သက်ရှိအရုပ်
အပိုင်း၂၁ဖခင်ကအိမ်လာလည်ဖို့ဖုန်းဆက်တာကိုအရုပ်သိသွားသောအခါ သူကသွားလည်ချင်သည်ဟုအတင်းပူဆာလာတော့သည်
ဧကရာဇ်ဟိုမိန်းမကြီးရဲ့မျက်နှာကိုမမြင်ချင်ပေမဲ့ချစ်ရသူအလိုကျမွေးဖခင်အိမ်တို့သွားလည်ခဲ့သည်"သား လာလည်တာလား"
သူတို့အိမ်ထဲရောက်တာနှင့်ပထမဆုံးတွေ့ရသည်မှာ ဒေါ်မနောဖြူနှင့်ခပ်ချောချောလူငယ်တစ်ယောက်
ထိုလူငယ်မှာဟိုတစ်နေ့ကအရုပ်နှင့်ကော်ဖီဆိုင်မှာတွေ့ခဲ့တဲ့ကောင်"ဒေါ်အေး...."
"လာပါပြီ"
ဧကရာဇ် ဒေါ်မနောဖြူစကားကိုလျစ်လျူရှုပြီးအိမ်အကူဒေါ်အေးကိုလှမ်းခေါ်လိုက်တယ်
"ဟယ် သခင်လေးတို့လာလည်တယ်"
"ဟုတ်တယ် ဒေါ်အေး အဖေရော"
"အခုနကဘဲ အပေါ်ထပ်တက်သွားတယ် ဒေါ်အေးသွားခေါ်ပေးမယ်"
"အင်း"
ဧကရာဇ်တို့လည်းဒေါ်မနောဖြူတို့နဲ့တစ်ဖက်ဆီမှာဝင်လိုက်ကြတယ်
"သားခန့်ညား"
"ဗျာအမေ"
"သားမှတ်မိလားဒါမာန်လေ ဟိုနေ့ကတောင်တွေ့ကြသေးတယ် သူအခု မင်းဦးလေးနဲ့ဆွေးနွေးစရာရှိလို့ရောက်နေတာ"
ရုပ်သေးပြုံးလိုက်တယ်
သူ့အမေကဧကရာဇ်ထသောင်းကျန်းပြီးပြသနာရှာတာကိုလိုချင်နေတာဘဲ ဒါမှဦးမင်းနိုင်ဦး ကသားဖြစ်သူကိုစိတ်ပျက်သွားမှာဟုထင်နေပုံပင်"ဟုတ်လား အမေ ကျွန်တော်မမှတ်မိဘူး "
ဒေါ်မနောဖြူလက်သီးတင်းတင်းဆုပ်လိုက်တယ်
ဒီကောင် ဘာဖြစ်လို့ငါ့စကားကိုဖြတ်ချရဲတာလဲ!!အရုပ်ပြန်ဖြေတဲ့စကားကြောင့်ဧကရာဇ်ကျေနပ်သွားတယ်
ဒီလိုမှမဟုတ်ဘဲ 'ကျွန်တော်မှတ်မိပါတယ်အမေလို့'ဖြေလို့ကတော့ ဒီနေ့ဒီနေရာမှာပြသနာကြီးကြီးတက်သွားတော့မှာ"ရောက်လာကြပြီပေါ့"
ဦးမင်းနိုင်ဦးသည်ဧည့်ခန်းထဲမှသားဖြစ်သူကိုတွေ့လိုက်ရတဲ့အခါကျေနပ်သွားတယ်
ဘယ်လိုဘဲဆိုဆို ဧကရာဇ်ကသူ့သားလေးပင်မို့ သူ့မှာစိတ်ကြာကြာမတင်းရက်နိုင်"ဟုတ်ဦးလေးနေကောင်းလား"
"ကောင်းပါတယ်ကွယ် သားကမှမေးဖော်ရသေးတယ် ဟိုကောင်ကတော့ အချိုးမပြေဘူး"
မိမိအားလျစ်လျူရှုတဲ့သားကိုကြည့်ပြီးဦးမင်နိုင်ဦးပြောလိုက်တယ်
အရုပ်ချက်ချင်းဘဲ နှုတ်ဆက်လိုက်ဟူသောသဘောဖြင့်ဧကရာဇ်ပေါင်အားလိမ်ဆွဲလိုက်သည်
ဒါကို တော်လွန်းလှပါသောအမောင်ဧကရာဇ်ကထအော်တော့သည်"အား!!! အရုပ်မောင့်ပေါင်ကိုဘာလို့လိမ်ဆွဲရတာလဲ"
ထိုစကားကြောင့်အားလုံးရဲ့အကြည့်တွေက အရုပ်ပေါ်ပြုံကျလာတယ်
"အဟမ်း မတော်တဆလိမ်မိတာ"
ထိုအခါဦးမင်းနိုင်ဦးကသဘောတကျရယ်တယ်
သူ့သားနိုင်စားခံရတာကိုအတော်သဘောကျနေဟန်"အကို...."
မာန်သည် သူ့ကိုဖုတ်လေငပိရှိတယ်လို့တောင်မထင်တဲ့အကိုကိုလှမ်းခေါ်လိုက်တယ်
"သားခန့်ညားနဲ့သိတာလား"
"ဟုတ်တယ်ဦး ကျောင်းတုံးကကျွန်တော့်ရဲ့စီနီယာပါ အကိုကမမှတ်မိဘူး"
ထိုအခါ ဧကရာဇ်ကအရုပ်ကိုခါးကနေဆွဲပြီးသူ့အနားအတင်းကပ်လိုက်တယ်
မသိရင်သားပိုက်ကောင်အမေကြီးကသူ့သားလေးအား ကာကွယ်နေဟန်"ဟုတ်ပါပြီ မိအေး ထမင်းပြင်နေတာပြီးလောက်ပြီအားလုံးထမင်းစားပြီးမှပြန်ကြ"
"ဟုတ်ကဲ့"+3
ထို့နေ့ကအရုပ်တို့ညနေသုံးနာရီမှပြန်လာခဲ့ကြသည် မပြန်ခင်အချိန်အတွင်ဒေါ်မနောဖြူကပြသနာများစွာဖန်တီးဖို့ကြိုးစားသေးသည်
ဒေါ်မနောဖြူ၏ပြသနာဖန်တီးမှုများကိုအရုပ်ကရည်ရွယ်ချက်ရှိရှိပုတ်ချခဲ့သည်
ထို့ကြောင့်မကြာခင်သူပြသနာရှာခံရတော့မည်ကိုလည်း အရုပ်သိနေပြီ
![](https://img.wattpad.com/cover/336961082-288-k855722.jpg)