အပိုင်း ၃၃

330 21 2
                                        


''အခုမှဘဲ လွတ်လပ်တော့တယ်''

ဂျယ်မင်း ထိုအိမ်ကြီးနဲ့ဝေးရာကိုခနလောက်လေးထွက်ခွာလာရတာကိုပင် ပျော်နေမိသည်။ဂျဲနိုကားကိုဂရုတစိုက်မမောင်းနိုင်ဘဲ ဘေးနားကသူအချစ်ကလေးကို ကြည့်ကြည့်မိနေ၏။ဘာတွေတွေးပြီးများပျော်နေသလည်းမသိပေမဲ့....ဂျဲနိုမှာအလုပ်တွေခနဆိုင်းထားရကာသူလေးခေါ်ရာနောက်လိုက်ခဲ့ချင်းပင်။အခုတော့ဖြင့် မနက်ထဲက ကိုယ့်ကိုအနမ်းတစ်ပွင့်လေးတောင်မပေးဘဲပလစ်ထားတဲ့ ထိုကောင်လေးကိုသိပ်မကြည်ချင်ပေမဲ့.....ကားအပြင်ဘက်က ရူခင်းတွေကိုလိုက်ကြည့်နေပုံလေးကချစ်စရာကောင်းနေသောကြောင့် ဂျဲနိုသူလက်တစ်ဖက်နဲ့ထိုကောင်လေးဆံပင်အုပ်လေးတွေကိုလှမ်းဖွလိုက်သည်။

''ကျစ်!! ဆံပင်ပုံပြတ်သွားအောင်လို့ခင်ဗျားကတော့''

အရင်ကလည်းထိုသို့လုပ်နေကြဘဲကို အခုမှပဲတွေဇွတ်များချင်နေသောကောင်လေးကို ဂျဲနိုမကြည့်ကြည့်နဲ့ကြည့်လိုက်တော့ သူကိုနှုတ်ခမ်းလေးစူကာမျက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်လုပ်ကာပြောလာ၏။

''ခင်ဗျားနဲ့ Dateရသလိုလေးအပြင်ထွက်လည်ရလို့၊ပျော်နေတာပါ''

''ဪ....ဒီကကောင်ကြီးကပျော်မနေဘူးဆိုတော့''

''သိတာပေါ့လို့....ခင်ဗျားလည်းပျော်တယ်မလား၊ဒါပေမဲ့ ဟယ်ချန်းတို့ကိုဝင်ခေါ်ရအုံးမယ်''

ဂျဲနိုသူအချစ်စကားကိုမနှစ်သက်စွာ မျက်မှောင်ကြုံ့လိုက်သည်။ဘာကိစ္စထိုအတွဲက နေရာတကာပါချင်နေရလည်းမသိပေ။နှစ်ယောက်ထဲအေးဆေးနေချင်သည်ကို အခုလိုအရှုပ်ထုတ်တွေပါကိုယ့်ကတပြန်တကူးတက သူတို့condoထိဝင်ခေါ်ပေးရအုံးမည်။

''အချစ်ကလည်း ကိုယ့်တို့ကအေးဆေးDateမှာကို ကျစ်!!''

''ဘာလည်းမနေ့ညက ခင်ဗျားကိုပြောထားတယ်လေ၊ကျွန်တော်သူငယ်ချင်းဘဲပါမှာမဟုတ်ဘူး ခင်ဗျားသူငယ်ချင်းလည်းပါနေတာဘဲကို''

''အင်းပါ အချစ်စိတ်တိုင်းကျဖြစ်စေရပါမယ်''

ရွှတ်!!

''လိမ်မာလို့ ဆုချတာ''

သူရဲ့ပါးကိုအမှတ်မထင် ထိုကောင်လေးကနမ်းသွားပြီးဂျဲနိုရဲ့ခေါင်းကိုလည်း တစ်ချက်ပုတ်ကာလိမာလို့ဆုချသည်တဲ့။

You're my Perfect [Complete ]Where stories live. Discover now