သက်ရှိအရုပ်
အပိုင်း၂၈နိုင်းတို့နှစ်ဦးမိဘတွေရှေ့မှာမျက်နှာမသာမယာဖြစ်ကာထိုင်နေကြရသည်
လက်မထပ်ရဖို့အရေးကြံဖန်တွေးကာမှတည့်တည့်တိုးတဲ့အဖြစ်သူတို့မိဘတွေကတော့အပြုံးတွေဖုံးမရဖိမရတော့
အတော်လေးကိုကျေနပ်နေကြသည့်ပုံပင်"သားတို့ကိုအမြန်လက်ထပ်ဖို့စီစဥ်ပေးမှထင်တယ်"
"ဟုတ်ပါ့တော်ရေ သူတို့ကချစ်သူတွေတောင်ဖြစ်နေကြပြီတဲ့"
"အမေသားတို့က..."
နိုင်းရဲ့စကားကိုသူအမေကလက်ကာပြ၍ရပ်တန့်စေလိုက်ပြီး
"သားတို့ လက်ထပ်ပွဲအတွက်ရက်တွေသေချာတွက်ချက်ဖို့ဆရာမတောင်ခေါ်ထားရတာ"နိုင်းကိုယ့်နှာဖူးသာကိုယ်ရိုက်လိုက်မိတော့သည်
သူနဲ့လက်ထပ်ရမယ်ထင်တဲ့မိန်းကလေးကအမေတို့ခေါ်ထားတဲ့ဗေဒင်ဆရာမတဲ့နောင်ပိုင်ကတော့စိတ်ထဲအတော်လေးကျေနပ်နေတယ်
သူနိုင်းကိုပိုင်ဆိုင်ခွင့်တော့မည်လေဗေဒင်ဆရာမကရက်တွေ သေချာတွက်ချက်ပြီးလက်ထပ်ပွဲရက်ကိုသတ်မှတ်ပေးသည်
နိုင်းခဗျာ သူနဲ့သားက ဒီတိုင်းသူငယ်ချင်းတွေ လက်မထပ်ချင်ဘူးပြောလို့မရတော့ဘူး
ပြောလို့ကတော့သူ့အမေထသတ်မှာအသေအချာ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဧကရာဇ်သက်သာပြီးတဲ့အခါမှာပုံမှန်အတိုင်းအလုပ်သွားတယ်
နေ့ရက်တိုင်းကပုံမှန်ပင်
ထူးဆန်းတာက
အရုပ်ကသူ့အပေါ်ဂရုစိုက်မှုတွေမရှိတော့သလိုဘဲ
အမြဲလိုလိုလည်းအပြင်ထွက်နေတတ်သည်အခုအရုပ်နဲ့သူ့ကြားကအေးစက်စက်ဖြစ်နေတဲ့အခြေအနေကိုပြောင်းလဲဖို့
အလုပ်ကအပြန် အရုပ်ကြိုက်တဲ့မုန့်တွေဝင်ဝယ်တော့သည်ဆိုင်ထဲမှာတွေ့လိုက်ရတဲ့လူကြောင့်မျက်လုံးကိုထပ်ကာထပ်ကာပွတ်ပြီးကြည့်လိုက်သည်
ဒါအရုပ်မှ အရုပ်အစစ်
အရုပ်ကယောက်ျားတစ်ယောက်နဲ့မုန့်အတူစားရင်ရယ်မောနေတာသူ့ကိုတောင်မမြင်ဘူးဧကရာဇ်ပါးစပ်ထဲရှာလကာရည်တစ်ပုလင်းလုံးလောင်းထည့်ခံလိုက်ရသလိုချဥ်တူးလာတယ်
မထွက်တာကြာပြီဖြစ်သည့်ဒေါသတွေကလည်းအတိုင်းအဆမရှိအုံကြွလာသည်
ဒီရက်ပိုင်းသူ့အပေါ်စိမ်းကားလာတာ
ဒီကောင်ကြောင့်ပေါ့လေဧကရာဇ်တောက်ခေါက်ပြီးလေအလျင်အလားအရုပ်တို့ဆီသွားလိုက်သည်
"အရုပ်!!!!""အော် မောင်ဘယ်လိုလုပ်..."
