစိတ်လှုပ်ရှားတိုင်းပြုလုပ်နေကျအပြုအမူပင်"ကျုပ် ခင်ဗျားယောက်ျားနော် ဘာတွေဖုံးကွယ်ချင်နေတာလဲ!!"
သူအော်လိုက်မှသာအရုပ်ထံကအသံသေးသေးလေးထွက်လာတယ်
ငါငွေလိုအပ်နေလို့ပါတဲ့လေ"ဘယ်လောက်လိုတာလဲ"
"သိန်းတစ်ရာ "
ဧကရာဇ်မျက်ခုံးပင့်သွားတယ်
အရုပ်ကငွေသုံးအရမ်းစေ့စပ်သူပါ ဒီငွေတွေကိုဘာအတွက်များလိုအပ်နေတာလဲလို့ စိတ်ဝင်စားသွားတယ်"ငွေလိုတာများ မောင့်ကိုပြောပေါ့"
ထိုစကားကြောင့်အရုပ်စိတ်ထဲကျေနပ်ခါနီးမှနောက်ထပ်စကားတွေကြောင့်နင်သွားရသည်
"ဘာအတွက်သုံးမလို့လဲ...."
"ငါ...ငါ"
ဖြေဖို့ခက်ခဲနေပုံကြောင့် ဧကရာဇ်ဆက်မမေးတော့
အရုပ်ဘာအတွက်သုံးမလဲဆိုတာသူစုံစမ်းလို့ရတယ်လေ"ထားလိုက်တော့ ဗိုက်ဆာနေပြီ"
"ဒါ မင်းကြိုက်တဲ့ပုဇွန်ထုပ်ကြော်လေး"
အရုပ်လည်းပန်းကန်ထဲဟင်းခပ်ထည့်ပြီး စိတ်ရှုပ်စရာအခြေအနေမှရုန်းထွက်လိုက်တော့တယ်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
နိုင်း တစ်နေကုန်အပြင်မထွက်ဘဲ အခန်းအောင်းနေမိတယ်
မှားစရာရှားလို့ သူငယ်ချင်းအရင်းကြီးနဲ့မှမှားရတယ်လို့နေပါဦး ငါ နောင်ပိုင်ကိုတွဲဖို့ပြောထားတာဘဲ အတူအိပ်မိရုံနဲ့ဘာမှမဖြစ်ဘူး
နိုင်းတစ်ယောက်ထဲစိတ်ထဲမှာမျိုးစုံကြိုးခုန်နေတော့တယ်
ကတောင်!! ကတောင်!! ကတောင်!!
ဖုန်းထဲမက်ဆေ့ဝင်သံကလည်းရပ်သွားချင်းမရှိဘူး
ဒါနောင်ပိုင်ဆီကဝင်နေတာလေ ဒါပေမဲ့ သူမျက်နှာချင်းဆိုင်ဖို့ချင်စိတ်မရှိသေးတာမို့စာတွေကိုလည်းမပြန်ခဲ့ဘူး