သက်ရှိအရုပ်
အပိုင်း ၁၆"လာလိုက်ခဲ့"
ဧကရာဇ် အရုပ်ကိုရေချိုးခန်းရှိရာသို့တရွတ်တိုက်မဆွဲရုံတမယ် အတင်းဆွဲခေါ်သွားတယ်
ဆေးကြောပစ်မယ်
ဆေးကြောပစ်ရမယ်
အရုပ်ဆီမှာကပ်နေတဲ့အဲ့ကောင်ရဲ့အပေါ်စားအနံ့တွေကိုဆေးကြောပစ်ရမယ် ဟုစိတ်ထဲကတဖွဖွရွတ်ရင်းပေါ့အရုပ်သည် သူ့အားရေချိုးခန်းထဲအတင်းဆွဲခေါ်လာတဲ့ ဧကရာဇ်ကြောင့်အနည်းငယ်လန့်လာသည် သူဘာတွေဒီလောက်ဒေါသထွက်နေရတာလဲ
ဧကရာဇ်ရေချိုးခန်းထဲရောက်တာနဲ့ အရုပ်ရဲ့အဝတ်တွေကိုဆွဲဖြဲပစ်တယ်
ပြီးမှ ရေပန်းကိုဖွင့်ပြီးအရုပ်တစ်ကိုယ်လုံးကိုဆေးကြောပစ်တယ်"မင်း! ငါ့ကိုအနိုင်ကျင့်လွန်းနေပြီနော်!! "
သူ့တစ်ကိုယ်လုံးကို ဧကရာဇ်ကအားထည့်ကာပွတ်တိုက်နေခြင်းကြောင့်အရုပ်တစ်ကိုယ်လုံးနာလာသည်
ဒါကြောင့်ဧကရာဇ်အားပိတ်အော်ပစ်လိုက်တယ်"ခင်ဗျားကအားကိုးရှိတော့ကျုပ်ကိုပြန်အော်ပြီပေါ့လေ အရုပ်!!"
အရုပ်အော်မိပြီးမှနောင်တရလာတယ်
အခု ဧကရာဇ်ဒေါသထွက်နေပုံကအရမ်းကိုကြောက်ဖို့ကောင်းတယ်"မဟုတ်...ငါမဟုတ်"
"အဟက်! ဒီနေ့ခင်ဗျားကိုကျုပ်တစ်ယောက်တည်းပိုင်တယ်ဆိုတာပြပေးမယ်!"
"ငါ့ကိုလွှတ်!"
ရုတ်တရက်သူ့ကိုယ်လေးကိုကောက်ထမ်းလိုက်တာကြောင့် အရုပ်အလန့်တကြားအော်လိုက်မိတယ်
ဧကရာဇ်ကတော့အိပ်ခန်းဆီဦးတည်မြဲ"သူနဲ့ငါတစ်ကယ်ဘာမှမဟုပါဘူး"
အရုပ်ဘာပြောပြောဧကရာဇ်နားမဝင်ဘူး
သူကအိပ်ခန်းထဲရောက်တာနဲဘအရုပ်ကထုယ်လုံးလေးကိုကုတင်ပေါ်ပစ်တင်လိုက်တယ်"ကျုပ်က ခင်ဗျားရဲ့တစ်ဦးတည်းသောဆိုင်သူဆိုတာ အမှတ်ရနေအောင်အခုလုပ်ပေးမယ်သက်ရှိအရုပ်လေး "
ထို့နောက် အရုပ်သည် ဧကရာဇ်ထံမှထပ်ကာထပ်ကာစားသုံးခြင်းခံလိုက်ရတယ်
တစ်ကိုယ်လုံးလည်းနေရာမလပ်အောင်အမှတ်အသားပေးခံလိုက်ရတယ်
ဒါသူပြောတဲ့ပိုင်ဆိုင်ခြင်းအမှတ်အသားထင်ပါရဲ့×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
"မမလေးဆိုင်ကိုဧည့်သည်တစ်ယောက်ရောက်နေပါတယ် သူကမအလေးနဲ့ဆွေးနွေစရာရှိလို့တဲ့""ကောင်းပြီ မဒီအခုလာခဲ့မယ်နော်"
မဒီဖုန်းချပြီးဧည့်သည်အားချက်ချင်းဘဲသွားတွေ့လိုက်တယ်
ဧည်သည့်အာစောင့်ခိုင်းခြင်းသည် မယဥ်ကျေးတဲ့အပြုအမူမဟုတ်လားစောင့်နေသည်ကိုဆိုသောဧည့်သည်ကိုတွေ့လိုက်တော့ မဒီအံ့သြသွားတယ်
သူနဲ့မဒီက ခန့်ညားရဲ့လက်ထပ်ပွဲပြီးကတည်းကမတွေ့ဖြစ်ကြတော့ဘူးလေ"နေနွယ် ..."
"မင်းလာပြီလား"
နေနွယ်ကမဒီကိုကြည့်ပြီးနူးနူးညံ့ညံ့လေးပြုံးတယ်
"မဒီနဲ့ဆွေးနွေးချင်တယ်ဆိုတာကဘာများလဲ"
"ကိုယ်မင်းဆီဝတ်ဆုံအပ်ချင်လို့"
"ဘယ်လိုဝတ်ဆုံမျိုးလဲ ပွဲတက်လား"
"မဟုတ်ဘူး ကိုယ်အဝတ်အစားတွေအားလုံးကို မင်းစီမံပေးစေချင်တာ"
နေနွယ်ရဲ့စကားကတစ်ခုခုအဓိပ္ပါယ်ဆောင်နေသလား မဒီတွေးလိုက်မိပေမဲ့ ထိုအတွေးကိုစိတ်ထဲကချက်ချင်းထုတ်ပစ်လိုက်တယ် ချမ်းသာတဲ့သူတွေကကိုယ်ပိုင်ဒီဇိုင်နာထားချင်တာပုံမှန်လိုပါဘဲ"အဲ့လိုမျိုးလိုချင်တာဆို နေနွယ်ရဲ့တစ်ပတ်စာအချိန်ဇယားကိုမဒီသိရမှဖြစ်မယ်"
"ခနနေကိုယ့်လူတွေလာပြောပေးလိမ့်မယ်"
" ကောင်းပါပြီ သဘောကျတတ်တဲ့အရောင်သုံးရောင်ကရော "
"အနီ အနက် အညို"
"ကောင်းပါပြီ"
"အခုမင်းအားလား"
"မဒီအားပါတယ်"
"ဒါဆို နေ့လည်စာအတူသွားစားရအောင်"
မဒီငြင်းလိုက်ရင်ဒါဟာရိုင်းရာကျလိမ့်မည်
အခုသူတို့ကပါတနာတွေဖြစ်နေကြပြီမလား"သွားကြတာပေါ့ နေနွယ်ဒကာခံရမှာနော်"
"ကိုယ်ဒကာခံမှာပါ"
သူတို့နှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြိုင်တူပြုံးလိုက်ကြတယ်