သက်ရှိအရုပ်
အပိုင်း၁၄နောင်ပိုင်သည် ဖုန်းခေါ်လည်းမကိုင် မက်ဆေ့ပို့လည်းဝင်မကြည့်သောနိုင်းကြောင့်အတော်လေးကိုစိတ်ညစ်နေရသည်
နိုင်းသူ့ကိုမုန်းသွားပြီထင်သည်
အမြဲတမ်းခံစားချက်တွေထုတ်မပြခဲ့တာလည်း သူငယ်ချင်းအဖြစ် တောင်နိုင်းအနားမရှိနိုင်တော့မှာဆိုးလို့ပင်
အခုတော့...ရွံဖို့ကောင်းလွန်းတဲ့သူ့ကိုယ်သူအပြစ်ပေးတဲ့အနေနဲ့ နံရံကိုလက်သီးနဲ့ အချက်များစွာထိုးပစ်သည်
လက်ကနာတာထက်နိုင်းအနားရှိခွင့်မရတော့တာမို့သူ့ရင်ဘက်ကပိုနာ၏"နင်ဆိုတာပြိုင်ဘက်မရှိတစ်ယောက်တည်းငါ့ချစ်သူပါ
ယုံချင်ယုံမယုံချင်နေ နင်တစ်နေ့တော့နားလည်မှာ
တစ်ကယ်ဆိုလူမသိသူမသိ ချစ်ခဲ့ရတဲ့နေ့ပေါင်းများစွာ
ကံကြမ္မာဟာတစ်ခါတစ်လေအလွန်ထူးခြားဆန်းကြယ်တာ...."ဖုန်းလာတာအတော်လေးကြာမှနောင်ပိုင်သတိဝင်လာတယ်
ခေါ်ဆိုသူကိုကြည့်လိုက်တော့သူရဲ့နိုင်းဆီက"ဟယ်လိုနိုင်း"
"ငါ့အိမ်ကိုအခုလာခဲ့"
"အင်း..အင်းအခုလာခဲ့မယ်"
နောင်ပိုင်ချက်ချင်းဘဲနိုင်းဆီသွားဖို့ပြင်လိုက်တယ်
နိုင်းပြသနာဖြစ်ပြီးရင်ရှောင်ပြေးတာကဖြေရှင်းနည်းအမှန်မဟုဘူးဆိုတာသိသည်
ဒါကြောင့်ထိပ်တိုက်ဖြေရှင်းရန် နောင်ပိုင်ကိုဖုန်းခေါ်လိုက်ရခြင်းပင်တီးတောင်!!တီးတောင်!!
သိပ်မကြာလိုက်ဘူးတိုက်ခန်းရှေ့ကဘဲလ်သီးသံထွက်လာသည်
မြန်လိုက်တာ နာရီဝက်လောက်ကြာသင့်တာကိုဆယ့်ငါးမိနစ်နဲ့ရောက်လာတယ်နိုင်း တံခါးသွားဖွင့်တော့တိုက်ခန်းရှေ့မှာခေါင်းငိုက်စိုက်ကျကာရပ်နေသည့်နောင်ပိုင်
"အထဲဝင်လာခဲ့"
အခန်းထဲရောက်တဲ့အထိ နောင်ပိုင်ကခေါင်းကြီးမမော့လာသေးဘူး
"အဲ့နေ့ကကိစ္စကိုမေ့လိုက်ကြရအောင်"
ထိုစကားကြားတဲ့အခါ နောင်ပိုင်အံ့သြတဲ့မျက်လုံးတွေနဲ့နိုင်းကိုကြည့်လိုက်တယ်