part 27

3.4K 145 4
                                    

သက်ရှိအရုပ်
အပိုင်း၂၇

ဧကရာဇ်သည်အချိန်အတော်ကြာငိုပြီးပင်ပန်းသွားတယ်ဖြစ်မယ်
ပြန်အိပ်ပျော်သွားတော့သည်
ဧကရာဇ်အိပ်ပျော်သွားတာသေချာမှ အရုပ်တစ်စုံတစ်ယောက်ထံဖုန်းဆက်ခဲ့သည်

"အခြေအနေဘယ်လိုလဲ"

"သခင်လေးခိုင်းထားတဲ့အတိုင်းအကုန်အဆင်ပြေပါတယ် "

"ကောင်းပြီ တစ်ခုစုံစမ်းပေးဦး"

"ဘာများဆောင်ရွက်ပေးရမလဲ"

"ငါ့ခင်ပွန်းကိုဒုက္ခပေးချင်နေတဲ့သူကိုစုံစမ်းပေး အဓိကလူကိုလိုချင်တယ် သူခိုင်းခဲ့တဲ့လူတွေကိုကရှင်းလိုက်"
ထိုစကားကိုပြောတဲ့အချိန် အရုပ်ဟာရက်စက်လွန်းသည့်အငွေ့အသက်တွေထုတ်လွှတ်နေသည်
ရာရာစစခန့်ညားရဲ့လူကိုလာထိရဲတယ်

"ကောင်းပါပြီ သခင်လေး"
သူဖုန်းချပြီးတော့အခန်းထဲပြန်ဝင်လာသည် ပြီးမှ ဧကရာဇ်လက်အားကိုင်ရင်းအိပ်စက်ရန်ပြင်တော့သည်
သို့ပေမဲ့တောင်တွေးေမြာက်တွေးမို့အတော်နှင့်အိပ်မပျော်ခဲ့ပေ

××××××××××××××××××××××××××××××××
နောင်ပိုင်သည် နာကျင်မှုတွေနှင့်အတူနိုးထလာသည်
အကြောင်းမှာနိုင်းနှင့်အတူအိပ်စက်ခဲ့ခြင်းကြောင့်ပင်

ညကသူတို့နှစ်ယောက်အတူတူအရက်သောက်ခဲ့ကြသည်
မူးလာတဲ့နိုင်းဟာတစ်ကယ့်ကိုအမူးပါးလေး

အရင်တစ်ခါကသူအောက်မှာနေခဲ့ရတယ်
မကျေနပ်ဘူး အခုအပေါ်ကနေမယ်ဆိုပြီး  နောင်ပိုင်ကိုခုန်အုပ်သွားလေတယ်

နောင်ပိုင်ခဗျာ ချစ်ရသူအတွက်အကုန်လိုက်လျောခဲ့တာပေါ့

"အီးဟီး!!... အဟင့်!"

တအိအိငိုနေတဲ့နိုင်းကြောင့်နောင်ပိုင်မှာသက်ပြင်းချရင်း....
"နိုင်းရာ ဘာလို့ငိုပြန်တာလဲကွာ..."

"နောင်ပိုင်...."

"ပြောလေနိုင်း..."

"ငါ့အိမ်က လက်ထပ်ပေးတော့မယ်"

နောင်ပိုင်ခေါင်းတည့်တည့်မိုးကြိုးပစ်ချခံလိုက်ရသလိုပင်
သူ...သူအခု နိုင်းကိုဆုံးရှုံးရတော့မှာလား

"ဘယ်တုန်းကပြောတာလဲ"

"စောနကဖုန်းဆက်တာ အခုပြန်လာခဲ့တဲ့ မင်းနဲ့လက်ထပ်ပေးမဲ့သူရဲ့မိဘတွေရောက်နေတယ်တဲ့လေငါ လက်မထပ်ချင်ဘူးနောင်ပိုင်"

ထိုအခါနောင်ပိုင်ခေါင်းထဲအတွေးတစ်ခုဝင်လာတယ်
"နိုင်း..ငါတို့ချစ်သူတွေဟန်ဆောင်ပြီးသွားတွေ့ကြရင်ရော မင်းကိုလက်ထပ်ချင်နေတဲ့ကောင်မလေးလက်လျှော့သွားမယ်ထင်တယ်"

"ဟုတ်သားဘဲ  "

ထို့နောက်နှစ်ယောက်သားအစီစဥ်သေချာချပြီးနိုင်းမိဘတွေကိုသွားတွေ့ကြတယ်
သူတို့အိမ်ရောက်တော့နိုင်းမိဘတွေကိုမတွေ့ဘူး
ဧည့်ခန်းမှာတော့ခပ်ချောချောအမျိုးသမီးတစ်ဦးထိုင်နေသည်
ဒါ နိုင်းလက်ထပ်ရမဲ့အမျိုးသမီးဖြစ်လိမ့်မည်

သူတို့နှစ်ယောက် တစ်ယောက်လက်တစ်ယောက်တင်းတင်းကိုင်ကာ ထိုအမျိုးသမီးဆီသွားလိုက်တယ်
"ကျွန်တော်တို့နှစ်ယောက်က ချစ်သူတွေ ခင်ဗျားနဲ့လက်မထပ်နိုင်ဘူး"

နိုင်းရဲ့စကားကိုနောင်ပိုင်ကထောက်ခံကာ
"ဟုတ်တယ် ကျွန်တော်တို့နှစ်ယောက်ကသိပ်ချစ်တာ ဒါကြောင့် ညီမဘက်ကလက်လျှော့ပေးပါ"

သူတို့စကားကြောင့် ရှေ့ကအမျိုးသမီးငယ်ကအံ့သြကာကြည့်နေတယ်

ထိုအချိန်သူတို့နောက်ကျောဘက်မှ သားတို့ဟူသောအသံ​လေးသံထွက်ပေါ်လာသည်
အသံလေးသံပိုင်ရှင်များမှာ နောင်ပိုင်နဲ့နိုင်းရဲ့မိဘတွေပင်

"ပါး...မား ဘယ်လိုလုပ်ရှိနေတာလဲ"

"သားလက်ထပ်ဖို့ကိစ္စလာဆွေးနွေးတာ"
နောင်ပိုင်မျက်လုံးတွေပြူသွားတယ်
လက်ထပ်ဖို့လာဆွေးနွေးတာဟုတ်လား ဘာကိုဆိုလိုတာလဲ

"သားတို့ရင်းနှီးတာသိပေမဲ့ လက်ထပ်ဖို့ငြင်းကြမယ်ထင်တာ အခုချစ်သူတွေဖြစ်နေတယ်ဆိုတော့နေရာကျလိုက်တာကွယ် "

ထိုစကားကြားတော့ နိုင်းနဲ့နောင်ပိုင်အရှင်းကြီးသဘောပေါက်သွားတယ်
သူတို့မိဘတွေကသူတို့နှစ်ယောက်ကိုလက်ထပ်ပေးဖို့စီစဥ်နေတာတဲ့ 'သောက်ကျိုးနည်း!'


သက်ရှိအရုပ်(the end)Where stories live. Discover now