သက်ရှိအရုပ်
အပိုင်း ၁၇"အာ့! ကျွတ်ကျွတ်!"
အရုပ်တစ်ကိုယ်လုံးနာကျင်ကိုက်ခဲစွာနိုးထလာသည်
သူ့ကိုနာကျင်စေတဲ့လက်သည်ကတော့ ကောင်းကောင်းကြီးအိပ်လို့သူအိပ်ယာကနေအားတင်းထပြီးစားပွဲပေါ်ကဖုန်းကိုယူလိုက်တယ်
သူ့လက်ထဲပါလာတာကဧကရာဇ်ရဲဖုန်းဖြစ်သည်
နာရီကြည့်ရုံဘဲဆိုတော့ ပြန်မလဲတော့ဘဲဖုန်းကိုဖွင့်လိုက်တယ်
" ဟင်... ဒါ ဒါတွေက"
အရုပ်မြင်လိုက်ရတဲ့ပုံတွေကြောင့်အလွန်အံ့အားသင့်သွားတယ်
သူအမေ့ဧည့်သည့်နဲ့ ထိုင်နေတာကိုရှုထောင့်အမျိုးမျိုးကနေ တစ်မျိုးတမည်မြင်အောင်ရိုက်ကူထားတဲ့ဓါတ်ပုံတွေ
ပြီးတော့ပို့ထားတဲ့ ဖုန်းနံပါတ်ကလည်း သူအမေနံပါတ်ဖြစ် နေတယ် အမေကသူ့အိမ်ထောင်ရေးကိုပြိုကွဲစေချင်နေတာလား ဘာကြောင့်လဲ!အရုပ် ခေါင်းတွေမူးနောက်လာပြီး တစ်ကိုယ်လုံးလည်းအားအင်ဆုတ်ယုတ်ကာလဲကျသွားတော့တယ်
ဒါပေမဲ့ သူ့ကိုယ်လုံးလေးဟာ ကြမ်းပြင်နှင့်မိတ်မဆက်ဘဲရင်ခွင်နွေးနွေးထဲရောက်သွားတယ်"အရုပ်... အရမ်းနာနေလို့လား"
"မဟုတ်ပါဘူး ခေါင်းနည်းနည်းမူးသွားရုံပါ"
ဒီလိုကိစ္စမျိုးသည်လက်ထပ်ထားတဲ့စုံတွဲကြား၌ဖြစ်နေကြမို့ အရုပ်ထွေထူးပြီးလည်းခံစားမနေရပါဘူး"ဆရာဝန် ခေါ်လိုက်မယ်"
"နေနေ ငါဘာမှမဖြစ်ဘူး ရုတ်တရက်ထလိုက်လို့ပါ"
"ဒါဆို အခုဘယ်သွားမလို့လဲ"
"ရေချိုခန်းထဲ"
"မောင်လိုက်ပို့ပေးမယ်"
"အင်း"
ဧကရာဇ် ေရချိုးခန်းပွေ့ချီ ခေါ်လာတာကိုအရုပ်ငြိမ်ပြီးလိုက်သွားလိုက်တယ်
"ကဲ အခုရေပူရေအေးလည်းမျှတပြီဆိုတော့ရေချိုးရအောင်"
"မင်းအပြင်ထွက်"
"မထွက်ဘူး မောင်တို့အတူချိုးကြမယ်လေ"
"ဟင့်အင်းနော် ငါမင်းနဲ့အတူမချိုးဘူး"
အရုပ်ရှက်နေမှန်းသိ၍ဧကရာဇ်ထပ်စတယ်
"ဘာလို့လဲကွာ မောင်တို့ကလင်လင်တွေဘဲမဟုတ်လား"