''ဟယ်လို ဟယ်ချန်း''''ပြော''
ဂျယ်မင်း အိမ်မပြန်တာမို့ဟယ်ချန်းကိုဖုန်းဆက်ကာ အကူညီလှမ်းတောင်းရပြန်သည်။
''ငါကို မင်းဒယ်ဒီHotelကအခန်းတစ်ခန်းရအောင်လုပ်ပေးထား''
''ဟ.....အခုအချိန်ကြီးကို''
ဟယ်ချန်းပြောတော့ ဂျယ်မင်းလက်ကနာရီကိုကြည့်လိုက်တော့ အခုမှည8နာရီခွဲသာရှိသေးသည်။လမ်းမှာကားကရုတ်တရပ်ထိုးရပ်သွားပြန်တာမို့ ဒီအချိန်ဖြစ်နေရချင်းသာ။
''မင်းနားမှာနာရီရှိရင် မျက်လုံးနဲ့သေချာကြည့်ကြည့်အုံး''
ဟယ်ချန်းလည်း တစ်ဖက်ကဂျယ်မင်းစကားကြောင့် အယောင်ယောင်အမှားမှားနဲ့ကုတင်ပေါ်ကနေနာရီရှာကြည့်မိနေသေးသည်။နောက်မှသတိရတယ်.....သူcondoမှာနာရီနဲ့တူတာဆိုလိုတစ်ခုတောင်မရှိပေ။
''ေ-ာက်ရူးကောင် ချီးဖြစ်လို့တိတ်သွားတာလား၊ရူးကြောင်ကြောင်နဲ့နာရီရှာမနေနဲ့အုံး''
''ကျက်သရေမရှိလူကိုလာဆဲမနေနဲ့ အခန်းရရင်ပြီးရောမလား''
''ဆဲတော့ဘာဖြစ်လဲ ခွေးကောင်၊ျီးလိုကောင်&@$@@!''
သူပြောလိုက်မှ ဂျယ်မင်းရဲ့မရပ်မနားပြောဆိုသံများကိုကြားရတော့သည်။ဟယ်ချန်းလည်းဂျယ်မင်းပြောသံများကိုမခံနိုင်စွာဖုန်းကိုချပြစ်လိုက်ပြီး ခေါင်းအုံးနဲ့ဂျယ်မင်းအမှတ်နဲ့ဖိထားပြစ်လိုက်၏။ဒီကောင်ဂျယ်မင်းရူးနေတာလား သူဘာသူHotelသွားလိုက်ပေါ့.....လူကိုအလုပ်ရှုပ်အောင်လို့....အားး ဟုတ်သားငါကိုသူကVIPအခန်းရအောင်လုပ်ခိုင်းတာကို.....။ဟယ်ချန်းလည်းခေါင်းအုံးနဲ့ဖိထားတဲ့ဖုန်းကိုပြန်ယူ၍ Hotelကိုဖုန်းဆက်လိုက်သည်။
.......................
''အခုဘယ်ကိုမောင်းရမှာလဲ''
''ခနလေး''
ဂျယ်မင်းလည်း ဟယ်ချန်းဖုန်းထပ်ဆက်မှာကိုသာစောင့်နေလိုက်သည်။မကြာပါ ဖုန်းဆက်ကာဆူအောင်အောင်လေသံနဲ့ရပြီလို့ပြောလာသော ဟယ်ချန်းကြောင့် ဂျယ်မင်းပြုံးလိုက်မိသည်။ဟယ်ချန်းသူကိုစိတ်ဆိုးသွားသည်ဘဲ။
![](https://img.wattpad.com/cover/337596731-288-k532583.jpg)
YOU ARE READING
You're my Perfect [Complete ]
Короткий рассказစတွေ့တဲ့အချိန်တုန်းက တစ်စက်ကလေးမှကြည့်မရခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ မင်းကိုကြည့်မဝတော့ဘူးအချစ်ရယ်... ♡ Jeno