အခန်းတံခါးပွင့်၍ ဝင်ရောက်လာသောသူကမမြင်ချင်မတွေ့ချင်သည်သူဖြစ်နေတာမို့ ဂျယ်မင်းစိတ်ပျက်သွားရပေမဲ့ တခဏထိုလူဆီကအကြည့်မလွှဲနိုင်ဖြစ်သွားရသည်က.....အရင်ကတွေ့ဖူးနေကြ မဝတ်တတ်မစားတတ်မပြင်မဆင်တတ်နှင့် ဖြစ်သလိုနေခဲ့သည့် ထိုလူယုတ်မာက အခုများမှာတော့ အရင်နှင့်တခြားစီ သပ်ရပ်သန့်ရှင်းပြီးခန့်ညားမှုက ထိုသူ့ရဲ့ချောမောပြေပြစ်တဲ့ မျက်နှာသွင်ပြင်ကို ပေါ်လွင်သွားစေသည်။နောက်ထိုသူ့ရဲ့ ချောမောသည့်ဟန်ပန်ကပြောစရာပင်မလိုလှစွာ BodyGuard လို့ပင်ထင်ချင်စရာပင်မရှိချေ။ suitအနက်ရောင်ကလည်း ထို့သူရဲ့ ခန္ဓာကိုယ်ကိုပေါ်လွှင်စေသည်။သို့သော်..... ဂျယ်မင်းနှုတ်ခေါင်းလေးကိုရှုံ့လိုက်သည်။
လူကသာခန့်ညားသွားပေမဲ့ စိတ်ဓာတ်ကတော့ယုတ်မာလိုက်တာလွန်ရော။
''မင်းနဲ့မဆိုင်ပါဘူး''
''ငါကမင်းကိုအနီးကပ်ထိန်းကျောင်းပေးရမဲ့လူ.....မင်းစိတ်ဓာတ်တွေကိုလည်းပြုပြင်ပေးရအုံးမယ်.....မင်းကအတော်ရိုင်းတာဘဲ.....အပြစ်ပေးမခံရသေးလိုနဲ့တူတယ်
ဟိုနေ့ညကလို အပြစ်ပေးထပ်ခံချင်နေတာလားကြောင်ပေါက်...''
ဂျဲနိုမျက်ခုံးတစ်ချက်ပင့်ကာပြောတော့ ဂျယ်မင်းပြာပြာသလဲပြန်ပြောလိုက်မိ၏။
''မင်း...ကျစ်! ငါဒီလိုပဲပြောတတ်တယ်..နောက်ပြီးဒါငါ.ရဲ့အကျင့်ဘဲ..သူ့တို့ကငါအခိုင်းအစေ၊ငါသူ့တို့ကိုပြန်ပြီးရိုရိုသေသေဆက်ဆံပေးနေရမှာလား၊စိတ်ပျက်စရာ..''
ဂျဲနိုစိတ်ပျက်စွာဘဲဂျယ်မင်းကိုကြည့်လိုက်သည်။ထိုကောင်လေးဟာ ပြည့်ပြည့်စုံစုံနဲ့ကြီးပြင်းလာတော့ လူတွေရဲ့စိတ်ကိုလည်းနားမလည်ပေ။
''ဒီနေ့ကစပြီး ငါမင်းရဲ့အဲ့လိုအကျင့်တွေကိုပြင်ပေးမယ်
မင်းလူတွေရဲ့ ချစ်ခင်ပေးမှုတွေ၊ကိုယ့်ကိုအလေးပေးပြီးဆက်ဆံပေးမှုတွေခံရရင်....ဘယ်လောက်တောင်ပျော်ရွှင်ပြီးပီတိဖြစ်ရလည်းဆိုတာသိလာမှာပါ''
ဂျဲနိုပြောတော့ ဂျယ်မင်းမခံချင်စိတ်လေးနဲ့ပြန်ပြောမိသည်။သူအတွက်ထိုအရာတွေမလိုအပ်ပေ။အပေါ်ရံတွေနဲ့ ချယ်လှယ်ထားတဲ့ စိတ်တွေကို ဂျယ်မင်းမခံယူချင်ပေ။နောက်ပြီးလူတွေကသူ့ရဲ့ချမ်းသာကြွယ်ဝမှုကြောင့်သာ သူအပေါ် ကိုကောင်းနေချင်းဘဲဖြစ်မည်သာ။
YOU ARE READING
You're my Perfect [Complete ]
Kısa Hikayeစတွေ့တဲ့အချိန်တုန်းက တစ်စက်ကလေးမှကြည့်မရခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ မင်းကိုကြည့်မဝတော့ဘူးအချစ်ရယ်... ♡ Jeno
![You're my Perfect [Complete ]](https://img.wattpad.com/cover/337596731-64-k532583.jpg)