အပိုင်း ၁

874 38 0
                                        

" မားကလည်း သားတစ်ယောက်ထဲအပြင်သွားလည်းဘာဖြစ်သွားမှာကျနေတာဘဲ "

ဂျယ်မင်းတစ်ယောက်တည်းအပြင်သွားချင်တာကိုမလွှတ်လို့လူက "မရှည်တဲ့ စိတ်ကိုဆွဲဆန့်လို့ကိုမရတော့ဘူး " အလိုလိုနေမှလူက စိတ်ညစ်နေပါတယ်ဆို ရှည်ရှည်ဝေးဝေးတွေပြောပီး အချိန်တွေ ပုပ်အောင်လုပ်နေကျတယ် ။

" နာနာရယ် သားငယ်လေးတစ်ယောက်ထဲမားစိတ်မချပါဘူး သား ပါးပါးကလည်းသားတစ်ယောက်ထဲကိုလွှတ်မှာမဟုတ်ဘူးလေ ''

" ငယ်လေးရယ် Bodyguard တွေနဲ့သွားဆိုတော့လည်းမသွားဘဲနဲ့ မမစိတ်မချပါဘူး "

ဂျယ်မင်းရဲ့အမ​ဖြစ်သူ yunaမှာစိတ်မချနိုင်လွန်းလို့ဝင်ပြောရသည်။ ဟုတ်သည်လေကိုယ့်မောင်လေးက မိန်းမရော ယောကျာ်းရောကပါ လိုချင်နေကျတာ မတားလို့မှမရဘဲလေ။

"အို မမကလည်း ကိုယ့်ကလည်းယောကျာ်းလေးတစ်ယောက်ဘဲကို ဘာလို့သူတို့ကိုအမြဲတမ်းခေါ်နေရမှာလည်း ဒါကလည်း အပြင်လေးခနသွားမှာဘဲကို ဘာတွေစိတ်မချစရာရှိလို့လဲ "

" နာနာရယ် အဲ့တာဆိုလည်း အိမ်ကခြံစောင့်ကို ခေါ်သွားလိုက်နော် မားမားသားငယ်လေးက လိမ်မာပါတယ်"

ဂျယ်မင်းအမေ့မှာမရတဲ့အဆုံး ချော့ပြောရတော့သည်။ ကိုယ့်သားငယ်လေး မျက်နာတစ်ချက်ပျက်မှာတောင်ကြောက်နေရသည်လေ။ ကိုယ့်မှာသားငယ်လေးကိုမွေးလာတည်းက ပိုးလို့ဥထားရတာ။သားယောကျာ်းလေး မရနိုင်ဘူးထင်ထားတဲ့ကိုယ့်နဲ့ကိုယ့်ယောကျာ်းက ဂျယ်မင်းနီးလေးကိုရလာခဲ့တည်းက အထိအခိုက်ကိုမခံတော့ သားငယ်လေးက ယောကျ်ားလေးလို့တောင်မထင်ရလောက်အောင် ချစ်ဖို့ကောင်းနေတော့သည်။

'' အဲ့တာဆိုလည်း ပီးတာဘဲ ပါးပါးကိုတော့ မားမားနဲ့မမပြန်မ​ပြောနဲ့နော် မဟုတ်လို့ကတော့ တစ်အိမ်လုံးကို စကားမပြောတော့ဘူး ''

ဂျယ်မင်းလေးကလည်းအိမ်ကအလိုလိုက်ထားတော့လည်း တစ်အိမ်လုံးကိုနိုင်စားဖြစ်နေတော့သည်လေ။ ဂျယ်မင်းမှာက အမနှစ်ယောက်ရှိသည်။ အကြီးမက yuna ဖြစ်ပီး အလတ်မက yeonna ဖြစ်သည်။ အမအလတ်မှ​​ေတာ့နိုင်ငံခြားမှာပညာတော်သင်သွားနေလို့သာ ဒီမှာမရှိတာဖြစ်သည်။ဂျယ်မင်းလေးကတော့ သူတို့မိသားစုပိုင်တဲ့ ကျောင်းမှာဘဲတက်နေရတာဖြစ်သည်။

You're my Perfect [Complete ]Where stories live. Discover now