''အချစ်.....အိမ်ထဲဝင်ခဲ့တော့လေကွာ''
''လာပြီလို့.....ဟုတ် ကောင်းကောင်းစားပါမယ်နော်''
ဂျယ်မင်း လက်ထဲကမုန့်ဗန်းလေးကိုကိုင်ကာ မုန့်ကိုတကူတကလာပေးသည်ဘေးအိမ်က ကောင်မလေးကိုကျေးဇူးတင်စကားပြောကာ အိမ်ထဲကိုပြန်ဝင်လာလိုက်၏။တကယ်....ထိုလူကအပိုတွေသိပ်လုပ်သည်။မနက်ခင်းအစောSwitzerlandအေးချမ်းမှုက ဘာနဲ့မှလဲလို့မရအောင်နှစ်သက်ဖို့ကောင်း၏။အခုဆို သူတို့ဒီမှာပြောင်းရွှေ့နေထိုင်နေသည်က 6လကျော်7လလောက်တောင်ရှိနေပြီဖြစ်သည်။ထိုလူလည်း အရင်လိုပကတိပြန်ကျန်းမာလာကာ ခန့်ညားနေတုန်းပင်။
''ဒီနေ့သွားမယ်နော်.....နော်လို့''
ဂျယ်မင်း မီးဖိုချောင်ထဲမှာမနက်စာပြင်နေသည်ထိုလူကို နောက်ကနေသိုင်းဖက်ကာပြောလိုက်၏။ထိုလူက သိုင်းဖက်ထားသည်သူလက်တစ်ဖက်ကိုနမ်းရှိုက်ကာ ကော်ဖီဖျော်နေရင်းကနေပြောသည်။
''သွားကြမယ်လေ.....ဒီနေ့ကိုယ့်လည်းအားတယ်....ပစ္စည်းတွေကအကုန်ဝယ်ပြီးသားမလား''
''အင်း....ကလေးတွေကြိုက်လောက်မှာလေးတွေဘဲ ဟယ်ချန်းနဲ့ဟိုတစ်ခေါက်ကရွေးဝယ်ထားတာ''
''ဟယ်ချန်းတို့ဒီတစ်ခေါက် ကိုရီးယားပြန်တာကြာသလားလို့''
ဂျယ်မင်း ထိုလူကျောပြင်ကျယ်ကိုမှီတွယ်ကာပြောလိုက်၏။သူဘယ်လို့ဘဲနေနေပါစေ.....ထိုလူရဲ့လှုပ်ရှားမှုတွေကရပ်တန့်သွားချင်းမရှိပေမဲ့အနည်းငယ်တော့နှေးသွားပေသည်။
''ဟယ်ချန်း ဒယ်ဒီကဟယ်ချန်းကိုဒီကိုမပြန်ခိုင်းသေးတာတဲ့လေ''
ဂျဲနိုမနက်စာ အကုန်ပြင်ဆင်ပြီးပြီမို့ သူကိုနောက်ကနေဖက်တွယ်ထားသည်ကောင်လေးဖက်ကိုလှည့်လိုက်ပြီး ပြည့်ဖောင်းနေသည့်ပါးလေးကိုသူလက်နှစ်ဖက်ဖြင့်အုပ်ကိုင်လိုက်၏။နောက် သူအချစ်ရဲ့နှုတ်ခမ်းပါးလေးကိုဖိကပ်နမ်းကာပြောလိုက်သည်။
''ဟယ်ချန်းလိုက်ချင်နေမှာနော်.....အချစ်''
''ဟင့်အင်း....ဟယ်ချန်းကသူမလာဖြစ်သေးလို့ ကျွန်တော်ကိုဘဲသွားခိုင်းထားတာ....မနေ့ညကဖုန်းပြောတုန်းကလေ''
YOU ARE READING
You're my Perfect [Complete ]
Cerita Pendekစတွေ့တဲ့အချိန်တုန်းက တစ်စက်ကလေးမှကြည့်မရခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ မင်းကိုကြည့်မဝတော့ဘူးအချစ်ရယ်... ♡ Jeno
![You're my Perfect [Complete ]](https://img.wattpad.com/cover/337596731-64-k532583.jpg)