အပိုင်း ၃၆

321 22 0
                                        


''အချစ်''

သူပခုံးကိုမှီတွယ်ကာ ခနလောက်မှေးလိုက်အုံးမယ်ဆိုတဲ့သူလေးက အသက်ရှုသံမှန်မှနိလေးနဲ့အိပ်ပျော်နေပြီဖြစ်သည်။စကားတွေအရမ်းပြောလိုက်ရတော့ သူအချစ်အရမ်းပင်ပန်းသွားသည်ထင်။ဂျဲနိုလည်း ဒီလိုပုံစံနဲ့အိပ်ပျော်နေသူလေး သက်တောင့်သက်သာမရှိမှာဆိုး၍ ထိုကိုယ့်လေးကိုဖြေးညင်းစွာပွေ့လိုက်ပြီး ထိုဖန်အိမ်လေးထဲကနေထွက်လာလိုက်သည်။သူပွေ့ထားရင်းကနေ သူအချစ်ကိုယ့်လေးဟာအနည်းငယ်လှုပ်သွားပေမဲ့ နိုးတော့နိုးမလာပေ။

''ဝိတ်တတ်လာတာဘဲ''

ဂျဲနိုထိုကိုယ့်ဘေးကိုပွေ့ထားရင်းကနေ တစ်ယောက်ထဲရေရွတ်မိ၏။အမြဲတမ်းထိတွေ့နေကြကိုယ့်လေးမို့ အပြောင်းအလဲလေးတစ်ခုကအစ သတိထားမိနေသည် ကတော့အဆန်းတော့မဟုတ်ပေ။သူအချစ်က ဂျဲနိုထင်ထားသည်ထက်ပိုနူညံ့တဲ့လူမျိုးပင်။သိပ်ဖော်ပြလေ့မရှိပေမဲ့ သူအချစ်ရဲ့စိတ်ထားလေးကအရမ်းကိုမှ သနားတတ်တဲ့အထဲပါပေသည်။နောက် အရမ်းဖြူစင်လွန်းတဲ့မျက်ဝန်းတွေ။လိမ်ဖို့ရန်အတွက်လည်းလွယ်ကူလွန်းလှတဲ့ နှလုံးသားပိုင်ချင်လေး။

ဖန်အိမ်လေးနဲ့အိမ်တော်နဲ့ကအနည်းငယ်လှမ်းသောကြောင့် ၁၀မိနစ်လောက်လမ်းလျှောက်ပြီးမှ အိမ်တော်ထဲကိုဂျဲနိုရောက်လာလေ၏။အိမ်တော်ရဲ့အရှေ့မှာ ဂိုဏ်းသားတစ်ချို့ရှိနေပေမဲ့ သူတို့နှစ်ယောက်ဆက်ဆံရေးကိုသိသင့်သလောက်သိနေကြသူတွေဖြစ်သောကြောင့် ဂျဲနိုသိပ်တော့ဂရုမစိုက်မိပေ။သို့ပေ ဧည့်ခန်းထဲကနေထွက်လာတဲ့Mr.Naနဲ့ဂျဲနိုထိတ်တိုက်တွေ့လိုက်ရသောကြောင့် ဂျဲနိုကျစ်ကနည်းစုတ်သပ်မိ၏။ဒီလူနဲ့တွေလိုက်ရတိုင်း သူအချစ်နဲ့ဝေးကွာရမည်ကိုပို၍ပို၍စိတ်ထဲလေးလံလာရတတ်သည်။

Mr.Naဟာ သူတယုတရပွေ့ထားတဲ့ဂျယ်မင်းကိုကြည့်ကာမေးလာ၏။

''သားငယ်နဲ့အပြင်သွားထားတာလား''

''မဟုတ်ပါဘူး ဖန်အိမ်ထဲသွားတာပါ၊ဒါပေမဲ့ ဂျယ်မင်းအိပ်ပျော်သွားလို့ပြန်လာတာ''

သူစကားပြောတာနည်းနည်းအထက်စီးဆန်နေသလိုဖြစ်နေရင်တောင် ပြင်မိမယ်မထင်ပေ။Mr.Naဟာသူအပြော ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ ဂျဲနိုပွေ့ထားတဲ့သူသားဖြစ်သူရဲ့မျက်နှာလေးကိုကြည့်ကာ ပြုံးလိုက်လေသည်။

You're my Perfect [Complete ]Where stories live. Discover now