အပိုင်း ၁၇

286 27 4
                                    


''ဂျဲနိုhyung ပြောစရာရှိလို့''

ဂျဲနိုက သူတို့နှစ်ယောက်ထက် အသက်ပိုကြီးသောကြောင့် အနည်းငယ်တော့ရိုသေသင့်သည့်မဟုတ်လား။

''ငါကဆေးလိပ်သောက်နေရင် နှောက်ယှက်တာမကြိုက်တာမင်းတို့သိထားသင့်တယ်''

သူတို့နှစ်ယောက်ပြောတာကိုဂရုမစိုက်စွာ ပြောလာသံကဒူးတုန်သွားချင်စရာကောင်းလောက်အောင် အေးစက်ပါသည်။သူတို့နှစ်ယောက်လုံး ဂျဲနိုhyungကိုကြောက်ပေမဲ့ ပြောရမည်သာ။

''hyung ဆေးလိပ်သောက်နေတာကိုနှောက်ယှက်မိ့သွားရင် တောင်းပန်ပါတယ်၊ဒါပေမဲ့လေ ကျွန်တော်တို့နှစ်ယောက် အကိုလေးကိုကျောင်းသွားခေါ်တာလေ....''

စကားစကိုခနရပ်လိုက်တော့ ဂျဲနိုဆီမှစကားသံထွက်လာသည်။

''အင်း....ဆက်ပြော''

သူတို့ပြောနေတာကိုနားထောင်နေသောကြောင့် ဒေးဗစ်သတွေးတစ်ချက်မြိုချပြီးဆက်ပြောလိုက်သည်။

''ဒါပေမဲ့အကိုလေးက အိမ်တော်ကိုပြန်မလိုက်ဘဲ၊သူ့သူငယ်ချင်းcondoကိုပို့ခိုင်းလို့ ကျွန်တော်တို့လည်းပြောလို့မရလို့လိုက်ပို့ပေးခဲ့ပင်မဲ့၊အိမ်တော်ကိုပြန်မခေါ်လာခဲ့ရင်....''

''တော်တော့....ပြောချင်တာကမင်းတို့အသုံးမကျလို့၊အခုငါကသူ့ကိုပြန်သွားခေါ်ပေးရမှာမလား''

''ဟုတ်ပါတယ် hyung''

''ဒါနဲ့ မင်းတို့နှစ်ယောက်နာမည်က....''

ဂျဲနိတစ်ခါမှ ဒီလိုအူတူတူကောင်တွေကိုမမြင်ဖူးလို့မေးလိုက်ချင်းသာ။သူ့သူငယ်ချင်း*Lee Mark *လိုလူကိုတော့သူမြင်ဖူးပေမဲ့ပေါ့။

''ဪ...ဟုတ် ကျွန်တော်နာမည်က ဒေးဗစ်၊သူက ဂျွန်''

''အင်းဟုတ်ပီ၊ဒါနဲ့ ဒေးဗစ်.....''

စကားစကိုရပ်ကာ သူတို့နားကိုလျှောက်လာသော ဂျဲနိုကြောင့်နှစ်ယောက်လုံးနောက်ကို ခြေလှမ်းနှစ်လှမ်းလောက်ဆုတ်မိသွားသည်ထင်။ဒီသွေးအေးလူသားက သူတို့နှစ်ယောက်လုံးကိုဒီမှာတင် အသက်ပျောက်ပစ်လို့ရသည်အထိဖြစ်သည်။ဒီနေ့ရာကကလည်း ဂိုဏ်းရဲ့ အတွင်းခန်းတစ်ခုမဟုတ်ပါလား။ဂျဲနိုရှေ့ကိုတိုးလာသည်ဆိုတာနဲ့ နောက်ကိုဆုတ်သွားသောကောင်လေးနှစ်ယောက်ကြောင့် မျက်မှောက်တို့ကိုကြုံ့ပစ်လိုက်သည်။ဒီလို့တွေကြောက်ပြနေသည်က တစ်ဖက်လူအတွက်နိုင်ကွက်ပင်။

You're my Perfect [Complete ]Where stories live. Discover now