အပိုင်း ၃၉

271 20 3
                                        


ဂျယ်မင်း အခန်းထဲကိုပြန်ရောက်တော့ကုတင်ထက်က သူဖုန်းကိုအမြန်ရှာကာ ခေါင်းအုံးအောက်ကဖုန်းကိုဆွဲယူ၍ဟယ်ချန်းကိုဖုန်းဆက်လိုက်သည်။လက်သည်းထိပ်လေးတွေကိုလည်း ဂျယ်မင်းစိတ်လှုပ်ရှားစွာကိုက်နေမိ၏။ခင်ဗျားသာ ကျွန်တော်အနားမှာရှိနေရင် သိပ်ကောင်းပါဘဲ။အဲ့လိုသာဆို ကျွန်တော်ခင်ဗျားရင်ဘက်ကို ထုရိုက်ပြီးငိုပစ်မိ့မယ်ထင်တယ်နော်။

''ဟယ်လို ဂျယ်မင်း''

''ဟယ်လို ဟယ်ချန်း၊မင်းသူကိုတွေ့ပြီလား''

ဂျယ်မင်း ထိုသို့မေးလိုက်တော့တစ်ဖက်ကသက်ပြင်းချသံကိုကြားလိုက်ရသည်။ခင်ဗျားစကားကို ကျွန်တော်နားမထောင်မိလို့ တောင်းပန်ပါတယ်။ဂျယ်မင်း ဒီအတိုင်းသာဆက်နေနေရင် ရူးတော့မည်ဖြစ်သောကြောင့် ဟယ်ချန်းရဲ့အကူအညီကိုသုံးကာထိုလူကိုရှာနေသည်က တစ်ပတ်မကတော့ထိုသက်ပြင်းချသံကိုနားထောင်ယုံနဲ့ ထိုလူကိုမတွေ့သေးဘူးဆိုတာသေချာသလောက်ပင်။

''ငါလူတွေကိုရှာခိုင်းပေမဲ့ အခုထိတော့မတွေ့သေးဘူး၊နောက်ပြီး ကိုကိုကလည်းကြာတော့စိတ်ပူနေပြီနဲ့တူတယ်သူကိုယ့်တိုင်ဝင်ပါနေပြီ ဂျယ်မင်း''

''ဒါ.....ဒါဆိုMark hyungကိုအဲ့လူသွားတတ်တဲ့နေရာတွေကို ရှာကြည့်ခိုင်းလိုက်လေ ဟယ်ချန်း''

''ရှာကြည့်ပြီးပြီ ဒါပေမဲ့မတွေ့ဘူး''

ဟယ်ချန်းစကားကြောင့် ဂျယ်မင်းကုတင်ခြေရင်းမှာထိုင်ချကာ ငိုမိ၏။ခင်ဗျား ကျွန်တော်ဆီကနေထွက်ပြေးသွားတာလား။မဟုတ်ရင်လည်း ပြန်လာခဲ့ပါတော့လား.....ကျွန်တော်အခုလိုပူလောင်မှုကြီးကိုမခံစားနိုင်လို့ပါ။ဂျယ်မင်းလက်ထဲက ဖုန်းကိုနားအနားပြန်ကပ်ကာပြောလိုက်သည်။

''ငါ....ကနေဒါကိုသွားရမယ် ဟယ်ချန်း''

''ဟင် ဘယ်နေ့လည်း၊ဘာလို့သွားရမှာလည်း''

''မသိဘူး ငါမသိဘူးဟယ်ချန်း၊ပါးက ငါကိုကနေဒါမှာပြောင်းနေရဖို့စီစဥ်ပြီးနေပြီ......ကျောင်း....ကျောင်းကိုလည်းအဲ့မှာဘဲဆက်တတ်ရမယ်တဲ့၊ငါအဲ့လူကိုမတွေ့ရသေးဘဲနဲ့မသွားချင်ဘူး၊တကယ်၍များ ပြန်တွေ့ရလို့အဲ့လူကငါကိုတကယ်မချစ်ခဲ့ဘူးဆိုရင်လေ.....ငါ....ငါပါးစီစဥ်ထားတဲ့အတိုင်းကနေဒါကိုသွားမှာ ဟင့်''

You're my Perfect [Complete ]Where stories live. Discover now