အပိုင်း ၂၀

327 23 0
                                        

တစ်ခါတစ်လေမှ ဆုံဖြစ်တဲ့မိသားစုမနက်စာ ထမင်းဝိုင်းလေးဖြစ်ပေမဲ့ ဂျယ်မင်းကြာကြာမနေချင်ပါ။ဒီလိုဆုံခြင်းကလည်း ပါးပါးကတစ်ခုခုပြောစရာရှိနေမှသာဖြစ်သည်။

''အဟမ်း ''

Mr.Na ချောင်းတစ်ချက်ဟန့်ကာ စကားစလိုက်သည်။

''ညနေ့ကျရင် ဂျောင်းဆူတို့မိသားစုနဲ့ Dinnerရှိတယ် ပြင်ဆင်ထားကြ''

''ဟုတ့်ကဲ့''

ပါးပါးစကားကို မားကတန်းတုန့်ပြန်သည်။ပါးပါးစကားများဟာ သွားကိုသွားရမည်လို့ အမိန့်ဆန်ဆန်သတိပေးစကားပင်။
ဂျယ်မင်းကတော့ ကြားလိုက်ရတဲ့စကားကြောင့် လူကသေချင်သွားသည်။ထပ်ပြီးအဲ့ခွေးသားလေးနဲ့ဆုံရအုံးမှာလား။

''ဂျယ်မင်းနဲ့လည်းမတွေ့ဖြစ်ဖူးမလား''

ပါးပါးက သူကိုကြည့်၍မေးလာသောကြောင့် ဂျယ်မင်းလည်းပါးပါးကိုမကြည့်ဘဲ ဖုန်းကိုသာကြည့်၍ပြန်ဖြေလိုက်၏။

''စိတ်ရှုပ်စရာတွေ မတွေ့ချင်ပါဘူး''

''ဂျယ်မင်း စကားပြောဆင်ချင်စမ်း!!''

ဂျယ်မင်းလည်းကြည့်လက်စဖုန်းကိုပိတ်လိုက်ကာ ထပ်ပြောလိုက်သည်။

''စကားပြောဆင်ချင်ရအောင် ပြောလိုက်တဲ့စကားထဲမှာမသင့်တော်တာဘာပါနေလို့လဲ''

ဂျယ်မင်းစကားကြောင့် ပါးပါးကဒေါသထွက်သွားသည်ထင်။

''မင်းနဲ့လက်ထပ်ရမဲ့သူဘဲ မတွေ့ချင်လို့မရဘူး ဂျယ်မင်း''

''လက်ထပ်မယ်ဆိုရအောင် ကျွန်တော်လက်ခံသေးလို့လား ၊ဟက်....ပါးပါးမဖြစ်နိုင်တာတွေသိပ်ပြောတာဘဲနော်''

ထိုအချိန်ထိုင်နေရင်းကနေ ပါးပါးကမတ်တပ်ရပ်ကာ ဂျယ်မင်းကိုလက်ညိုးထိုး၍ပြောတော့သည်။ပါးပါးကသူစကားတွေကို နာမခံရင်သိပ်မုန်းတယ်ဆိုတာ ဂျယ်မင်းသိသည်။ပါးပါးက အတ္တကြီးလည်းသိပ်ကြီးသည်။မောက်တာကတော့ သူသားဖြစ်တဲ့ဂျယ်မင်းတွင်လည်း အဲ့စိတ်ဓာက်ကတော့ရှိနေသည်ကိုတော့ ဂျယ်မင်းသိပါသည်။

''တောက်!! မြင်လားမင်းတို့တွေပစားပေးနေလို့ သူအဖေဖြစ်တဲ့ငါကိုတောင်ရိုင်းစိုင်းနေတာ၊ငါကမင်းကိုကောင်းစေချင်လို့ကွ''

You're my Perfect [Complete ]Where stories live. Discover now