ဧကရာဇ်ထွက်သွားတဲ့အတွက် ရုပ်သေးတစ်ယောက်ထဲလမ်းလျှောက်ပြန်ရတော့မည် သူ့မှာဖုန်း ရောပိုက်ဆံရောမှမပါဘဲ
တရွေ့ရွေ့လျှောက်လာရင်း ကံကောင်းချင်တော့နောင်ပိုင်တို့နဲ့သွားတိုးသည်"အကို "
"အော် ညီတို့ပါလား"
"ဘယ်သွားမလို့လဲ ဟိုကောင်ဧကရာဇ်ရော"
"အော် သူအရေးကြီးကိစ္စရှိလို့တဲ့အကိုကိုလမ်းတစ်ဝက်မှာချပေးခဲ့တာ"
"အဲ့ဆိုအခု အကိုအိမ်ပြန်မှာပေါ့"
"ဟုတ်တယ်"
"ဒါဆိုကားပေါ်တက် ကျွန်တော်တို့လိုက်ပို့ပေးမယ်"
"ကျေးဇူးပါဘဲ"
ရုပ်သေးလည်း လမ်းလျှောက်ရတာထက်စာရင်ကာကြုံလိုက်ရတာကသက်သာတာမို့ နောင်ပိုင်တို့နဲ့လိုက်သွားလိုက်တယ်
နောင်ပိုင် သူ့ဘေးကနိုင်းကိုကြည့်လိုက်တော့ ကားမှန်ကနေတစ်ဆင့် အကိုခန့်ညားကိုခိုးခိုးကြည့်နေတာတွေ့လိုက်ရတယ်
သူရင်ထဲတစ်ဆစ်ဆစ်နာနေပေမဲ့ အတတ်နိုင်ဆုံးပြုံးထားတယ်
တစ်ဖက်သတ်ချစ်ရတာ ဝဋ်ကြွေးတစ်ခုလိုဘဲ ပူလောင်ရတယ်နာကျင်ရတယ် နိုင်းရယ် ငါမင်းကိုအဲ့နာကျင်မှုတွေမခံစားစေချင်ဘူး......××××××××××××××××××××××××××××××××××××××××××××××××××
ဧကရာဇ် ဒေါသပြေအောင် လျှောက်မောင်းခဲ့ပြီး အရုပ်ကိုထားခဲ့တဲ့နေရာကိုပြန်လာတော့အရုပ်ကမရှိတော့
"တောက်!! ဟာကွာ!"
သူတောက်တစ်ခေါက်ခေါက်လုပ်ပြီးအရုပ်ဆီဖုန်းဆက်လိုက်တယ်
"အစကတို့နှစ်ယောက်မတွေ့ခဲ့ရင်သိပ်ကောင်းမယ်
အနိုင်ယူလွန်းတဲ့နင့်ကိုအရှုံးပေးခဲ့ပါတယ်"ရုပ်သေးရေချိုးနေရင်းဖုန်းသံကြောင့်သဘက်လေးပက်ကာေရချိုးခန်းထဲကထွက်ပြီးအမြန်ဖုန်းကိုင်လိုက်ကြတယ် အခုဝင်လာတဲ့ဖုန်းကပြေးမကြည့်ရင်တောင်ဧကရာဇ်မှန်း ရုပ်သေးသိသည်လေ
"ဟယ်လို"
"အရုပ်!!!"
တစ်ဖက်ကဒေါသတကြီးအော်သံကြောင့်အရုပ်နားတောင်အူသွားသည်
ဘာတွေဒေါသထွက်နေပြန်တာလဲ ဒေါသကုရ်မာရမင်းသားရယ်