သက်ရှိအရုပ်
အပိုင်း ၂၅အရုပ်အဖွားနဲ့အဖော်ပြုပေးနေစဥ် ဖုန်းဝင်လာခဲ့တယ်
ဒါကဧကရာဇ်ဆီကပင်
"ဟယ်လို....""ဟယ်လို ဒီဖုန်းပိုင်ရှင် ကားတိုက်မိလို့ဆေးရုံရောက်နေပါတယ်"
"ဟမ်....."
ဖုန်းကိုင်ကိုင်ခြင်းကြားရတဲ့စကားက ဧကရာဇ်ကားတိုက်လို့ပါတဲ့လေ"အခု "××××" ဆေးရုံမှာပါ"
"ဟုတ် ...ကျွန်တော်တို့အခုဘဲလိုက်ခဲ့ပါ့မယ်"
ဖုန်းပြောနေရင်းအရုပ်မျက်နှာမကောင်းတော့တာတွေ့တော့အဖွားကမေးတယ်
"ဘာဖြစ်လို့လဲမြေးလေး"
"မောင်....မောင်ကားတိုက်မှုဖြစ်လို့တဲ့"
"ဘယ်....ဘယ်လို"
သူ့ရင်ဘက်သူကိုင်ကာလဲကျမလိုဖြစ်သွားတဲ့အဖွားကိုအရုပ်ကူထိန်းပေးလိုက်ရင်း
"ဖွား...ဖွား သတိထားဦးလေ"
"လာကြစမ်း! အဖွားမေ့လဲသွားလို့"
သူအော်သံကြောင့် အိမ်အကူနှစ်ယောက်ပြေးထွက်လာတယ်
"သခင်မကြီး နှလုံးဖောက်တာဘဲ"
"ဆေးရှိလား "
"ဟုတ်....ဟုတ်"
"မြန်မြန်သွားယူခဲ့"
အိမ်အကူမလေးတစ်ဦးကအိပ်ခန်းထဲချက်ချင်းပြေးဝင်သွားတယ်
အဖွား သည် သတိလုံးလုံးမေ့သွားတာမဟုတ်ဘူး
အမောဖောက်သလိုဖြစ်ကာစကားမပြောနိုင်ဘဲအသက်လုရှုနေရတာ"ဆေးရပါပြီ"
သူဆေးကိုယူလိုက်သည်ပြီးနောက်
စားပွဲပေါ်မှာအသင့်ရှိနေတဲ့ရေနဲ့အဖွားအားဆေးသောက်ခိုင်းလိုက်သည်"ဖွား ...နေသာရဲ့လား"
အဖွားမှာသူ့အားစကားပြန်မပြောနိုင်
"မိညို အဖွားကိုအခန်းထဲကူပို့ပေးပါဦး ကျွန်တော်သွားစရာရှိသေးလို့"
ထို့နောက်အရုပ်သည် အဖွားအားသေချာအနားယူနိုင်အောင်ပြုလုပ်ခဲ့ပြီးမှ ဧကရာဇ်ရောက်နေသည်ဆိုသောဆေးရုံကိုသွားလိုက်သည်
ဆေးရုံရောက်တော့ သူနာပြုလေးတစ်ဦးအား ကားတိုက်မှုနဲ့ရောက်လာတဲ့လူနာဘယ်မှာရှိလဲဟုမေးလိုက်သည်
![](https://img.wattpad.com/cover/336961082-288-k855722.jpg)