သက်ရှိအရုပ်
အပိုင်း၁၂"အရုပ်မောင့်ကို အဝတ်လာဝတ်ပေး"
ရေချိုးခန်းထဲကထွက်လာတာနဲ့ ရာဇသံကစတင်ပေးပြီဆိုသောစကားကို အရုပ်စိတ်ထဲကရေရွတ်လိုက်တယ်
အပြင်မှာတော့ထုတ်မပြောရဲသူသေသွားနိုင်သည်လေ"အင်း....မင်းအလုပ်သွားမလို့လား"
အဝတ်အစားကူဝတ် ပေးနေရင်းအရုပ်မေးလိုက်တယ်
"ဟုတ်တယ်..."
"မင်းအလုပ်ကဘာအလုပ်လဲ"
ဧကရာဇ်သည် အမြဲတစေလည်ပတ်နေသောသူပင်
သူနဲ့လက်ထပ်ထပ်ခါနီးမှအလုပ်ထလုပ်ခြင်းဖြစ်သောကြောင့်ဧကရာဇ်ရဲ့အလုပ်ကိုသူသိချင်သည်
"ဘာလုပ်မလို့လဲ""ငါသိချင်ရုံပါ"
"အမေ့ဘက်ကကျန်ခဲတဲ့ဟိုတယ်နဲ့ခရီးသွားလုပ်ငန်း"
"အော်...."
အဝတ်အစားလဲပြီးတဲ့အခါဧကရာဇ်ကအရုပ်နှာဖူးထက်အနမ်းတစ်ပွင့်ခြွေတယ်
"အခုအလုပ်သွားတော့မယ်အိမ်မှာကောင်းကောင်းနေ"အရုပ်ခေါင်းငြိမ့်ပြလိုက်ပြီး အိမ်အဝအထိ လိုက်ပို့ပေးခဲ့တယ်
"ပခြုပ်ဆိုင်ပြတင်းက အခန်းစီးစမလို့ကြည့်လိုက်ရင်
ကိုယ့်ရင်မှာဘယ်လိုရှိတယ်မင်းမှန်းနိုင်မလား......ဟင်"ရုပ်းဖုန်းလာတာကြောင့်ကြည့်လိုက်တော့အမေ့ဆီကဖုန်းဖြစ်နေတယ်
"ဟယ်လိုအမေ""********ကော်ဖီဆိုင်ကိုအခုလာခဲ့"
"ဟုတ်ကဲ့"
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဒေါ်မနောဖြူသူ့ကိုလက်ထပ်ပွဲမဖိတ်တာမို့သားဖြစ်သူအားရောက်လာနဲ့ဆုံးမပစ်မည်ဟူသောအတွေးဖြင့်မာန်တင်းကာစောင့်နေသည်"အမေ..."
"ဘာစောက်ချိုးချိုးတာလဲခန့်ညား!"
ရောက်ရောက်ချင်း ပြောလာသည့်မိခင်စကားကိုအရုပ်သဘောမပေါက်ဘူး
"ဘာဖြစ်လို့လဲအမေ""သားတစ်ယောက်လုံးလက်ထပ်တာကို မိခင်ကပွဲမတက်ရဘူးဆိုတော့ ဘာလဲငါ့ကိုမိခင်လို့မသတ်မှတ်တာလား"
"မဟုတ်...မဟုတ်ပါဘူးအမေ"
အရုပ်ကိုယ်တိုင်လည်း သူ့လက်ထပ်ပွဲကိုမိခင်ရောက်မလာတဲ့အတွက်ဝမ်းနည်းနေခဲ့ရတာပါ
ဒါပေမဲ့သူမှဧကရာဇ်စကားကိုမလွန်ဆန်နိုင်တာ"သေချာလား"
"သေချာပါတယ် အမေ"
ဒေါ်မနောဖြူသူ့အကွက်ထဲဝင်လာပြီဖြစ်လို့အကျေနပ်ကြီးကျေနပ်သွားတယ်
"ဒါဆို ငါ့ကို သိန်းတစ်ရာပေး""ဟင်..."
မထင်မှတ်ထားသောစကားမို့အရုပ်မှာပြောစရာစကားများပျောက်ရှသွားတယ်
"ဘာလဲ မင်းကငါ့ကိုငွေမပေးချင်တာလား"
ရုပ်သေးအကြပ်ရိုက်သွားတယ်
သူ့အနေနဲ့ ဘယ်ကငွေရှိမှာလဲ ဧကရာဇ်ဆီကတောင်းမှရမှာပေါ့
ဒါပေမဲ့သူဘာမျက်နှာနဲ့သွားတောင်းရမလဲ မဖြစ်နိုင်ဘူး"ခန့်ညား!! လက်ထပ်ပြီးပြီဆိုတော့ ငါ့ကိုပုန်ကန်ပြီပေါ့ "
"မဟုတ်ပါဘူး...သားရှာပေးပါ့မယ်"
"ပြီးရော ငါနှစ်ရက်အတွင်းလိုချင်တယ်"
"ဟုတ်ကဲ့ပါ"
သူလိုချင်တာရပြီးတာနဲ့ဒေါ်မနောဖြူမှာပက်ကော့ပက်ကော့နှင့်ပြန်ထွက်သွားလေပြီ
ကျန်ရစ်ခဲ့တဲ့အရုပ်မှာတော့ ကြီးမားလေးလံလွန်းတဲ့ကျောက်ခဲကြီးရွက်ထားရသလိုဘဲ"ဟူး အမေဘာတွေလုပ်ထားပြန်ပြီလဲဗျာ"
#မန့်အားလုံးဖတ်ရပါတယ်ရှင်နွေဘက်ကအရှည်မရေးပေးနိုင်လို့အားနာရပါတယ်