သက်ရှိအရုပ်
အပိုင်း၂၀"ဘာနေ့လဲ သိဘူး"
ထိုစဥ်တိုက်ခန်းတစ်ခုလုံးအမှောင်ကျသွားတယ်ရုတ်တရက်ဆိုတော့ နိုင်းမှာလန့်သွားကာ
"နောင်..နောင်ပိုင်"
သူခေါ်ပေမဲ့ပြန်ထူးသံမကြားရပေ
အချိန်အတော်ကြာတဲ့ထိလည်းလှုပ်ရှားသံမကြားရဘူး" Happy birthday နိုင်း"
နောင်ပိုင် ကိတ်မုန့်ကလေးကိုင်ကာအခန်းထဲပြန်ဝင်လာလိုက်တယ်
မှောင်နေတဲ့အခန်းထဲ မှိန်ပျပျမီးရောင်ကလေးထွန်းလင်းလာတယ်နိုင်းရင်ထဲအတိုင်းမသိနွေးထွေးမှုလေးခံစားလိုက်ရတယ်
သူ...သူတောင်သတိမရတဲ့မွေးနေ့ကို နောင်ပိုင်ကအမှတ်ရပေးသည်တဲ့
တစ်စုံတစ်ယောက်ကကိုယ့်ကိုအမြဲသတိတရရှိနေပေးတယ်ဆိုတဲ့ခံစားချက်ကကောင်းလိုက်တာ"ကဲ ကိုယ့်ရဲ့မွေးနေ့ရှင်လေးလိုရာဆုတောင်းလိုက်ပါဦး"
နိုင်းမျက်လုံစုံမှိတ်ပြီးဆုတောင်းလိုက်သည်
နောင်မွေးနေ့တိုင်းမှာလည်းနောင်ပိုင်ရှိနေပေးပါတဲ့လေမျက်စိမှိတ်ကာအလေးအနက်ဆုတောင်းနေတဲ့ချစ်ရသူမျက်နှာလေးကိုနောင်ပိုင်မှာကြည့်မဝ
တစ်ချို့အချစ်တွေကဖွင့်ပြောလို့မသင့်ဘူးမလား ဒီတိုင်း...ဒီတိုင်းလေးဘဲငေးကြည့်ပါတော့မယ်
မပိုင်ဆိုင်ရတောင်ငေးကြည့်ခွင့်ရသည်ကသူ့အတွက်ဆုလာဘ်ပါ"ဆုတောင်းပြီးပြီ "
"ကိုယ်မီးဖွင့်လိုက်မယ် မီးအရင်မှုတ်ရင်မှောင်သွားမှာစိုးလို့"
မီးဖွင့်ပြီးတာနဲ့နှစ်ယောက်သား စားပွဲမှာထိုင်လိုက်တယ်
"ကဲအခုတော့ ဒီမွေးေန့ရှင်ကတစ်ဦးတည်းသော ဧည့်သည်ကိုကိတ်မုန့်ခွန့်ကျွေပါတော့မယ် ဟဲဟဲ "
နိုင်းဟာလူယုတ်မာအပြုံးနဲ့ကိတ်မုန့်ကိုမခွန့်ဘဲနောင်ပိုင်မျက်နှာအား ခရင်တွေနဲ့သုတ်လိုက်တော့တယ်
"မင်းကစတယ်ပေါ့လေ"
နောင်ပိုင်ကလည်းအားကျမခံကိတ်မုန့်ခရင်တွေကိုယူပြီးနိုင်းအားလိုက်သုတ်တော့တယ်