part 4

5.4K 182 9
                                    

ရုပ်သေးတို့အခုရောက်နေတာကလက်ဝတ်ရတနာဆိုင်တစ်ခုဖြစ်သည်

"ဘာများအလိုရှိပါသလဲအကိုတို့"

"ဆိုင်ရှင်ကိုခေါ်ပေး"

ရုပ်တည်ကြီးနဲ့ပြောလိုက်တာကြောင့် ဝန်ထမ်းမလေးကအနည်းငယ်လန့်သွားဟန်ဖြင့်
"ဘာများမကျေနပ်စရာရှိလို့ပါလဲရှင့်"

"မရှိဘူး ငါတို့ Wedding   အတွက် လက်စွပ်အပ်မလို့"

" အော် ဟုတ်ကဲ့ရှင့် အခုသွားခေါ်ပေးပါ့မယ်"

ခနအကြာဝန်းထမ်းမ ေလးနဲ့အတူဆိုင်ရှင်ရောက်လာတယ်

"လက်စွပ်အပ်ချင်လို့ဆို"

"အင်း"

"ဒီဇိုင်းက​ရောဆိုင်ဘက်ကတာဝန်ယူပေးရမှာလားရှင့် "

"မလိုဘူး ငါဒီဇိုင်းဆွဲထားပြီးပြီ"

ထိုစကားကြားသည့်အခုရုပ်သေးအံ့သြသွားရသည်
ဧကရာဇ်ကကိုယ်တိုင်ဒီဇိုင်းဆွဲထားတာတဲ့လား.....

ဆိုင်ရှင်က သူ့လက်ထဲ ရောက်လာတဲ့ လက်စွပ်ပုံကြမ်းကြောင့် ပြုံးလိုက်တယ်

"သိပ်လှတဲ့ လက်ရာဘဲ အချိန်အတော်ကြာဆွဲထားရမယ်ထင်တယ်"

"အင်း မင်းတို့ဘက်က လက်စွပ်ကိုလုပ်ပေးနိုင်လား"

" ရပါတယ်ရှင့်"

သူတို့လက်စွပ်ကိစ္စဆွေးနွေးပြီးတော့အဝတ်အစားဆိုင်သွားကြတယ်
တိုက်တိုက်ဆိုင်ဆိုင် သူ့တို့ရောက်သွားတဲ့ဆိုင်က ခန့်ညားရဲ့ ငယ်သူငယ်ချင်းလည်းဖြစ် မတော်လိုက်ရတဲ့သတို့သမီ​းလောင်းရဲ့ဆိုင်လည်းဖြစ်နေတယ်

"ခန့်ညား!!"

"မ..မဒီ"
ရုပ်သေးသူမကိုစေ့စေ့မကြည့်ရဲ သူ့ကြောင့်..သူ့ကြောင့်မဒီလူပုံအလယ်အရှက်ရခဲ့သည်မဟုလား....

မဒီသည်သွက်လက်သောမိန်းကလေးပီပီရုပ်သေးအနား ချက်ချင်းရောက်လာပြီး လက်နှစ်ဖက်အားဆုပ်ကိုင်လိုက်သည်

"နင် အဆင်ပြေရဲ့လားခန့်ညား"

"ပြေပါတယ် ဟိုငါတောင်းပန်ပါတယ် ငါကြောင့်"

"မလိုပါဘူး သူငယ်ချင်းရယ် ဒါ သူ့ကြောင့်ဖြစ်တာမှန်းငါသိပြီးသားဟွန့်"
မဒီက သူ့ဘေးကဧကရာဇ်ကိုမျက်စောင်းလှမ်းထိုးသည်
ဧကရာဇ်ကလည်းခပ်တည်တည်ပင် ရုပ်သေးကိုခါးဖက်ပြီး သူ့ဘက်ဆွဲခေါ်တယ်

"ငါ့လူ"

"ဒီမယ် မင်းဧကရာဇ် ခန့်ညားကိုနင်ပိုင်ဆိုင်သလိုမလုပ်စမ်းနဲ့"
မဒီ ခန့်ညားမပေါ် ဒီလူ၏ အပြုအမူများကိုနည်းနည်းမှသဘောမကျပေ
အချိန်ပြည့်ဆွဲလားယမ်းလားနှင့်

"သူကငါပိုင်တာဘဲလေ ငါ့ရဲ့သက်ရှိအရုပ်"

"နင်!!!နင်!!!"

"မဒီရယ်ငါ ...ငါေတာင်းပန်ပါတယ်"

" လာသွားမယ်"
ရုပ်သေး မဒီကိုတောင်းပန်ပြီ ဧကရာဇ်ကိုဆိုင်ထဲကဆွဲထုတ်လာရတော့သည် မဟုတ်ရင် ရန်ပွဲတွေဖြစ်သွားနိုင်သည်

ခန့်ညားတို့ထွက်သွားပြီးတာနဲ့ သန့်စင်ခန်းထဲသွားပြီး မဒီ တိတ်တဆိတ်မျက်ရည်ကျမိသည် ခန့်ညားဆိုတာသူ ဆယ့်ငါးနှစ်ကတည်းကသဘောကျလာရတဲ့သူလေ အခုလိုလက်လွှတ်လိုက်ရတော့ဝမ်းမနည်းဘဲနေမလား

"ပုဝါယူမလား"

အပြာနုရောင် ပုဝါလေးသူ့ရှေ့ရောက်လာလို့ တရာခံအားကြည့်လိုက်တော့ ချောမောလွန်းသည့်အမျိုးသားတစ်ဦး

နေ....နေစမ်းပါဦးဒါအမျိုးသမီးသန့်စင်ခန်းလေ ဘာကြောင့်အမျိုးသားရှိနေရတာလဲ

"နှာဘူး!!!"

ရုတ်တရက်ထအော်တဲ့ကောင်မလေးကြောင့် နေနွယ်မှာကြောင်တောင်ကြောင်သွားသည် ပုဝါလေးပေးမိတာနှာဘူးဖြစ်သွားရောလား

"ဒီဇယ် မိန်းကလေး...."

ဘုန်း!!!ဘုန်း!!!

နေနွယ်တောင်မရှင်းပြရသေးဘူး မဒီကထုရိုက်ကာအော်ဟစ်တော့သည်

"ယောက်ျားတန်မဲ့ အမျိုသမီးသန့်စင်ခန်းထဲလာဘူးထတဲ့ကောင် နှာဘူးကောင်!! ထွက်သွား!!!ခုထွက်သွား"

နေနွယ် အခုမှသဘောပေါက်သွားတော့သည် ဒီမိန်းကလေးကသူ့ကိုယောကျ်ားတစ်ယောက်ထင်နေတာဘဲ

"ရပ်!!!ရပ် အခုရပ် ငါယောက်ျားလေးမဟုဘူး"

ဘုန်း!!!!ဘုန်း!!

"ဒီလောက်သိသာနေတာကိုငြင်းနေသေးတယ်နှာဘူး!"

မဒီလက်ကလည်းအရိုက်မပျက်ပါးစပ်ကလည်းပြောဆိုနေသေးသည်

" ငါ Tom boy  ကွ!!"

အသား နာလာတော့  နေနွယ်စိတ်မရှည်ဘဲအော်ထည့်လိုက်တော့သည်
အတော်ဆိုးတဲ့မိန်းကလေး လက်သံကလည်းပြောင်ပါ့
သူ့ကျောကအဆုတ်တောင်ကွာပြီလားမှတ်ရတယ်

သက်ရှိအရုပ်(the end)Waar verhalen tot leven komen. Ontdek het nu