"ကျုပ်အပြင်သွားစရာရှိတယ်အရုပ်"
" အင်းအဲ့တော့"
"ကျုပ်အတွက်အဝတ်အစားထုတ်ပေး "
ရုပ်သေးထပြီးဗီဒိုထဲကဒီကောင်လေးကြိုက်လေ့ရှိတဲ့အဝတ်အစားတစ်စုံထုပ်ပေးလိုက်တယ်"ရော့..."
"ဒီတိုင်းရမလား ခင်ဗျားယောက်ျားလောင်းကျုပ်ကိုအဝတ်အစားလဲပေး"
ရုပ်သေးသက်ပြင်းချလိုက်တယ် ဒီကောင်လေးကရုပ်သေးကိုဘယ်လိုခိုင်းစားရမလဲဘဲတွေးနေတာထင်သည်
သူ့အကျီကိုကြယ်သီးတပ်ပေးနေတဲ့အရုပ်ကို ဧကရာဇ်သေချာလိုက်ကြည့်နေတယ် သူ့ပိုင်တဲ့သက်ရှိအရုပ်ကလေးကလှရက်သည်ဆိုမှာ ခြံထဲကပန်းတွေတောင်ထိုင်ငိုလောက်သည်"ပြီးပြီး"
ကြယ်သီးတပ်ပြီးတာနဲ့ သူ့အနားကထွက်ခွာတော့အရုပ်ကိုခါးကနေလှမ်းဆွဲလိုက်တယ်"ကျုပ်အခုဘယ်သွားမှာလဲ မသိချင်ဘူးလား"
"မသိချင်ဘူး"
"ခင်ဗျားမသိချင်လည်းကျုပ်ပြောပြမယ် ခင်ဗျားကိုမကြာခင်တရားဝင်ပိုင်ဆိုင်ရတော့မှာမို့အောင်ပွဲသွားခံမလို့"
ရုပ်သေးပြီးပြီးရောသဘောဖြင့်အင်းဟုသာဖြေလိုက်တယ်
သူ့ကိုဂရုမစိုက်တဲ့အပြုအမူကြောင့် ဧကရာဇ်စိတ်ဆိုးသွားကာအရုပ်၏ကိုယ်လုံးလေးကိုသူ့ဘက်ဆွဲလှည့်ပြီး အနမ်းကြမ်းကြမ်းတွေပေးလိုက်တယ်"အွန့်!!အွန့်!လွှတ်"
သူဘယ်လိုဘဲရုန်းကန်နေပါစေဧကရာဇ်ကအတော် ကြာတဲ့အထိသူ့နှုတ်ခမ်းကိုစားသုံးတာမရပ်သွားဘူး
ဧကရာဇ်အတော်ကြာနမ်းရှိုက်ပြီးမှသူလေးအသက်ရှုကြပ်ဟန်ရှိနေတာမို့လွှတ်ပေးလိုက်တယ်"ညကျ ကျုပ်ပြန်လာတာကိုစောင့်နေအရုပ် အရင်အိပ်နှင့်လို့ကတော့မလွယ်ဘူးမှတ်"
ပြောစရာရှိတာပြောပြီးတာနဲ့ သူငယ်ချင်းတွေနဲ့ချိန်းထားတဲ့ဘားဆီသို့ဦးတည်လိုက်တယ်
××××××××××××××××××××××××××××××××××××××××××××××××××
"ဟျောင့် သားကြီး ဂုဏ်ယူပါတယ်ကွာ မင်းရဲ့အရုပ်ကလေးကိုအပိုင်ရတော့မှာမို့"
သူငယ်ချင်းနောင်ပိုင်ရဲ့ စကားကြောင့် ဧကရာဇ်ရဲ့မျက်နှာမှာဂုဏ်ယူတဲ့အပြုံးမျိုးပေါ်လာတယ်"မင်းသူ့ကိုချစ်နေတာလားဧကရာဇ်"
နိုင်း စိတ်ထဲကခံစားချက်ကိုထိန်းပြီး အပြုံးလေးနဲ့မေးလိုက်တယ်"မချစ်ဘူး"
"ဒါဆိုသူ့ကိုဘာလို့လက်ထပ်ဖို့ကြိုးစားရတာလဲ"
ဒီကောင့်ပါးစပ်ကငြင်းနေပေမဲ့ ရုပ်သေးအပေါ်ဒီကောင်ခံစားချက်ရှိနေတာနိုင်းခံစားမိပါသည် အမြဲတစေရုပ်သေးကြောင့်ဒီကောင်ကြီးမှာရန်ပွဲနဲ့မပျက်"သူ့ကငါပိုင်တဲ့သက်ရှိအရုပ်မို့ ငါကလွဲပြီးဘယ်သူမှသူ့ကိုပိုင်ဆိုင်ခွင့်မရှိဘူး"
နိုင်းမသက်မသာသက်ပြင်လေးခိုးချလိုက်တယ်
နိုင်း မျက်နှာမကောင်းတာနောင်ပိုင်ခံစားမိသွားတဲ့အခါ နှစ်ယောက်လုံးရဲ့စကားဝိုင်းကိုဖျက်ချလိုက်တယ်"ကဲကဲ အဲ့အကြောင်းဆက်မပြောနဲ့တော့ ငါတို့သူငယ်ချင်းတွေပျော်ပျော်ပါးပါးသောက်ကြတာပေါ့ "
"ချီးယား!" +3
××××××××××××××××××××××××××××××××××××××××××××××××××သူပြန်လာမှအိပ်ရမည်ဆိုသောဧကရာဇ်ရဲ့ရာဇသံကြောင့်ဆယ်နာရီထိုးတဲ့အထိရုပ်သေးမှာထိုင်စောင့်နေရသည်
ပွမ်!ပွမ်!!ပွမ်!!
ကားဟွန်းတီးသံကြောင့်ရုပ်သေးချက်ချင်းေပြးပြီးခြံတံခါးအပြေးသွားဖွင့်ပေးလိုက်တယ်
"အကို.."
"အော် ညီတို့ပါလား "
"ဟုတ်တယ်အကို ဒီကောင်အရမ်းမူးနေလို့ကျွန်တော်တို့လိုက်ပို့ပေးတာ"
"အရုပ်ရေ!!!!"
မူးမူးနဲ့အော်ဟစ်နေတဲ့ဧကရာဇ်ကို နောင်ပိုင်တို့ကအရုပ်လက်ထဲလွှဲပေးလိုက်တယ်"ပြန်လာပို့ပေးတဲ့အတွက်ကျေးဇူးပါကွယ်"
"ရပါတယ်အကိုရယ်"
"အရုပ်ရေ!! "
မူးရူးကွဲပြဲနေတဲ့ ဧကရာဇ်ရဲ့ကိုယ်ကြီးကိုမနည်းထိန်းပြီးအိမ်ထဲထိခေါ်သွားရတယ်ထွက်ခွာသွားတဲ့ကျောပြင်နှစ်ခုကိုဆွေးတမြေ့မြေ့ငေးနေတဲ့နိုင်းကိုနောင်ပိုင်နှစ်သိမ့်လိုက်တယ်
"မမှီတဲ့ပန်းကိုတုံးခုလို့မလှမ်းချင်ပါနဲ့လားနိုင်းရယ် မင်းဘဲပင်ပန်းလိမ့်မယ်လာပါပြန်ကြရအောင်"
"အင်း"
နိုင်းလှည့်ကြည့်လှည့်ကြည့်နဲဘဲကားပေါ်တက်လိုက်တော့တယ်