သက်ရှိအရုပ်
အပိုင်း၂၂အရုပ် ဧကရာဇ်အတွက်နေ့လည်စာထမင်းချိုင့်ပြင်ဆင်နေသည်
အမြဲပြန်လာစားနေကျပေမဲ့ဒီနေ့တော့အရေးကြီးအစည်းအဝေးရှိနာမို့ ထမင်းချိုင့်လာပို့ပေးပါတဲ့လေ
ဒီလောက် အရေးကြီးနေရင်ဝယ်စားလိုက်တာမဟုတ်ဘူး"ကဲပြီးပြီ"
သူအားလုံးပြင်ဆင်ပြီးတာနဲ့ ဧကရာဇ်၏အလုပ်ခွင်သို့ဦးတည်လိုက်တယ်
သူကုမ္ပဏီကိုရောက်တော့ ဧည့်ကြိုမလေးကသူကိုမေးတယ်"ဘယ်သူနဲ့တွေ့ချင်လို့ပါသလဲရှင့်"
"ဧကရာဇ်နဲ့"
"ဟုတ်ကဲ့ သူဌေးနဲ့ကြိုချိန်းထားတာရှိလားရှင့် "
"မရှိဘူး"
"ဒါဆိုကျွန်မဖုန်းဆက်"
"မလိုဘူး ငါကသူနဲ့လက်ထပ်ထားတဲ့သူ"
"အော် ဟုတ် ဒါဆို သုံးလွှာကိုသွားလိုက်ပါ သူဌေးရုံးခန်းရှိပါတယ်"
"အင်း"
ထွက်သွားတဲ့ ကျောပြင်ကိုကြည့်ပြီး ဧည့်ကြိုကောင်မလေးခဗျာ တိတ်တဆိတ်မျက်ရည်ကျနေတယ်
အဆင်ဆိုပြီးငမ်းမလို့လေဟယ် အခုတော့ ရှဟေ့ ရှ!ဧည့်ကြိုကောင်မလေးပြောတဲ့အတိုင်းသူသုံးလွှာကိုသွားလိုက်တယ်
သုံးလွှာရောက်ပြီဆိုတာသူဌေးရုံးခန်းဆိုတာရှာရလွယ်သည်"ဆရာ boss ကိုလာရှာတာလား"
"အင်းထမင်းလာပို့တာ"
ဧကရာဇ်၏အတွင်းရေးမှူးသည် သူတို့ရဲ့လက်ထပ်ပွဲကိုတက်ရောက်ခဲ့သူမို့အရုပ်ထွေထူးပြီးပြောစရာမလို"ဝင်သွားလိုက်ပါဆရာ"
သူလည်း ခေါင်းတစ်ချက်ငြိမ့်ပြပြီး ရုံးခန်းတံခါးကိုဖွင်လိုက်တယ်
ဒါပေမဲ့ အခန်းထဲမှာရှိနေတာဧကရာဇ်တစ်ယောက်တည်းမဟုတ် ဟိုနေ့ကနှင်းဆိုသည့်မိန်းကလေးပါရှိနေသည်
ပြီးတော့သူကဧကရာဇ်ပေါင်ပေါ်ထိတက်နေပြီး လည်းပင်းကိုပါဖက်ထားသေးသည်ထိုမြင်းကွင်းကြောင့် ပါလာတဲ့ထမင်းချိုင့်တွေပစ်ချကာရုံးခန်းက ေနမျက်ရည်လည်ရွှဲနဲ့ေပြးသွားမည်ဟုထင်သလား
နိုးပါ သူခပ်တည်တည်နဲ့ထမင်းချိုင့်ဆွဲပြီးဝင်ချသွားတယ်