မင်း ဧကရာဇ်နဲ့ ခန့်ညားတို့ရဲ့လက်ထပ်ပွဲဟာစည်ကားလွန်းသည်
ဧကရာဇ်ရဲ့ ဖခင်ကမိတ်များသည်မဟုလား မစည်မှသာထူးဆန်းနေမှာ"ဟျောင့် မင်းတောင်လူအိုဖြစ်ပြီဘဲ"
တွေ့တွေ့ချင်းနှုတ်ဆက်လာတဲ့နောင်ပိုင်စကားကြောင့်ဧကရာဇ်ပြုံးလိုက်တယ်"အားကျနေတာမဟုလား ဟားဟား..."
"အားကျစရာလားကွ! လူပျိုဘဝကလွတ်လပ်တယ်"
နောင်ပိုင်တို့ပြောနေတဲ့စကားတွေကနိုင်းနားထဲမရောက်
အဖြူရောင်သတို့သားဝတ်ဆုံနှင့်လှချင်တိုင်းလှနေသည့် အကို့ထံတွင်သာမြဲမြံနေသည်"နိုင်း..."
အကိုကိုငေးနေတဲ့နိုင်းအသိဝင်အောင်နောင်ပိုင်တိုးတိုးလေးကပ်ခေါ်လိုက်တယ်"ဟင် "
"ပြန်ကြရအောင်နိုင်း"
"ဟ အစောကြီးပြန်မလို့လားမင်းတို့က"
"ငါသိပ်နေမကောင်းလို့ပါသားကြီးရာ"
"နိုင်း မင်းငါ့ကိုလိုက်ပို့ပါ"
"အင်းပါ"
"ဂရုစိုက်ဦးနော်ဟျောင့်တွေ ..."
ဧကရာဇ် သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီတော့ အရုပ်လက်ကိုဆွဲကာဧည့်သည်တွေအားလိုက်နှုတ်ဆက်သည်
"ခန့်ညား~~~"
အဖြူရောင်ဝတ်ဆုံနဲ့သိပ်လှသောခန့်ညားကိုကြည့်ရင်းမဒီနှမြောတသဖြစ်မိသည်
သူပိုင်ရခါနီးမှခွေးကလာလုသွားတယ် ဟမ့်"မဒီ"
ဧကရာဇ် လက်တစ်ဖက်ဖြင့်ရုပ်သေးခါးကိုဖက်ထားရင်းပြုံးကာ
"ပွဲကစီစဥ်ထားတာတွေအဆင်ပြေတယ်မလား ကျုပ်တို့တစ်ခြားသူတွေကိုသွားနှုတ်ဆက်လိုက်ဦးမယ်မမဒီသုံးဆောင်ပါ"မဒီနဲ့တွေ့တိုင်း အရုပ်မှာအားနာရသောကြောင့် ဧကရာဇ်ကတစ်ခြားသူတွေကိုနှုတ်ဆက်ဖို့ဆွဲခေါ်သွားတဲ့နောက်ငြင်းဆန်ခြင်းမရှိဘဲလိုက်သွားလိုက်သည်
မဒီအလိုက်မသိကျချင်နေသည့် မျက်ရည်တွေကြောင့် သန့်စင်ခန်းမှာငိုရပြန်သည်
"အ..ဟင့်! ဘာလို့ငါမဖြစ်ရတာလဲ ဝူးဝူး "
နေနွယ်သည် အသိရဲ့လက်ထပ်ပွဲကိုလာ ရင်း ဖုန်းပြောရအောင်သန့်စင်ခန်းဝင်ကာမှပြဲလန်နေသောငိုသံကြောင့်စိတ်ညစ်သွားရသည်
"ဒီမယ်အမိ "
မဒီငိုနေရင်းတန်းလန်း လာခေါ်တဲ့သူကြောင့်မော့ကြည့်လိုက်တယ်
"နှာဘူး.."
"ဟ ငါနှာဘူးမဟုဘူးနော်"
မဒီစပ်ဖြဲဖြဲလေးရယ်ရင်း
"ဟီး ကျွန်မမှရှင့်နာမည်မသိဘဲ""နေနွယ်"
"ကျွန်မကမဒီေတွ့ရတာဝမ်းသာပါတယ်"
မဒီလက်ဆွဲနှုတ်ဆက်မလို့လုပ်ပေမဲ့ လက်ပြန်မကမ်းလာတဲ့သူကြောင့်ရှက်ရှက်နှင့်လက်ပြန်သိမ်းမည်ထင်သလား
နိုးပါ သူကိုယ်တိုင် နေနွယ်ရဲ့လက်ကိုလှမ်းဆွဲရင်း လက်ဆွဲနှုတ်ဆက်တဲ့ပုံစံလုပ်လိုက်တယ်"ကျွန်မတို့အတူသောက်ကြမလား"
"မသောက်ဘူး"
"လုပ်ပါနော် ကျွန်မတို့ညစ်နေလို့ပါ"
မျက်နှာငယ်လေးနဲ့တောင်းဆိုလာတော့ နေနွယ်အင်တင်တင်နဲ့သဘောတူလိုက်ရတော့တယ်
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဦးမင်းနိုင်ဦး ဒီနေ့ကသားဖြစ်သူရဲ့လက်ထပ်ပွဲနေ့မှန်းသိသည်
သို့ပေသိ သားဖြစ်သူက သူ့ကိုအဖတ်လုပ်ကာခေါ်ခြင်းမရှိတော့ သူကိုယ်တိုင်လည်းမသွား
တစ်ဦးတည်းသောသားလေးရဲ့ လက်ထပ်ပွဲကိုသွားချင်ပေမဲ့မာနကခွင့်မပြု
ဟူး .....ခက်တယ်မနောဖြူတစ်ယောက်ကတော့ ပေါက်ကွဲနေလေသည်
ဒီေနေ့ကအမှန်ဆို သူမပွဲထွက်ရမဲ့နေ့လေ ဒါပေမဲ့ ဟိုအဖိုးကြီးကမသွားတော့ သူ့မှာဘာမှလုပ်ခွင့်မရှိ
လက်ထပ်မှတ်ပုံတင်လည်းမတင်ထား တစ်ခါမှဦးမင်းနိုင်ဦးရဲ့မယားဖြစ်ပွဲမထွက်ဖူးရင် နောက်ပိုင်းပိုင်ဆိုင်မှုခွဲဝေမှုကျခက်ခဲစေနိုင်သည်"တောက်!! ဒေါသထွက်လွန်းလို့သေတော့မယ်"