အရုပ်တောင်စကားဆုံးအောင်ပြောခွင့်မရဘူးဧကရာဇ်ကအတင်းအကြပ်ဆွဲခေါ်သွားတော့သည်
ကားထဲရောက်တဲ့အခါ
"မောင် ဘာဖြစ်..""တော်စမ်း! အိမ်ရောက်မှရှင်းမယ်"
ကားစီယာတိုင်ကိုကိုင်ထားတဲ့လက်တွေကတုန်နေတဲ့အထိကိုသူဒေါသထွက်နေတာဖြစ်သည်
သူ့မှာတော့အရုပ်များစိတ်ထဲမကျေမနပ်ဖြစ်နေတာလားဆိုပြီး ချော့ဖို့စဥ်းစားထားတာ
အရုပ်ကတော့....နောက်တစ်ယောက်ရနေတာတဲ့လားဧကရာဇ်ဘာကိုစိတ်တိုနေသည်မှန်းအရုပ်မသိပေမဲ့တိတ်တိတ်လေးနေခဲ့သည်
သူစိတ်တိုနေတဲ့အချိန်မှာစကားပြောဖို့ကလုံးဝမသင့်ဘူးလေအိမ်ရောက်တာနဲ့အရုပ်ကိုတစ်ချက်မကြည့်ဘဲအိမ်ပေါ်ထပ်ကိုတက်သွားတာမို့အရုပ်လည်းလိုက်တက်လိုက်သည်
"မောင် ဘာတွေလုပ်နေတာလဲ"
သံကြိုးတွေယူထုတ်လာသောကြောင့်အရုပ်မေးလိုက်မိခြင်းပင်
ဒီသံကြိုးတွေဘာလုပ်မလို့လဲ???"မင်းအတွက်"
ဧရာဇ်သံကြိုးထိပ်တစ်ခုကိုကုတင်တိုင်မှာသော့ခတ်ပြီးအရုပ်နားတစ်လှမ်းခြင်းလျှောက်လာသည်
တစ်ခုခုမူမမှန်တာကိုခံစားမိသွားတာနဲ့အရုပ်လှည့်ပြေးဖို့ကြံပေမဲ့နောက်ကျသွားပြီ
ဧကရာဇ်ကအရုပ်အားတွန်းလှဲပြီးသံကြိုးခတ်ဖို့ကြိုးစားတော့တယ်အရုပ်ရုန်းရင်းဖြင့်
"မောင်ဘာတွေလုပ်နေတာလဲ!!!" ဟုအော်ဟစ်ပစ်လိုက်သည်"ထွက်မပြေးရဘူး! မောင့်ဆီကထွက်မပြေးရဘူး"
သူကအရူးတစ်ယောက်လိုထိုစကားကိုရေရွတ်ပြီးအရုပ်ခြေထောက်ကိုသံကြိုးခတ်ဖို့ကြိုးစားသည်အချိန်တစ်ခုအကြာမှာတော့ အရုပ်မောလာတာမို့ဆက်မရုန်းနိုင်တော့
ဒါကိုမြင်တော့ဧကရာဇ်ကစိတ္တဇဆန်ဆန်ပြုံးလာရင်း အရုပ်ခြေထောက်တွေကိုသံကြိုးခတ်လိုက်သည်"မောင့်ရဲ့ သက်ရှိအရုပ်လေး မောင့်လက်ကပြေးမလွတ်တော့ဘူး ဟားဟားဟား"
အခုဧကရာဇ်ရဲ့ပုံစံကကြောက်ဖို့ကောင်းလွန်းတာမို့အရုပ်မှာမျက်ရည်တွေဥလာသည်
အခုသူ့ရှေ့မှာရှိနေတာက မောင်မဟုတ်ဘူး!
![](https://img.wattpad.com/cover/336961082-288-k855722.jpg)