သက်ရှိအရုပ်
အပိုင်း၃၁
"မေ့သွားတာလား ဒေါ်မနောဖြူ
ကျွန်တော်ကိုဘယ်ကခိုးခဲ့လဲ ဆိုတာ"ထိုစကားကြောင့် ဒေါ်မနောဖြူကြောက်စိတ်တွေဝင်လာသည်
သူ ....သူသိနေတယ်
ငါ့အကြောင်းကို...."သိပ်အံ့သြသွားလားဒေါ်မနောဖြူရဲ့ ခင်ဗျားအကြောင်းတွေသိကုန်လို့"
"ငါဘာမှမလုပ်ထားဘူး! ငါဘာမှမလုပ်ထားဘူး
ငါကမင်းအမေနော်"အရုပ်၏မျက်လုံးတွေကသားရဲတစ်ကောင်အလားစူးရဲလာကာ
"ခင်ဗျားကမမှတ်မိတော့ဘူးဆိုတော့ကျုပ်ပြန်ပြောရတာပေါ့!
ကျုပ်အမေက ေဒါ်နှင်းရည် ခင်ဗျားရဲ့အမ
ကျုပ်အမေနဲ့အဖေနဲ့ကကွာရှင်းပြီး အဖေကအကို့ကိုခေါ်သွားတယ်
အမေကကျုပ်ကိုခေါ်ထားတယ်
လောဘကြီးတဲ့ခင်ဗျားဗီဇအရ အမွေတွေလိုချင်လို့!ကျုပ်အမေကိုသတ်ပစ်ခဲ့တာလေ
မှတ်မိရဲ့လား! ခင်ဗျားမှတ်မိရဲ့လား!"ဒေါသတေွထိန်းမရအောင်ထွက်လာမို့အရုပ်စိတ်ရှိလက်ရှိအော်ဟစ်ပစ်လိုက်သည်
"ရူးနေတာလား ငါ့အမကိုငါသတ်စရာလား
ပြီးတော့ ငါသာသတ်ခဲ့ရင်မင်းကိုမွေးစားပါ့ဦးမလား!"ဒေါ်မနောဖြူသည် ငြင်းနိုင်သမျှ
ဖင်ပိတ်ငြင်းဖို့တွေးထားသည့်ပုံပင်"အဟက်! ခင်ဗျားကျုပ်ကိုမွေးစားတယ်ဆိုတာက
ကျုပ်ကိုဗန်းပြပြီးကျုပ်အဖေဆီကခြူစားရအောင်လေ!""ခင်ဗျားသိလား ဒီလိုလက်စားချေဖို့ကျုပ်!ဆယ်စုနှစ်လောက်စောင့်လာရတာ
အစကတော့ မာန်ကိုခိုင်းပြီး ခင်ဗျားကိုအကြွေးနစ်အောင်လုပ်ခိုင်းတာ
ကုန်းကောက်စရာငွေမရှိတော့လို့စိတ်သောကရောက်မဲ့ပုံကိုအရသာခံကြည့်မလို့ဘဲ
ဒါပေမဲ့ ခင်ဗျားကမောင့်ကိုအကြိမ်ကြိမ်ဒဏ်ရာရအောင်လုပ်ထားတော့ ကျုပ်လွှတ်မထားနိုင်တော့ဘူး"အရုပ်လူတစ်ယောက်ကိုမျက်စပစ်ပြလိုက်တယ်
ထိုလူကအလိုက်သိစွာ ဒေါ်မနောဖြူအနားသွားကာသေနတ်နဲ့ချိန်လိုက်သည်"မာန်...."
"ပြောလေအကို ..."
"သူ့အလောင်းကိုရှင်းပေး.."
ေပြာစရာပြောပြီးအရုပ်လှည့်ထွက်လိုက်သည်
ထိုစဥ် ဒိုင်းဆိုသောသေနတ်သံနှင့်အတူ
အကိုသတိထားဟူသောစကားသံတို့တစ်ပြိုင်ထဲထွက်ပေါ်လာတယ်
သူလှည့်ကြည့်လိုက်တဲ့အချိန်သေနတ်ဒဏ်ရာနှင့်လဲကျသွားသောမာန်အနားကလူတွေကလည်းရုတ်တရက်ဖြစ်သွားမှုေကြာင့်အံ့အားသင့်နေဟန်ဖြင့်မလှုပ်ကြဘူး
ဒေါ်မနောဖြူအရူးတစ်ယောက်လိုအော်ရယ်နေသည်
သူ့လက်တွေလွတ်နေတာကြာပေါ့
သူကိုသတ်မဲ့သူဆီကသေနတ်ကိုလုပြီးဟိုအမျိုးယုတ်လေးကိုပစ်သတ်လိုက်သည်
ကံဆိုးချင်တော့ ကယ်မဲ့သူရှိသွားတယ်"သူ့ကိုအခုသတ်လိုက်စမ်း!"
အရုပ်စကားကြောင့်ပတ်ပတ်လည်ကလူတွေကဒေါ်မနောဖြူအားသေနတ်တွေနှင့်အချက်ပေါင်းများစွားပစ်သတ်လိုက်ကြသည်
အရုပ်ကတော့လဲကျနေတဲ့မာန်ကိုပြေးပွေ့လိုက်ပြီး
"ဘာလို့လဲ! ဘာလို့ဝင်ခံပေးရတာလဲ!"မာန်က နာကျင်နေတဲ့ကြားကအရုပ်ကိုကြိုးစားပြုံးပြသည်
"ချစ်လို့အကို ကျွန်တော်အကိုကို အဟွတ်! ချစ်လို့"သွေးတွေအန်လာတာကြောင့်အရုပ်မျက်ရည်များကျလာကာ
"စကားမပြောပါနဲ့တော့ ဆေးရုံကားခေါ်ပေးမယ်"မာန်ကသွေးတွေပေနေသောလက်နှင့်အရုပ်ပါးကလေးအားကိုင်ကာ
"အကိုမခေါ်ပါနဲ့တော့ ကျွန်တော်မရတော့ အဟွတ်! ...ဘူး ကျွန်တော်ကိုချစ်တယ်လို့ပြောပေးပါလား
ကြားချင်မိလို့ပါ"အရုပ်အစကတုံ့ဆိုင်းနေမိပေမဲ့ မာန့်အားသနားလာတာကြောင့်
" ငါ.....ငါ မင်းကိုချစ်ပါတယ်..."သူစကားဆုံးတာနဲ့ အရုပ်ပါးအားကိုင်ထားတဲ့လက်ကလေးလည်းလျှောကျသွားသလို
မျက်ဝန်းတွေလည်းမှိတ်ကျသွားတော့သည်
အရုပ်လည်းဝမ်းနည်းပက်လက်ငိုကြွေးမိတယ်
သူကြောင့် အပြစ်မရှိတဲ့သူတစ်ယောက်သေခဲ့ရပြီ#အပိုင်း၃၀မှာဒေါ်မနောဖြူရုန်းလို့ကြိုးတွေလျော့နေတာထည့်ရေးထားပါတယ်
#အမွေလိုချင်လို့မိသားစုချင်းပြန်သတ်တဲ့သူတေွတစ်ကယ်ရှိပါတယ်