part11

4.2K 152 3
                                    

မနက်ခင်းအလင်းရောင်ဟာ မျက်နှာတည့်တည့်ထိုးနေတာကြောင့် နိုင်းနိုးလာသည်

"အာ့! ကိုယ်လက် တွေနာလိုက်တာ"
နည်းနည်းလှုပ်လိုက်တာနဲ့နာလွန်းတာကြောင့် နိုင်းအိပ်ယာပေါ်ပြန်လှဲလိုက်တယ်
ထိုစဥ် စောင်ထဲကလက်တစ်ဖက်ကသူ့ကိုလာဖက်တာကြောင့်နိုင်းလန့်သွားတယ်

"မင်း....မင်းဘယ်သူလဲ"

"နိုင်း...."
စောင်ထဲကလူမှာ သူ့သူငယ်ချင်းနောင်ပိုင်ဖြစ် နေတာကြောင့်အနည်းငယ်စိတ်အေးသွားတယ်
ဒါနဲ့ငါ့တစ်ကိုယ်လုံးဘာလို့နာနေပါလိမ့်

"ငါ....ငါတောင်းပန်ပါတယ်"

"ဘာလို့လဲ"

"ညက ငါတို့လွန်ကျူးခဲ့ရတယ်"

"ဘာရယ်!!!!"
အရင်ဘဝကခေါင်းလောင်းလျူထားသလားမသိ အသံအောင်လွန်းသောနိုင်းမှအော်လာခြင်းကြောင့်နောင်ပိုင်မှာနားတောင်အူထွက်သွားတယ်

"ဖြေးဖြေးပြောပါနိုင်းရယ်"

"မင်း! မင်းငါ့အပေါ်ကိုလုပ်ရပ်တယ် အခုထွက်သွားစမ်း!!"
နိုင်းရဲ့စိတ်ထဲဝမ်းနည်းစို့နင့်မှုကအလုံးအရင်းဝင်ရောက်တယ်
အခုသူဟာနောက်ကျောဓါးနဲ့အထိုးခံလိုက်ရသလိုခံစားလိုက်ရတယ်

" ငါ...ငါရှင်းပြပါရစေ "

"မလိုဘူး ထွက်သွား! မဟုတ်ရင်ငါသွားမှာနော်"

"ငါထွက်သွားပေးပါမယ်"

သူ့ပရောဂကြောင့်အခုနိုင်းအရမ်းနာကျင်နေမှာသူသိသည်
နိုင်းအနေနဲ့ဘယ်လိုမှအပြင်ထွက်လို့ရမှာမဟုတ်မှန်းသိတာကြောင့်သူဘဲထွက်သွားပေးခဲ့သည်

××××××××××××××××××××××××××××××××××××××
မဒီနိုးလာတဲ့အချိန် နွေးထွေသောရင်ခွင်တစ်ခုထဲရောက်နေသည်
သေချာကြည့်လိုက်တော့ နေနွယ်ရဲ့ မျက်နှာချောချောပင်

"အာ ညကငါအသောက်များပြီးဒီမှာအိပ်မိသွားတာဘဲ"

မဒီ နေနွယ်မနိုးအောင်တိုးတိုးတိတ်တိတ်ဘဲထွက်သွားဖို့ဆုံးဖြတ်ခဲ့တယ်
ကုတ်ကုတ်နဲ့ ထွက်သွားသော မဒီကြောင့် အိပ်ချင်ယောင်ဆောင်နေသောနေနွယ်မှာပြုံးလိုက်တယ်

သူမညကသူ့ကိုရည်းစားစကားပြောခဲ့တာမေ့သွားလေးလာ
အဟက်! မင်းမေ့လို့မရဘူးနော် မင်းက ငါ့ရဲ့လူ

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဧကရာဇ်နိုးလာတော့သူ့အိပ်ရာနွေးနွေးမှာကြင်သူကရှိမနေ
သူချက်ချင်းဘဲအိပ်ယာကကုန်းထပြီးအရုပ်ကိုလိုက်ရှာလိုက်တယ်

"အရုပ်! "

"အရုပ်!"

"အရုပ်!"

"ငါဒီမှာ"
မီးဖိုခန်းထဲကအေပရွန်ဝတ်လေးနှင့်ထွက်လာသောအရုပ်ကိုဧကရာဇ်သဘောမကျ

"အစောကြီးဘယ်ထသွားတာလဲ"

"ငါ မင်းစားဖို့မနက်စာထချက်တာ"

"မလိုဘူး နောက်နေ့ကျုပ်မျက်လုုံးဖွင့်တာနဲ့ခင်ဗျားမျက်နှာမြင်ချင်တယ်"

"အင်းပါ"

"အခုအပေါ် လိုက်ခဲ့ကျုပ်ရေချိုးမလို့"

"ဒါပေမဲ့ ဟင်းအိုး..."

"အိမ်အကူထားထားတာအလကားမဟုဘူး ခုလိုက်လာခဲ့"

အရုပ် ကမန်းကတန်းအေပရွန်လေးချွတ်ပြီး ဧကရာဇ်နောက်လိုက်ခဲ့ရသည်
ဟမ်း လူကိုသူ့အိမ်စေကြနေတာဘဲ

 

သက်ရှိအရုပ်(the end)Where stories live. Discover now